"ငါပြောမယ် မင်းအဆင်ပြေတာသိပေမယ့် ဒီလိုမျိုးကြီးကမဟုတ်သေးဘူး"
ဆေးရုံကဆင်းလာလာချင်းပင် အိမ်ကိုတန်းမပြန်ဘဲ Hwang hyunjin အိမ်ရှေ့သွားကာ ခြံစည်းရိုး ကိုကျော်တက်ရန် ပြင်နေသော Lee Felix ကြောင့် လိုက်ပို့ပေးခဲ့မိသော Han jisung သိပ်စိတ်ညစ်နေပြီဖြစ်သည်။
"ငါစုံစမ်းပေးထားတယ် အဲ့တာကြောင့် ဒီလိုမျိုးနေ့ခင်းကြောင်တောင် သူများအိမ်ခိုးဝင်တာက မင်းအတွက်ကော ငါ့အတွက်ကောမကောင်းဘူးနော် ပြီးတော့ hyunjin ရဲ့ အဖေက ဘယ်လောက်ဆိုးလဲမင်းလဲသိတယ်မလား"
သူပြောနေသည်ကို တစ်ချက်မှအဖက်မလုပ်ကာ ကုပ်တက်နေသေးသည်မလို့ ခေါင်းကိုတဗြင်းဗြင်းကုတ်ရင်း Felix ကိုယ်ကိုမှီရာ ဆွဲ၍ အောက်သို့ပြန်ပြန်ချနေသည်
"Han Jisung ဖယ်လို့ ငါဒီနေ့ ဒီအိမ်ထဲဝင်ရမှဖြစ်မှာ ဖယ် ဟေ့ကောင်"
"မသွားပါနဲ့ကွာ ငါစုံစမ်းထားသလောက်ဆို ဒီမှာလဲမရှိဘူးလေ လာပါ တစ်ယောက်ယောက်တွေ့သွားရင် အိမ်ဖောက်တယ်ထင်ပြီး ရဲတိုင်လိမ့်မယ် မင်းဦးနှောက်သုံးဦး ဆေးရုံကဆင်းပြီး ရဲစခန်းမှာ အိပ်မလို့လား?"
သူပြောနေသည်များကိုတစ်ချက်ပင် ဂရုမစိုက် သူလိုရာသာတွေးပြောတယ့် Lee Felix ကိုအတော်ပင် မြင်ပြင်းကတ်လာသည်။
"မသိဘူး ငါသိတာ မင်းခုဖယ်ပေး လက်တွေကို"
"ဟေ့ကောင်ရ နေဦးလို့."
ရုန်းရင်းဆန်ခတ်အခြေအနေကြားမှ အသံတစ်သံဟာ နှစ်ယောက်လုံးကိုရပ်တန့်စေခဲ့တယ်။
________________________________
"အဲ့တော့ hyung ပြောတာက hyunjin ကသူ့အိမ်မှာရှိနေတယ်ပေါ့ ဒါဆို စောနကဘာလို့ကျနော့်ကိုတားပြီး ဒီလို စောက်သုံးမကျတယ့် ကော်ဖီဆိုင်ကို ခေါ်လာရတာလဲ ခုပြန်သွားမှာ"
"Hwang hyunjin သေတာမြင်ချင်ရင် မင်းလုပ်လိုက်လေ"
အမိန့်ဆန်ဆန်ပြောသော Lee Minho ရဲ့စကားမှာ ခြေလှမ်းတွေကိုရပ်တန်းပစ်လိုက်တယ်
hyunjin သေတာတဲ့လား
"ခု ဘာကိုပြောလိုက်တယ်ဆိုတာသိရဲ့လား ဆေးရုံဆင်းခါစ လူကို ဒီလို စိတ်ထိခိုက်စရာတွေပြောနေတာက လွန်တယ်နော် "