အခန်း ၂

7.4K 156 1
                                    

(Unicode)

ကျိလျိုချန်းသည် ပုံမှန်အားဖြင့် ကျောင်းမှာ ရန်ဖြစ်လေ့မရှိသော်လည်း ချီယင်ရဲ့ မကောင်းကြောင်းကို တစ်ခြားတစ်ယောက် ပြောတာ ကြားတဲ့အချိန်ဆို တစ်ခဏလေးတောင် တုံ့ဆိုင်းမနေပဲ အဲ့ဒီလူကို မြန်မြန်ဆန်ဆန် ရိုက်နှက်ပစ်လိမ့်မည်။ ဤအရာတွေကြောင့် ကျိလျိုချန်းနဲ့ ချီယင်တို့ကြားက အရမ်းကောင်းမွန်သည့် ဆက်ဆံရေးကို ဖော်ပြဖို့ လုံလောက်နေပြီဖြစ်သည်။

သို့သော်လည်း သူတို့သည် ရိုးသားဖြူစင်သောသူငယ်ချင်းများသာ ဖြစ်ကြသည်။

ကျိလျိုချန်းသည် ချီယင်အား သူ့ညီမအဖြစ်သာ သတ်မှတ်ထားကြောင်း၊ သူမနှင့် ယောက်ျားနဲ့ မိန်းမကြားက သမီးရည်းစားဆက်ဆံရေးမျိုး မရှိကြောင်း လူတွေကို တစ်ကြိမ်ထက်ပိုပြီးရှင်းပြခဲ့သည်။

ထို့ကြောင့် ဒီလိုအချိန်မှာ သူမပုခုံးပေါ်တင်ထားသော ပိုင်စိုးပိုင်နင်းနိုင်သည့် ကျိလျိုချန်း၏လက်ကြီးကို ကြည့်ရင်း ချီယင်၏ပုံစံသည် အနည်းငယ်အေးစက်လာပြီး ခံစားချက်မရှိသည့်ပုံစံဖြင့် ကျိလျိုချန်းကို တွန်းထုတ်လိုက်တော့သည်။

ကျိလျိုချန်းက‌တော့ စိတ်ထဲမထားပေ။ အရင်ဦးဆုံး ကျောင်းက သူ့သူငယ်ချင်းတွေကိုသာ ထွက်သွားဖို့ လက်အမူအရာနဲ့ပြလိုက်သည်။

ချီယင်သည် အချစ်ရေးတွင် နာမည်ကြီးသည့် မိန်းကလေးတစ်ယောက်ဖြစ်သော်လည်း ကျိလျိုချန်းအနေနဲ့ သူမကို ကလေးတစ်ယောက်လိုသာ ဆက်ဆံနေတုန်းပင်ဖြစ်သည်။

ယခုအခါ သူမသည် ဒီလိုဇာတ်လမ်းမျိုးကြည့်နေကြတဲ့ သူတို့အား ဖြတ်ရိုက်ပစ်လိုက်သလိုဖြစ်သွားတာကြောင့် လူတိုင်းသည် ဆက်ကြည့်လို့မရတော့ဘဲ ထိုအရာကို ပိတ်လိုက်ရုံသာရှိတော့သည်။

သူတို့တွေအားလုံး ချီယင်ကို စိတ်ဆိုးကြသော်လည်း ဘာမှ‌တော့မပြောကြချေ။ ထို့နောက် သူတို့သည် ထိုင်နေရာမှ ထပြီးအထွက်တွင် ချီယင် အနားမှဖြတ်သွားသည့် ကောင်လေးသည် ရုတ်တရက်ကြီး သူမကို ဖြားယောင်းသွေးဆောင်တော့သည်။ ထိုကောင်လေးမှာ မျက်မှန်တပ်ထားတဲ့ မှန်ကြောင်လေးဖြစ်သည်။

ငယ်သူငယ်ချင်းမလေးနဲ့ အတူအိပ်ပြီးတဲ့နောက် (ဘာသာပြန်)Where stories live. Discover now