အခန်း ၅၀

837 44 0
                                    

(Unicode)

အခန်း ၅၀

ဟော်လျန်သည် ကျိလျိုချန်းရဲ့ စကားကြောင့် သူမ မျက်နှာပေါ်က အပြုံးကို မထိန်းထားနိုင်တော့ပေ။

"အဲဒီတုန်းက ဖြစ်ခဲ့တဲ့ ကိစ္စကို ကျွန်မ တောင်းပန်ပြီးသွားပါပြီ.. ကျွန်မ စိတ်ထင်တော့ ချီယင်လည်း မှားခဲ့တာပဲလေ.. ကလေးဆိုတာ စိတ်ထားဖြူစင်ရမှာ သူ့အနေနဲ့ အရင်ကကိစ္စတွေကို အငြိုးအတေးမထားသင့်ဘူးလို့ ကျွန်မထင်တယ်"

ဟော်လျန်အပေါ် ကျိလျိုချန်းရဲ့ အမူအရာက ပြန်လည် အေးစက်လာပြီး

"အန်တီဟော်.. အခုကိစ္စမှာ ချီယင်က စိတ်ထားမကောင်းဘဲ အငြိုးထားတာ မဟုတ်ဘူး.. ကျွန်တော်ကသာ သဘောထားသေးတာပါ.. ကျွန်တော့်ရည်းစားအပေါ် ဒုက္ခပေးတဲ့သူကို ဘယ်လိုမှ သည်းခံစရာ အကြောင်းမရှိဘူး"

ဟော်လျန် : "ရည်းစား"

ကျိလျိုချန်း : "ယင်ယင်နဲ့ ကျွန်တော်က တွဲနေကြပြီ.. ယင်ယင် မပျော်မရွှင်ဖြစ်မှာကို ကျွန်တော် မလိုချင်ဘူး.. အဲ့ဒါကြောင့် အန်တီ ဒီအိမ်ကနေ အမြန်ဆုံး ထွက်သွားဖို့ မျှော်လင့်ပါတယ်"

ဟော်လျန်သည် မျက်နှာ နည်းနည်းပျက်သွားပေမဲ့ နောက်ဆုံးမှာ မပြောချင် ပြောချင်နဲ့ ပြောလာခဲ့သည်။...

"ဒီအိမ်မှာ သိမ်းစရာ ပစ္စည်းတွေ အများကြီးရှိတယ်..ပြီးတော့ ကျွန်မရဲ့ ပစ္စည်းတွေ ထုတ်သိမ်းရဦးမယ်"

ကျိလျိုချန်း : "အန်တီ တတ်နိုင်သလောက် မြန်မြန်လေး သိမ်းလိုက်ပါ.. ကိုယ့်ဘာသာကို မသိမ်းနိုင်ရင် ရွှေ့ပြောင်းတဲ့ ကုမ္ပဏီ တစ်ခုကို ရှာဖို့ ကျွန်တော် ကူညီပေးနိုင်တယ်"

ဟော်လျန် : "ကျွန်မ နားလည်ပါပြီ"

ကျိလျိုချန်းက ပြဿနာ ဖြေရှင်းပြီးသွားတော့ အိမ်ထဲကထွက်ဖို့ ဟန်ပြင်လိုက်သည်။

ဟော်လျန်က  ကျိလျိုချန်းကို ပို့ဆောင်တဲ့အချိန်ထိ ပြုံးနေဆဲဖြစ်သည်။ ထို့နောက် ကျိလျိုချန်း ထွက်သွားတာကို ကြည့်ပြီး ဟော်လျန်က အံကြိတ်ကာ ကျိန်ဆဲလိုက်သည်။...

"ထွီ! မင်းလို အသဲနှလုံးမရှိတဲ့ ကောင်ကတော့.. အဲဒီတုန်းက ငါ့အစ်ကိုကြီးက နင့်အဖေကို ကယ်ခဲ့တာတောင်.. ငါ့ကို ပြန်ပြီး လေးစားရကောင်းမှန်းမသိဘဲ..အရှက်ရအောင် လုပ်ရဲတယ်ပေါ့"

Has llegado al final de las partes publicadas.

⏰ Última actualización: a day ago ⏰

¡Añade esta historia a tu biblioteca para recibir notificaciones sobre nuevas partes!

ငယ်သူငယ်ချင်းမလေးနဲ့ အတူအိပ်ပြီးတဲ့နောက် (ဘာသာပြန်)Donde viven las historias. Descúbrelo ahora