အခန်း ၁၃ 🚨

11.2K 120 3
                                    

(Unicode)

အခန်း ၁၃

ကျိလျိုချန်းတစ်ယောက် ချီယင်ကို ပါးစပ် ဆေးပေးဖို့ မီးဖိုချောင်ထဲသို့ ကပျာကယာ ပွေ့ချီခေါ်သွားပြီး ပါးလုတ်ကျင်းရန်အတွက် ရေခွက်ထဲသို့ ရေခပ်နွေးနွေးလေး လောင်းထည့်ပေးလိုက်သည်။

ချီယင်သည် အကြိမ်အနည်းငယ်မျှ ပါးလုတ်ကျင်းလိုက်ပြီးနောက် နောက်ဆုံးတစ်ငုံအနေဖြင့် ရေနွေးကို ပါးစပ်အပြည့်ငုံကာ ထွေးထုတ်လိုက်သည့်ချိန်မှာပင် သူမနားထဲ ကျိလျိုချန်း၏ စကားသံကို ကြားလိုက်ရသည်။

"ယင်ယင်, ငါတာဝန်ယူပါ့မယ်"

ချီယင်သည် ရုတ်တရက် အံ့အားသင့်သွားပြီးနောက် နှာခေါင်းရှုံ့လိုက်မိသည်။

'တာဝန်ယူပါ့မယ်တဲ့လား'

ဒီလောက်နှစ်တွေအကြာကြီး နှစ်ပေါင်းများစွာ ကျိလျိုချန်းဆီကရခဲ့သည့် အချစ်တွေ ဂရုစိုက်မှုတွေ ကြင်နာမှုတွေရယ်က လုံလောက်သည့် တာဝန်ယူစိတ်မျိုးရှိမည်မှန်း ခန့်မှန်းပြီးသားပင်ဖြစ်၏။

သို့သော် သူမသည် သူ၏တာဝန်ယူမှုကို
အလိုမရှိပေ။

ထို့ကြောင့် ချီယင်သည် ရေခွက်ကို အောက်ချကာ ပြန်လှည့်လာပြီး ကျိလျိုချန်းကို ပြောလိုက်သည်။

"အောက်မှာ ထိုင်ချလိုက်"

ကျိလျိုချန်းသည် ချီယင်အား ရှုပ်ထွေးစွာ ကြည့်လာခဲ့သည်။

ချီယင်သည် မျက်ခုံးလှလှလေးတွေကို ပင့်လိုက်ကာ ထပ်ပြောလိုက်သည်။

"ငါ နင့်ကို ဆောင့်ကြောင့် ထိုင်ချစေချင်တယ်"

ကျိလျိုချန်းလည်း သူမပြောသည့်အတိုင်း လုပ်လိုက်သည်။

သူသည် မကြာသေးခင်က ချီယင်ကို မလျော်ကန်သည့် အပြုအမူမျိုး ပြုမူခဲ့ပြီးနောက် ချီယင်၏ ခြေထောက်အောက်နားမှာ ဆောင့်ကြောင့်ထိုင်ချရသည်က ဘာမျှမဟုတ်တော့ပေ။ ချီယင်က သူ့အသက်ကို လိုချင်တယ်ဆိုရင်တောင်မှ သူမကို ပေးလိုက်မည်ပင်။

ကျိလျိုချန်းသည် ချီယင်ရှေ့၌ ဒူးတစ်ဖက်ထောက် ထိုင်ချကာ လက်တစ်ဖက်ကို ကျန်ဒူးတစ်ဖက်ပေါ်တွင် တင်ထားလိုက်သည်။ သူ့ကိုယ်သူ ဟန်ချက်ညီအောင် ထိန်းထားလိုက်ပြီးနောက် သူမအား မော့ကြည့်လိုက်သည်။

ငယ်သူငယ်ချင်းမလေးနဲ့ အတူအိပ်ပြီးတဲ့နောက် (ဘာသာပြန်)Où les histoires vivent. Découvrez maintenant