"ရော့ ခေါင်းအုံး"
Minho ကုတင်ပေါ်မှထိုင်ကာ အခန်းထဲဝင်လာသော Jisung ထံသို့ ခေါင်းအုံးအား တည့်တည့်မတ်မတ်ပစ်ပေါက်ပေးလိုက်သည်။
ထိမှန်လာ၍ ကြမ်းပြင်ပေါ်ပြုတ်ကျသွားသော ခေါင်းအုံးအား ကောက်ကိုင်လိုက်ကာ တရားခံအား လှမ်းကြည့်ကာ မေးရန်ပြင်နေစဉ် အဆင်သင့်ပြောလာသည်။
"အောက်မှာအိပ် အခင်းပေးမယ် ပြီးရင်"
ဘာကြီးး!သူ့ကိုအခု ကြမ်းပြင်မှာ အိပ်ခိုင်းနေတာလား အခု??
ခေါင်းအုံးတစ်လုံးကိုင်ကာ ကြမ်းပြင်ကိုတစ်ချက်ကြည့်ပြီး ထိုလူကိုပြန်ကြည့်တော့ ဘာမှအရေးမကြီးတဲ့သာမန်စကားတစ်ခုကိုပြောနေသည့်ပုံရသည့် Minho ကိုစိတ်ပျက်လက်ပျက်သာထပ်ကြည့်မိသည်။
သူတစ်ယောက့်ကိုကုတင်ပေါ်ခေါ်အိပ်လိုက်ရသည်မှာ ဘာမှခက်ခဲသည့် အကြောင်းပြချက်မှမဟုတ်ပေ ဒါကိုဘာလို့အသည်းအသန် ကုတင်ကိုမောင်ပိုင်စီးချင်နေတာလဲ ဒါကသူ့အိမ်သူ့ရာ လဲမဟုတ်ဘဲနဲ့
Jisung ဘာမှကိုမပြောချင်တော့ပါ ထပ်ပြီးငြင်းခုန်မနေချင်တော့တာကြောင့် အောက်ထပ်က ဆိုဖာပေါ်မှာ သွားအိပ်ရန်သာ စဉ်းစားပြီး တံခါးဖွင့်ကာအခန်းထဲကတစ်ဖန်ထွက်လာခဲ့သည်။
တံခါးရှေ့ရောက်မှ တိတ်တဆိတ် ကျိန်ဆဲနေမိသည်။ ရှေ့မှာမပြောရဲတာမို့ နောက်ကွယ်မှာ ပြောတာဖြစ်သည်။
Hyunjin တို့ဆီသွားအိပ်မည် လုပ်သော်လဲ ခုမှတွေ့ရတယ့် သူတို့နှစ်ယောက်ကိုလဲအနှောင့်အယှက်မပေးချင်ပါ
chan hyung တို့အခန်းထဲသွားအိပ်ဖို့ကြံလိုက်ပြီး ကော်ရစ်တာတစ်လျှောက် အစွန်ဆုံးအခန်းဆီသို့ လျှောက်လာခဲ့သည်။
အခန်းရှေ့ရောက်ပြီး တံခါးခေါက်ကာနီးမှ အထဲကကြားရတယ့်အသံတစ်ချို့ကြောင့် တံခါးခေါက်ရန်ပြင်ထားသောလက်မှာ အောက်သို့တဖြေးဖြေးချင်း ကျသွားသည်။
ဘာ..ဘာတွေလဲ အသံတွေက!!
တစ်ချို့တစ်ချို့သောအသံများကြောင့် သူဒီအခန်းရှေ့မှဆက်ရှိမနေသင့်မှန်းသူသတိဝင်လာသည်