ကော်ဖီဆိုင်ထဲတွင်လူအတော်အတင့်ရှင်းနေသော်လဲ Minhoတို့သုံးယောက်ကတော့ ညနေထဲကထိုကော်ဖီဆိုင်ထဲခြေချကာကျောက်ဆွဲထားသလို ရုပ်တည်နှင့်ဝင်ထိုင်နေတာ ခုည ၈ နာရီပင်ခွဲနေပြီမကြာခင်မှာဆိုင်ပိတ်ချိန်ရောက်တော့မည်ဖြစ်တာကြောင့် ထိုဆိုင်ပိုင်ရှင်ကလဲ သူတို့ကိုမယုံတော့သည့်နှယ်ပြုမူလာသည်
"တွေ့လား ငါပြောပါတယ် အပြင်မှာဘဲထွက်စောင့်ရအောင်လို့"
Jisung မှလေသံလေးဖြင့်အနားကပ်ကာပြောလာသည်
သူတို့လဲတွေ့ပါသည် ထိုဆိုင်ရှင်ကသူတို့ဆိုင်ကို တစ်ခုခုလုပ်တာခံရမည့်နှယ် ကြောက်သလိုလို ဘာလိုလိုနဲဒိရုပ်ဒီရည်တွေနဲ့ ဒီလိုဟာတွေလုပ်မယ်ထင်နေကြတာလား အံ့ဩပါ့
"အချိန်လဲမနည်းတော့ဘူးဆိုတော့ ငါတို့တွေ hyunjin အိမ်ရှေ့က ဘဲအခြေအနေကိုသွားစောင့်ကြည့်ရအောင်"
တက်တက်ကြွကြွကြက်ဖသား Lee Felix ကစကားဆုံးသည်နှင့်ရှေ့ကဦးဆောင်သည်
..
Minho ပေးတဲ့အကြံအတိုင်း သုံးယောက်လုံး mask တွေတပ်ကာ ရုပ်ဖျက်လာသော ဦးထုပ်များကို ကိုယ်စီကိုယ်စီဆောင်းထားလိုက်ကြသည်
ဦးထုပ်နဲ့ mask တပ်ပြီးတော့ သူတို့ hyunjin အိမ်ကိုလာနေတုန်း လမ်းမှာပိတ်ထားတဲ့ အကျီဆိုင်တစ်ဆိုင်၏ရှေ့တွင် နှစ်ဖက်မြင် မှန်တစ်ချပ် ကိုမတော်တဆ တမင်သက်သက်
တိုင်ပင်စရာမလိုဘဲ မှန်ကိုကြည့်လိုက်ကြသည် သူတို့ရုပ်ဖျက်ထားတာအိုကေမကေ ကိုပေါ့
မျက်စိရှေ့ကမြင်နေရသောသုံးယောက်လုံး၏ပုံသည် ကျားလိုလိုကြောင်လိုလို အူကြောင်ကျား ဖြစ်နေပြီးတော့ တော်တော်ကြည့်ရဆိုးနေတာ
"ခုမှဘဲ ကော်ဖီဆိုင်က ဆိုင်ရှင် ဘာလို့ငါတို့ကို အဲ့လိုမျက်လုံးနဲ့ကြည့်နေလဲ သဘောပေါက်တော့တယ်"
Minho ၏စိတ်ပျက်ဖွယ်စကားတို့က နားထဲမရောက်ပေမယ့် သူတို့က အမှန်ပင် သူခိုးလိုလို ဂျပိုးလိုလို ဖြစ်နေတာငြင်းမရ
"အွန်း ဟုတ်တယ်နော် hyung ဒုစရိုက်ကောင်တွေနဲ့တူနေတယ် မာဖီးယားဂိုဏ်းသားများ ဆိုပြီး အဖွဲ့ဖွဲ့ရအောင်"