အခန်း ၇

7.4K 118 2
                                    

(Unicode)

ကျိလျိုချန်းသည် အသက်ပြင်းပြင်းရှူကာ ချီယင်အား ထပ်ကြည့်လိုက်ပြီး

"ဒီမေးခွန်းမေးရမယ့်လူက ငါ မဟုတ်ဘူးလား... မင်း ဘာတွေလုပ်နေတာလဲ"

"နင်က ဘယ်လိုထင်လို့လဲ"
ချီယင်က မျက်ခုံးပင့်ကာ ဂရုမစိုက်ဟန်ဖြင့် ပြန်ပြောလာသည်။

ထို့နောက် ကျိလျိုချန်းသည် မရေမရာဖြင့် သူမအား...

"မင်း တစ်ခြားတစ်ယောက်ကို စိတ်ဆိုးလာတိုင်း ငါ့ဘက်ပဲလှည့်ပြီး ရန်ရှာနေမှာလား ဟမ်!"

ချီယင်သည် သူမရဲ့ရေစိုနေသည့် ဆံပင်တွေကို နားနောက်ပို့လိုက်ပြီး ကျိလျိုချန်းကို ပြုံးပြလာသည်။ ထို့နောက် နူးညံ့သည့် သူမ၏နှုတ်ခမ်းတွေကို လှုပ်ရင်း စကားနှစ်ခွန်းကို ပြစ်ပြစ်နှစ်နှစ်ပြောခဲ့သည်။

"အရမ်း.....တုံးတာပဲ"

ကျိလျိုချန်း: "...."

ချီယင်သည် ထိုစကားနှစ်ခွန်းကိုပြောပြီးနောက် တံခါးကိုပိတ်လိုက်တော့မည့် အချိန်မှာပင် ကိုယ်တစ်ပိုင်း ဗလာကျင်းနေသော ကျိလျိုချန်းသည်...

"ငါ့ကို ရှင်းရှင်းပြော"

ကျိလျိုချန်းသည် ပိုလို့ပင် စိတ်ရှုပ်လာတော့သည်။

ချီယင် မျက်ခုံးကိုပင့်ကာ နှုတ်ခမ်းထောင့် အနည်းငယ်ကော့တက်နေပြီး မထီမဲ့မြင်ပုံဖြင့် သူ့ကို ကြည့်နေလေသည်။

"အရမ်းတုံးတာပဲ, ဆိုတာ ဘာကိုဆိုလိုတာလဲ? ပြီးတော့ ဘာဖြစ်လို့ ငါ့ဘောင်းဘီကိုဆွဲချွတ်ပြီး အပေါ်ကနေတက်စီးသွားတာလဲ ဆိုတာကိုပါ အခုရှင်း!!"

ကျိလျိုချန်းသည် သူ့ရှေ့က‌ မိန်းကလေးကို ထိုသို့ပြောဆိုရင်း ကြည့်လိုက်သည်။ သူ့အနေဖြင့် တစ်ဖက်ကကြည့်ရင် အကြောင်းပြချက်မရှိသည့် စိတ်ဓါတ်ကျမှုကို ခံစားနေရသလို ကျန်တစ်ဖက်မှာလည်း သူမ၏ မဆီမဆိုင် စိတ်ဆိုးမာန်ဆိုးခြင်းကို ခံနေရသည်။ နောက်ဆုံးတော့ သူ ရှေ့ကိုဖြေးဖြေးချင်းတိုးသွားလိုက်ပြီး သူမပုခုံးလေးကို ကိုင်လိုက်သည်။

သူ့အသံကို နူးညံ့ချိုသာရန် အတတ်နိုင်ဆုံး ကြိုးစားနှိမ့်ချကာ...

ငယ်သူငယ်ချင်းမလေးနဲ့ အတူအိပ်ပြီးတဲ့နောက် (ဘာသာပြန်)Where stories live. Discover now