12.6.2018
"တောင်းပန်ပါတယ်"
ဘာတွေကပြသနာဖြစ်စေလဲသူမသိပေမယ့်အရင်ဆုံး တောင်းပန်မိတယ် ငယ်ငယ်ထဲကနှုတ်ကျိုးခဲ့လို့ ဒူးထောက်ခိုင်းယုံနဲ့တင် အရာရာဟာအဆင်သင့် နှုတ်မှတောင်းပန်ပြီးသား
"မင်းကငါ့သားလို့တောင်မခေါ်ထိုက်ဘူး မင်းလုပ်ရက်တွေကသိပ်မှန်နေတယ်လို့ထင်နေလား"
စကားတွေကိုတစ်လုံးချင်းသွေးအေးစွာပြောနေပုံအရ hyunjin ထပ်ပြီးဘယ်လိုအရာလက်လျော့ရဦးမလဲဘာအကြောင်းကြောင့်ခုလိုပြောနေရသလဲဆိုတာကိုပါတစ်ချိန်ထဲစဉ်းစားကြည့်နေခဲ့တယ်
"ပြန်ဖြေဖို့ထိတောင်မင်းမှာစကားမရှိတော့ဘူးလား?"
နှုတ်ဆိတ်နေလို့မရတော့တဲ့အခြေအနေတစ်ခုမှာ သူမှမပြောရင်
ပြသနာပိုကြီးနိုင်တယ်မဟုတ်လား"အဖေ ကျနော်ကိုဘယ်ချိန်ထိဒီလိုလုပ်နေမှာလဲ ဘာကြောင့်လဲ အကြောင်းရင်းကိုသာပြောပြပေးနိုင်မလား ကျနော်အမှားမလုပ်ထားပါဘူး အဖေ"
စကားကိုအေးဆေးစွာပြန်ပြောလာတဲ့ hyunjin ရဲ့မျက်လုံးထဲ သူ့အဖေပြောလာမယ့်စကားတွေကိုစောင့်ဆိုင်းနေခဲ့တယ်
အဖေကကျနော့်ကိုသိပ်ချုပ်ချယ်တာ ငယ်ငယ်ထဲကကျနော်လိုချင်တာရှိရင် ကျနော့်မှာရှိတာတစ်ခုနဲ့ ပြန်လဲယူရတယ် ဒါပုံမှန်ဘဲ
ကျနော်က နဂိုထဲကစာကြိုးစားသူမလို့ စာနဲ့ပတ်သတ်လို့လဲယူစရာမရှိဘူး အဖေကသူလိုချင်ပုံစံခွက်ထဲဆွဲသွင်းပြီး အရာရာကိုဦးဆောင်တယ်
ဒါတွေကြောင့်ဘဲမေမေခုလိုဖြစ်ခဲ့ရတယ်မဟုတ်လား???"မင်းကဂေးလား?"
သူကိုတစ်ချိန်လုံးဒူးထောက်ခိုင်းထားရတဲ့ရည်ရွယ်ချက်ကဒါလား..
ဒီအကြောင်းကြောင့်ခုလိုဖြစ်နေရတာပေါ့hyunjin မျက်ခုံးတွေတွန့်ချိုးသွားပြီး အနည်းငယ်သာအံ့သြပုံရတဲ့ အကြည့်တွေနဲ့အဖေကိုကြည့်နေမိတယ် အဖေဘာတွေကိုသိထားတာလဲ
မဟုတ်မှ ကျနော်တို့အကြောင်းများလား"ငါမင်းကိုဒီချိန်ထိစောင့်ရှောက်ခဲ့တာ မင်း ဂေး ဖြစ်ဖို့အတွက်လား??"