Part-4(uni)

170 20 0
                                    

အချိန်တွေကဘဲပြောင်းလဲလာမလား
မင်းကဘဲပြောင်းလဲလာမလား
ဒါမှမဟုတ် ငါကဘဲပြောင်းလဲပေးရမလားဆိုတာ
ကိုယ်တိုင်ဆုံးဖြတ်ကြည့်ပေါ့။
___________________ ___________________

မနက်ခင်းရဲ့နေရောင်ခြည်ကနွေး‌ထွေးပေမယ့်သူ့မျက်စိထဲတော့ စိတ်ပျက်စရာကောင်းတယ်လို့ဘဲမြင်သည် ကျောင်းသွားရမယ်မဟုတ်လားပျင်းစရာကောင်းတာတွေချည်းလုပ်နေရတယ် သက်ပြင်းကောသက်မပါတစ်ပါတည်းချရင်းငြီးတွားမြည်ကြွေးနေမိတာ

"အမေရယ် သားကိုလာကြည့်ပါဦးဗျာ အမေ့သား‌ချောလေးရဲ့ဘဝကိုလေ အိပ်ကောင်းခြင်းမအိပ်ရ စားကောင်းခြင်းမစားရနဲ့ ဒီကြားထဲ တစ်ဦးတည်းသောသူငယ်ချင်းလေး Lee Felix ကလဲ ဘဲပစ်လို့သည်းကွဲပြီး ကျော့်ကိုပစ်ထားတယ်ဗျာဖုန်းဆက်တော့လဲမကိုင်ဘူး အမေရယ် သားတော့ရူးချင်ပါတယ်ဗျာ"

အမေကိုတပြီး မကျေနပ်ချက်တွေတစ်သီတစ်တန်းကြီးရွတ်ချလိုက်တာများသူ့အမေကဘဲ သေသွားသလိုလို နှစ်တွေကြာကြီးကွဲကွာနေသလိုလို အဝေးတစ်နေရာကိုများရောက်ရှိနေသလိုနှင့် ပေါက်ကရတွေပြောပြီးမှ မနက်ခင်းကသူ့အတွက်ကျက်သရေရှိတယ်ထင်

နာရီကိုလှမ်းကြည့်တော့ 7:45 လိုသေးတာဘဲကျောင်းသွားဖို့က
ဒီနေ့လဲခါတိုင်းလိုပင် Lee Felix ဆီသွားဖို့ဘဲစိတ်ရောက်နေမိတယ် ဒီနေ့ဘာလို့မှန်းမသိ သူငယ်ချင်းဖြစ်သူနဲ့ပတ်သတ်ရင် ခံစားချက်တွေသိပ်မကောင်း ဘာမှတော့မဖြစ်လောက်ပါဘူးဟုသာ ခပ်စစတွေးရင်း ရေချိုးခန်းထဲဝင်ကာရေချိုးရတော့တယ်

____________________ ___________________

"မနက်စာ စားသွားဦး"

အဖွားဖြစ်သူရဲ့စကားကို နာခံတတ်သူပီပီ han jisung ပြန်ပြောလိုက်သည်

"ဟုတ်ကဲ့ မစားတော့ဘူး သွားတော့မယ်နော် ဖွား ဒါနဲ့အမေရော"

"ဈေးသွားတယ်"

တစ်ခွန်းဆိုတစ်ခွန်းခပ်ပြတ်ပြတ်ပြောသောအဖွားကြောင့် ကြာကြာပင်မနေရဲ အော် ဟုသာ ပြောပြီး အမြန်လစ်ရသည် မဟုတ်လျှင် အစားကျစားမသွားဘဲ စကားကျပြောနိုင်သေးတယ်ဆိုပြီး ရစ်တော့မှာကြိုသိနေသလို အဖွားဆီမှစကားမစခင် သူအရင်ပြေးထွက်လာလိုက်သည်
___________________ ___________________

𝘛𝘏𝘌𝘠 𝘞𝘌𝘙𝘌 𝘖𝘕𝘓𝘠 𝘈𝘞𝘈𝘠 𝘍𝘖𝘙 𝘈 𝘞𝘏𝘐𝘓𝘌Where stories live. Discover now