"အရှက်မရှိတာ စိတ်ပျက်စရာကြီး!"
အုန်းပင်တစ်ပင်ရဲ့အောက်တည့်တည့်မှာ ထိုင်ရင်း ခြေချောင်းတွေကို သဲတွေထဲနစ်ထားကာ စိတ်ဆိုးနေသည့်ကောင်လေးမှာ သူများနဲ့မတူအောင်ကို ချစ်စရာကောင်းလှသည်
ဘာရယ် 'မနေ့ကငါသူ့ကိုချုပ်နမ်းလိုက်လို့' တဲ့ အဲ့ဒါတွေမကြိုက်တာ အဲ့လိုပြောရဲဆိုရဲဖြစ်နေတာကိုလဲမကြိုက်ဘူး
ဘေးဘီဝဲယာကြည့်မိတော့အနားမှာရှိတယ့် သစ်ကိုင်းလား အုန်းသီးရဲ့အညှာလားဘာကြီးလဲ သေချာမသိပေမယ့် ထိုသစ်ကိုင်းကိုယူလိုက်ကာသဲတွေပေါ်မှာ စာတစ်လုံးရေးလိုက် ပြန်ဖျက်လိုက်ဖြင့် အာရုံပြောင်းဖို့ လုပ်ကြည့်နေသော်လဲ စိတ်ကမပြောင်းတာမို့အချည်းအနှီးသာ
အဖွားအိမ်ကိုပြန်မယ်ပြောပြီး ဒီမှာဘာလို့လာထိုင်နေရလဲဆို အဝတ်ထုပ်နဲ့သူ့အိတ်က Seo changbin အိမ်ထဲကျန်ခဲ့တာကြောင့် ထပြန်လို့ကလဲမရသေး
စိတ်ညစ်ညစ်ဖြင့် ပင်လယ်ပြင်ကြီးကိုကြည့်နေရုံကလွဲပြီး သူလဲလုပ်စရာကမရှိ
ပင်လယ်လှိုင်းတွေကမ်းစပ်ကိုလာရိုက်ခတ်နေတာကိုလဲ သေချာမြင်နေရပါသည် ဒါနဲ့ ဒီပင်လယ်ကမ်းခြေက ဘာလို့လူတွေမရှိတာလဲ
သူအရင်မြင်ဖူးရောက်ဖူးသည့် ပင်လယ်ကမ်းခြေဆိုတာ လူတွေများလွန်းတဲ့ အပန်းဖြေရာနေရာတစ်ခုဘဲမဟုတ်လားပင်လယ်ကတစ်ခုထဲဆိုပေမယ့် changbin ရဲ့အိမ်မှာ ထောင့်အကျဆုံးအစွန်ဆုံးသောနေရာအား တမင်ရွေးကာ အိမ်ကိုဆောက်ထားတာမို့ ဒီဘက်ခြမ်းကိုတော့ လူတွေသိပ်မလာကြတာဖြစ်သည်
လူမရှိတာမဟုတ်ဘဲ လူတွေမလာကြတာပါ တမင်ကို ဒီလိုနေရာမှာရွေးနေခဲ့တာကတော့ အိမ်ပိုင်ရှင်ရဲ့ဆုံးဖြတ်ချက်
.
.ထိုင်နေတာကြာလာတော့ ပင်လယ်နားသွားပြီး ရေဆော့ချင်ပေမယ့် နေကတအားပူနေတာကြောင့် ဘာမလိမ်းညာမလိမ်းနှင့် ဒီတိုင်းသွားရင် အကုန်မဲသဲကုန်မှာပါ
မနက်ထဲကပင် ဘာမှစားမလာသည့်ဗိုက်က အသံတွေပေးနေပြီဖြစ်တာတောင် မာနခဲလေးမလို့ Lee Minho ရှိသည့်နေရာသို့လုံးဝပြန်မသွားဘူးဟု တေးထားတာဖြစ်သည်