"ဒါတွေကဘာတွေလဲ"Felix ပင်လယ်တစ်ခုကိုရောက်နေတယ် ဒီပင်လယ်က သူနဲ့ hyunjin အတူရှိခဲ့ဖူးတယ့်ပင်လယ်ဘဲ ဒါပေမယ့် ဒီမှာကြီးက ပင်လယ်ရေတွေအကုန်ခမ်းခြောက်ကုန်တယ် အဲ့စား အလယ်မှာ လူတစ်ယောက် သေချာကြည့်တော့ နှစ်ယောက်မရှိနိုင်တဲ့ သူ့ရဲ့ hyunjin
တဖြေးဖြေးနဲ့မနေ့ကပန်းချီကား မနေ့ကသူ့ကိုခုန်အုပ်ပြီးတိုက်ခိုက်ခဲ့တဲ့မိန်းမ ပန်းချီကားထဲက သွေးတွေ ထိုမိန်းမက သူ့ကိုယ်ထဲကတစ်ခုခုကိုထပ်ဆွဲထုတ်နေတယ် သူ့ကိုယ်ထဲက တစ်ခုတစ်ခုပြုတ်ထွက်သွားတော့မယ့်အလား သူနာကျင်နေရတယ်
အသက်ရှူရတာပုံမှန်မဟုတ်တော့တာ ခံစားမိတယ် ဒီအိမ်မက်ထဲက သူမထွက်နိုင်ရင်အပြင်လောကမှာ သူသေရတော့မယ်လို့သူထင်နေမိတယ်
____________________ __________________
ဒီနေ့ Felix ဆေးရုံတက်တာနှစ်ရက်ရှိပြီ hyunjin ဆီ အကြောင်းကြားစာပို့ထားပေမယ့် စာပြန်ဖို့နေနေသာသာဝင်တောင်မဖတ်ဘူး သူ့သူငယ်ချင်းနှစ်ယောက်ဘာတွေဖြစ်နေတာလဲ သူမသိတော့
တစ်ယောက်ကဆေးရုံရောက်နေသလိုနောက်တစ်ယောက်ကလဲ အဆက်အသွယ်မရ"အာ minji ရှိတာဘဲ သူတောင်ကျောင်းပြန်တက်နေလောက်ပြီထင်တယ်သူ့ကိုမေးကြည့်ရမယ်"
Jisung သူ့ရဲ့အတွေးဖြင့် ကျောင်းသို့လာစောင့်နေတုန်း
Minho ရောက်လာခဲ့သည် သူ့ဆီကိုတည့်တည့်ဘဲလာခဲ့သည်"ဘာလုပ်နေတာလဲ မင်းဒီမှာ"
"Minji ကိုစောင့်နေတာ hyunjin အကြောင်းမေးမလို့"
"အဆက်အသွယ်ရသေးဘူလား ခုထိ"
"အင်း"
နှစ်ယောက်ကြားကလေထုကတိတ်ဆိတ်သွားပြန်သည်
တဖန် jisung ကဘဲစကားပြန်စကာ မေးသည်"Felix အဆင်ပြေရဲ့လား ကျနော် ဒီညနေလာမယ်နော် သွားမယ်ဆိုကျနော့်ကိုစောင့်ပြီးခေါ်ပါဦး"
"Felix မနေ့ညကရှော့ခ်ဖြစ်တယ် မင်းပြန်ပြီးမကြာဘူး ငါလဲပြန်သွားခဲ့တာ chan နဲ့ min ဘဲကျန်ခဲ့တာ သူမနေ့ကအကောင်းတိုင်း သတိရနေခဲ့ပြီး ညကျတော့ အသက်ရှုစက်နဲ့ဆရာဝန်တွေကသူ့ကိုမနည်းပြန်ကောင်းအောင်လုပ်ခဲ့ရတယ်"