အခန်း ၁၀ 🚨

14.2K 143 1
                                    

(Unicode)

ကျိလျိုချန်းက သူမ အတွင်းခံဘောင်းဘီလေးအား လျှော်ဖွတ်ပြီး ဝရံတာမှာ လှန်းပေးထားသည်ကို တွေ့လိုက်ရသောကြောင့် ချီယင်သည် ရှေ့ဆက်မသွားတော့ဘဲ ရပ်လိုက်မိသည်။ သူမ ပွေ့ပိုက်ထားသည့် စောင်ကို အောက်ချကာ ရေချိုးခန်းထဲသို့ ဝင်ကြည့်လိုက်သည်။ ရေချိုးခန်းတစ်ခန်းလုံးကို ကျိလျိုချန်း သန့်‌ရှင်းရေးလုပ်ထားသည်မှာ သေချာပေါက်ပင် ဖြစ်သည်။ သူမချွတ်လဲထားသည့် အဝတ်အစားတွေအပါအဝင် အရာအားလုံးကိုလည်း သပ်ရပ်စွာ ပြန်ပြီး စီရီထားလေသည်။

ကျိလျိုချန်းသည် သူ့ဘဝတစ်လျှောက်လုံး အမြဲတမ်း စည်းကမ်းရှိရှိနေထိုင်ပြီး သူမကိုလည်း အရမ်းကို ဂရုစိုက်ပေးတတ်‌သေးသည်။

ကျိလျိုချန်းသည် ချီယင်အား သူ တတ်နိုင်သမျှ နည်းလမ်းပေါင်းစုံနှင့် အမြဲတမ်း စေ့စပ်သေချာစွာ အသေးစိတ်ကအစ ဂရုစိုက်ပေးတတ်လေသည်။

ကျိလျိုချန်းတစ်ယောက် သူမကိုယ်စား သန့်ရှင်းရေးလုပ်ပေးသွားသည်ကို မျက်လုံးထဲ မြင်ယောင်ကြည့်ပြီး ရုတ်တရက် ခပ်ဖွဖွလေး ရယ်လိုက်မိသည်။

သူမတွင် မေးခွန်းတွေ အများကြီးရှိနေသည်။ ကျိလျိုချန်းသည် သူမအပေါ် အရမ်းကောင်းပေမယ့်လည်း သူမကို ဘယ်လိုမျိုး စိတ်ကျေနပ်အောင် လုပ်ပေးရမည်ကိုတော့ မသိချေ။

သို့သော် ချီယင်သည် ကျိလျိုချန်းဆီမှ မရေတွက်နိုင်သည့် ကြင်နာမှုများရပြီးနောက် သူမတွေးမိသည်က ဤကမ္ဘာလောကမှာ ဘယ်လိုလူတွေက မောင်နှမလိုမျိုး ရိုးသားစွာ ခင်မင်ရင်းနှီးနိုင်မှာလဲ။

ချီယင်သည် သူမလက်ထဲမှ စောင်ကိုပြန်လည်ပွေ့ပိုက်ကာ အောက်ထပ်သို့ ခပ်သွက်သွက် ဆင်းလာလိုက်သည်။ ကျိလျိုချန်းသည် မီးမပိတ်ဘဲ အိပ်မောကျနေလေသည်။ သူမသည် ကျိလျိုချန်း၏ ချောမောလွန်းသော မျက်နှာလေးနှင့် ကျစ်လစ်သန်မာပုံရသော ဝမ်းဗိုက်ကြွက်သားများအား ရှင်းလင်းစွာ တွေ့မြင်နေရသည်။

ဤဆယ်ကျော်သက်ကောင်လေးသည် အိပ်ပျော်နေတာတောင်မှ တစ်မြို့လုံးကို စိတ်လှုပ်ရှားသွားစေရန် လုံလောက်လေသည်။

ငယ်သူငယ်ချင်းမလေးနဲ့ အတူအိပ်ပြီးတဲ့နောက် (ဘာသာပြန်)Where stories live. Discover now