အခန်း ၂၈

4.3K 61 3
                                    

(Unicode)

အခန်း ၂၈

"ကိုယ် မင်းကို အရမ်းသဘောကျတယ်.. ပိုင်ဆိုင်ချင်တယ်.. မင်းအပေါ် အမြဲကောင်းပေးသွားမယ်..နောက်ပြီး တစ်သက်လုံးချစ်ပေးသွားမယ်"

ထိုစကားကို ပြောနေချိန်မှာ ကျိလျိုချန်း၏ ခံစားချက်က လုံးဝစစ်မှန်ပြီး ရိုးသားပါသည်။

ယနေ့ညမတိုင်ခင်က ချီယင်သည် ကျိလျိုချန်းအား တမင်တမင်တကာ အေးအေးစက်စက်ပဲ ဆက်ဆံခဲ့သည်။ ထို့အတူ သူသည်လည်း အစ်ကိုအဖြစ်မှ ရည်းစားအဖြစ်သို့ လုံးလုံးလျားလျား ကူးပြောင်းရန် မလွယ်ကူခဲ့ပေ။ သို့သော် ချီယင်နှင့်အတူ ချစ်တင်းနှောပြီးနောက်မှာတော့ သူ ရုတ်တရက် နားလည်သွားခဲ့သည်။

အမှန်တကယ်တော့ ချီယင်သည် သူ့နှလုံးသားထဲမှာ အမြဲတမ်းရှိနေခဲ့တာဖြစ်သည်။ သို့သော် ကျိလျိုချန်းသည် ကိုယ့်နှလုံးသားကို လုံဝနားမလည်ခဲ့ပဲ သူမကို ညီမလေးတစ်ယောက်လိုပဲ သဘောထားတာဟု သူ့ကိုယ်သူ အယုံသွင်းခဲ့မိသည်။ ထို့ကြောင့် ဤအချစ်ဆိုသောအရာနှင့်လည်း တစ်ခါမှ ဆက်စပ်ပြီး မတွေးကြည့်ခဲ့မိပေ။

"ယင်ယင်?"

ကျိလျိုချန်းသည် ချီယင်၏ တုန့်ပြန်ပုံကို သိချင်မိသည်။

သို့သော် ချီယင် ပြောလိုက်သည်က...

"နင် ငါ့ကို ထပ်ပြီး လုပ်ချင်သေးတယ်ဆိုရင် အိမ်ပြန်ပြီး ဆက်လုပ်ကြမယ်လေ"

ကျိလျိုချန်းမှာတော့ ချီယင်၏ ပြန်ဖြေတဲ့ စကားကြောင့် ဒေါသထွက်သွားပြီး ငိုရခက်ရယ်ရခက် ဖြစ်သွားကာ ...

"အဲ့ဒါက အရေးကြီးလို့လားကွာ"

"ဒါဆို ဘာကအရေးကြီးတာလဲ"

ကျိလျိုချန်း : "မင်း နှုတ်ခမ်းက‌နေ ငါလည်း နင့်ကို သဘောကျတယ်လို့ ပြန်ပြောဖို့က ကိုယ့်အတွက်‌တော့ အရေးကြီးကိစ္စပဲကွ"

ချီယင် : "နင်နဲ့ငါ သမီးရည်းစားတွေလို တွဲကြမယ်လို့ သဘောတူပြီးသားမဟုတ်လား"

ကျိလျိုချန်းသည် ဤမိန်းကလေးအား မည်သို့ ပြောရမည်မှန်းမသိတော့ချေ။ သူသည် ချီယင်အား လွှတ်ပေးလိုက်သည်။ ချီယင်၏ ပုခုံးလေးကို မချိတင်ကဲ ဆုပ်ကိုင်ရင်း သူ့ရင်ထဲ ဒေါသတွေပြည့်နှက်လာတော့သည်။

ငယ်သူငယ်ချင်းမလေးနဲ့ အတူအိပ်ပြီးတဲ့နောက် (ဘာသာပြန်)Donde viven las historias. Descúbrelo ahora