game ဆိုင်အပြင်ဘက်မှာ သည်းကြီးမဲကြီး မိုးရွာသွန်းနေပေမယ့်
ဆိုင်ထဲကလူတွေကဂရုစိုက်ပုံမပေါ်ပါဘူး သူတို့အလုပ်သူတို့သာဆက်လုပ်နေကြတယ်မိုးခြိမ်းသံတစ်သံနဲ့အတူ အော်သံစူးစူးကလေးကပါ game ဆိုင်အတွင်းပျံ့နှံ့နေသည်
"ဝိုး မင်းကဒါမျိုးလဲ လုပ်တတ်သေးတာလား"
game ဆိုင်ထဲပျံ့နှံ့လာတယ့်အော်သံစူးစူးကြောင့် ဆိုင်ထဲရှိ လူများသာမက minho ကိုယ်တိုင်ပါ စိတ်ညစ်ရသည်
"ငါ့ နားကပ်ပြီးအဲ့လောက်အော်မနေနဲ့ ကန်းနေတာမဟုတ်ဘူး"
game ဆော့တာတော်လို့ ချီးကျူးတဲ့သူ့ကို အကန်တွေချည်းပြောတဲ့ သကောင့်သားကိုတကယ် စိတ်ရှိရှိနဲ့ဆွဲကုပ်ပစ်ချင်တာ စိတ်ကိုမနည်းထိန်းရင်း လေသံကိုအတတ်နိုင်ဆုံးတိုးကာ ကြားရရုံလေသံဖြင့် စကားတွေကို minho နားနားကပ်ပြီးပြန်ပြောလိုက်သည်
"ဝိုး မင်းကဒါမျိုးလဲ လုပ်တတ်သေးတာလား"
သူ့ကိုရွဲ့စောင်းကာအပိုလုပ်နေတဲ့မျက်နှာဘေးနဲ့ han jisung ကို သူလဲ ပြန်ပြောမနေတော့ဘဲ game ထဲသာပြန်အာရုံစိုက်ကာ ဆော့နေလိုက်သည် အချိန်အတန်ကြာတဲ့ထိ သူ့ဘေးမှာရှိတဲ့ Jisung ကတော့အပြင်ကဝယ်လာတယ့်မုန့်တွေအကုန်တစ်ယောက်ထဲစားရင်း သူ game ဆော့တာကို စိတ်ဝင်တစားကြည့်နေတာမလို့ သူကဘဲ စကားစလိုက်တယ်
"မင်းကဘယ်အချိန်ပြန်မှာလဲ"
"ခနနေပြန်မှာ ဒါမယ့်ငါ game မဆော့ရသေးဘူး မင်းဆော့တာကိုထိုင်ကြည့်နေတာနဲ့ဘဲအချိန်ကုန်နေတာ"
minho လက်ကနာရီကိုတစ်ချက်ကြည့်တော့ ည ၇ နာရီပင်ထိုးတော့မည်ဖြစ်တာကြောင့် အိမ်ကိုချက်ခြင်းပြန်ဖို့ဘဲ ပြောလိုက်တော့သည်
"ဒါဆိုငါပြန်တော့မယ် မင်းဆော့ချင်သေးရင်နေခဲ့လိုက် အပြင်မှာ မိုးကတိတ်မယ့်မပေါ်ဘူး ငါသွားနှင့်တော့မယ်"
"ဟာ မင်းကလဲ လာတုန်းကနှစ်ယောက်လာပြီး ပြန်လဲတူတူဘဲ ပြန်မယ်လေ ခနစောင့် သိမ်းလိုက်ဦးမယ် ပြီးတော့ ငါ့မှာထီးမပါဘူး"
"မပါရင်မပြန်နဲ့လေ"
"မပြန်လို့နောက်ကျရင်အဖွားကဆူမှာပေါ့"