"လူတစ်ယောက်ကိုတောင်မရှာနိုင်ကြဘူးလား အဲ့လောက်တောင်စောက်ဖြစ်မရှိဘူးလား မင်းတို့!"
ဒေါသကြောင့်နီရဲနေတယ့်မျက်လုံးများကဘယ်လောက်အတိုင်းအတာလဲဆိုတာပြနေ၍ တောက် တစ်ချက်ကိုခေါက်လျှက် ဒေသပုန်ထနေသည်
"သူ့ကိုထွက်ပြေးလို့မရအောင်မင်းတို့စောင့်ခိုင်းတဲ့ညမှာ ဘာလုပ်နေကြတာလဲ ပေးတဲ့လစာကိုယူထားပြီး အလုပ်ကိုကောင်းကောင်းမလုပ်တဲ့လူတွေအတွက် သေသင့်တဲ့အပြစ်ပေးရမှာ"
သေနတ်တစ်လက်နဲ့ ငှားထားသောလူများထဲမှခေါင်းဆောင်ဆိုသူအား ချိန်ပြီး သေနတ်ကိုမောင်းတင်လိုက်တဲ့အခါချက်ချင်း ဒူးထောက်ကာ တောင်းပန်ခယလာသူကို တစ်ချက်ကြည့်မိသည်
တစ်ယောက်အညံ့ခံလာသောအခါ ကျန်တယ့် သုံးယောက်မှာလဲ အညံ့ခံလာသည်
"တွေ့အောင် ရှာလာခဲ့ မတွေ့ခဲ့ရင် မင်းကိုယ်နဲ့ခေါင်းကို နေရာသက်သက်စီထားပေးမယ်"
ခေါင်းကိုတွင်တွင်ငြိမ့်ကာ အိမ်ထဲမှပြေးထွက်သွားကြသည်
နံရံပေါ်မှမိသားစုဓာတ်ပုံတစ်ခုကိုကြည့်မိတော့ ပုံထဲမှ သူ့မိန်းမဖြစ်သူနဲ့သူ့သားဖြစ်သူ
မျိုးရိုးဗီဇ စစ်ဆေးချက်အရ ကလေးမရနိုင်ဘူးဆိုတယ့်သူ့ကို မိန်းမဖြစ်သူကဖောက်ပြန်ကာ ဒီကလေးကိုကိုယ်ဝန်ရလာခဲ့တာ
ဘယ်သူနဲ့ဖောက်ပြန်ခဲ့လဲဆိုတာလဲ သူမသိရသလို သူ့ကိုလဲပြောမပြခဲ့ဘူး ဒါကြောင့် သူ့မိန်းမကို စိတ်ရောဂါဖြစ်နေတယ်ဆိုပြီး ဆေးရုံမှာပိတ်ထားခဲ့တာ ကြာရောပေါ့"မင်းဘယ်ကိုဘဲရောက်နေရောက်နေ ငါကရအောင်ရှာပြီးသတ်ပြမယ် hyunjin..Hwang ဆိုတယ့်ငါ့မျိုးနမည်ကတောင် မင်းနဲ့မတန်ဘူး"
မဲ့ပြုံးတစ်ခုကိုပန်ဆင်လျက် အံကြိတ်ကာဆိုသည်
***
အဆုံးမရှိနိုင်သော ပင်လယ်ပြင်ကို hyunjin ကြည့်လျက် အတွေးတွေက တောင်စဉ်မရဖြစ်နေတယ် ရေကစားနေကြတယ့် သူငယ်ချင်းတွေကိုတစ်ချက်ကြည့်ရင်း အလိုအလျောက်ပြုံးမိသည်
အတော်အတန်ကြည့်နေရာမှ Jisung ကသတိထားမိသွားပြီး သူ့ဆီအပြေးလာခေါ်တယ်