Chapter (2)

3.3K 269 19
                                    

အိမ်ကိုရောက်ရောက်ချင်း သူသယ်လာမိသည့် အမှိုက်များကို အမှိုက်တောင်းထဲသို့ပစ်မိသည်။ ပီကေခွံတွေရယ်၊ချောကလက်မုန့်တွေအပြင် ဘာမှန်းမသိသည့်မုန့်ခွံများ...

သူခေါင်းခါမိသည်။ စားတာကိုက ကလေးမုန့်တွေ။

သူက ကလေးသာသာလေးနဲ့ ရန်ဖြစ်ခဲ့မိတာပဲ။

သူအိမ်ထဲဝင်တော့ အန်တီသစ်သစ််ကို မတွေ့ရ။ သူ၏ရှင်းလင်းပြတ်သားလှသော သဘောထားကို အန်တီသစ်ကနားလည်ဟန်တူသည်။ သူသည် သက်ပြင်းသာချမိပါတော့သည်။

လွန်ခဲ့သော ၈လလောက်တည်းက သူ့ကိုရှောင်ခွာနေသည့် ဓနသိုက်။ ချစ်သူရည်းစားတွေမှာဖြစ်တတ်သည့် ကတောက်ကဆပဲမို့ သူသည်အရာအားလုံးပြန်ပြင်ဆင်ဖို့ကြိုးစားခဲ့သည်။ သူ့အမှားတွေရှိမယ်ဆိုရင် ပြင်ပေးမည်။ ငယ်သူငယ်ချင်းလည်းဖြစ်သည့်အပြင် နှစ်ဖက်မိဘတွေကပါသဘောတူထားသည့် သူတို့မင်္ဂလာပွဲ။ လက်ထပ်ကာနီးမှ ပြန်စဥ်းစားလိုတဲ့ အရိပ်ယောင်တွေပြတာကို တစ်ဘဝလုံးစာအတွက်မို့ သူနားလည်ပေးခဲ့တာပါပဲ။ ဓနသိုက်မကြိုက်သည့် အကျင့်တွေကိုလည်း ပြင်ပေးမည်ဟု ဆုံးဖြတ်ခဲ့သည်။ သူတို့က လက်ထပ်ဖို့အထိ ရည်ရွယ်ထားတဲ့ချစ်သူတွေပဲလေ။

ဓနသိုက်ထွက်မသွားခင်ကအထိ သူတို့နှစ်ယောက်ကြားကအခြေအနေကို အဆင်ပြေအောင် ပြင်ဆင်နိုင်မည်ဟု ထင်ခဲ့သည်။ သူတို့နှစ်ယောက်လက်ထပ်ဖြစ်ကြမည်ဟု တရားသေတွက်ထားခဲ့သည်။

အစတည်းက တလွဲတွေဖြစ်နေတာပဲ။
ဓနသိုက်က ဘယ်တုန်းကမှ သူ့ကိုလက်မထပ်ချင်ခဲ့ဘူး။

"သားပြန်လာပြီ ဆယ်မင်းဆက်လေးလာသွားတယ်သားရယ် မေခင်ကပေးတဲ့လက်ဆောင်တွေလာပို့ပေးတာတဲ့... သားကသွားတာကြာနေလို့ မဟုတ်ရင်သားနဲ့ဆုံအုံးမှာကို"

အမေသည် သူဝယ်လာပေးသည့်အုန်းနို့ခေါက်ဆွဲကို ပန်းကန်ထဲလှယ်ထည့်နေသည်။ စားပွဲပေါ်တင်ထားသည့် အထုတ်ပေါင်းများစွာကို သူဝေ့ဝဲကြည့်မိသည်။

"ဆယ်မင်းဆက်လား"

"ဟုတ်ပါ့သားရယ် အမေလည်းမတွေ့ရတာကြာပြီရယ် ဆယ်လေးကဆေးကျောင်းပြီးဖို့ နောက်ဆုံးနှစ်ပဲကျန်တော့တာတဲ့"

နွေဦးသည် နောက်တစ်ဖန်Where stories live. Discover now