"မရပါဘူး မပြန်ရဘူး မင်းအိမ်ကိုငါသေချာပြောလာတာပါဆို"
မနက်စောစောစီးစီး Lee Felix ရဲ့အသံမှာ တစ်အိမ်လုံးကြားနိုင်လောက်တဲ့ထိ ကျယ်ပြောနေသည် အသံကသူများတွေလို ပိစိပိစိလေးမဟုတ်တာမို့ အသံကနက်ပြီးအတော်ကျယ်ပါသည်
"ငါပြန်မှာလို့! မင်းလဲမတားနဲ့ ဒီနေ့တော့ဘယ်သူတားတား ရအောင်ပြန်မှာ"
"မရဘူး မပြန်နဲ့"
မာရသွန်ပြေးပွဲမှာအပြေးပြိုင်မယ့်ပုံစံလိုအသည်းအသန်ထွက်ပြေးချင်နေတယ့်သူနှင့် ပြေးချင်နေသောသူအား အကျီလည်ပင်းစကနေ မလွှတ်တမ်းဆွဲထားတာ မပြန်ခိုင်းတယ့်တစ်စုံတစ်ယောက်လဲရှိသည်။
အစောထဲကဧည့်ခန်းထဲ ငုတ်တုတ်ထိုင်နေသော Hwang Hyunjin နှင့် Seo changbin မှာဖြင့် နားပိတ်ကာ ဘာဖြစ်မှန်းမသိဖြစ်နေတယ့် Han Jisung ကြောင့် နားမလည်နိုင်
"Jisung မင်းမျက်နှာကဘာဖြစ်လို့ ဆုံးဖြတ်ထားသားမုဆိုးဖိုကြီးလို တောက်ပနေတာလဲ?"
shit** ပြန်မှာပါလို့ပြောနေတာကို လာစနောက်နိုင်နေသေးတာလား ဒီကြက်ခေါင်းက
"ကြက်ခေါင်း မင်းလင်နဲ့အဆင်ပြေတိုင်း ငါ့ကိုဇွတ်နေခိုင်းမနေနဲ့ကွ"
"ဒါဆို မင်းကလင်နဲ့အဆင်မပြေလို့ ပြန်မှာပေါ့?"
ဒီစောက်...!
"Hwang Hyunjin မင်းရည်းစားကိုခေါ်သွားပါတော့ ငါ့ကိုလဲလွှတ်ပေးခိုင်းပါဦးကွာ"
Jisung မှာ မနိုင်တယ့်အဆုံးစစ်ကူတောင်းရသည် သို့သော်ငြားလဲ သူခေါ်သည်ကိုကြားသော်ငြားလဲ စစ်ကူတောင်းသူကပါ
"ငါ့ရည်းစားကမပြန်ခိုင်းရင် မပြန်နဲ့လို့" ပြောချလာသည်'ကောင်းရော စစ်ကူတောင်းတာက ငါ သူက သူ့ဘဲဘက်က စိတ်ညစ်တယ်နော် တအား'
"နေပါဦး မင်းကဘာလို့ဇွတ်ပြန်ချင်နေတာလဲ?"
မနေနိုင်တယ့်အဆုံးမှထမေးလာသော အိမ်ပိုင်ရှင်အကိုကြီးဆီမှစကားသံထွက်လာတော့ သုံးယောက်လုံးတိတ်သွားသည်
hyunjin နဲ့ Felix မှာလဲ သူ့ရဲ့အဖြေကိုစိတ်ဝင်တစားနား
ထောင်နေကြပါသည်။