Chapter (18)

1.6K 170 6
                                    

နွေဦးတွန်းလာသည့် စျေးဝယ်ခြင်းသည် ပစ္စည်းတော်တော်များများဖြင့် ပြည့်လုနီးပါးဖြစ်နေပြီ။ သူ့အိမ်အတွက်လိုအပ်တာတွေဖယ်လိုက်ရင် ကျန်တာကဆယ်လေးအတွက် မုန့်များပင်ဖြစ်သည်။

တဂျွတ်ဂျွတ်မြည်သော လေဖောင်းမုန့်တွေကနေ သေးသေးကွေးကွေးချောကလက်တောင့်အထိ ဆယ်လေးကအကုန်စားသည်။ အစပ်မစားသည့်ဆယ်လေးက အချိုမုန့်နှင့်သရေစာမျိုးစုံကိုတော့ သူမတူအောင်ကြိုက်လေသည်။ ဆယ်လေးသည် ငယ်ငယ်က စိတ်ရောဂါဆွေးနွေးပေးသည့် ဆရာဝန်ဆီသွားလျှင် ဆရာဝန်ကမုန့်များကျွေးပြီးသူနှင့် ရင်းရင်းနှီးနှီးဆွေးနွေးပေးတာကနေ သရေစာမုန့်တွေစားတတ်သည့် အကျင့်ရှိလာတာဟု ပြောဖူးသည်။

ဆယ်လေးစားတတ်သမျှကို သူအကုန်မှတ်မိသည်။ ဆယ်လေးက ဝယ်ပေးလျှင်ဝယ်ပေးသလောက် အကုန်ကုန်အောင်စားသည်။ နွေဦးကလည်း မုန့်ကုန်တာနှင့်မပြတ်သွားအောင် ဖြည့်ပေးသည်။ သူက သူ့ထက်အလွန်ငယ်သည့်ကလေးကို စောင့်ရှောက်တာမှာအလွန်တရာ အလိုလိုက်သောနည်းလမ်းကိုပဲ အသုံးပြုနေခြင်းပင်။ အမှန်တော့ နွေဦးသည်ထိုနည်းလမ်းတစ်ခုတည်းကိုပဲ သုံးတတ်သည်။

ပန်းသီးများဝယ်ရန် သစ်သီးတန်းဘက်ကိုသွားဖို့ပြင်လိုက်ချိန်တွင် လူတစ်ယောက်ကသူ့ဘေးနားကပ်လာသည်ကို သတိပြုမိလိုက်သည်။

ဖြည်းဖြည်းချင်းဘေးတစ်ဖက်ကို လှည့်ကြည့်လိုက်သည့်အခါ သူ့ကိုတောက်ပချိုမြိန်စွာ ပြုံးပြနေသောကိုစောနေသွေးကိုတွေ့လိုက်ရလေသည်။

"ကိုစောနေသွေး"

နွေဦးသည် ဝတ္တရားအရပြုံးပြနှုတ်ဆက်လိုက်သည်။ လွန်ခဲ့သောသုံးလကတက်ခဲ့သည့်ပွဲတွင် ကိုစောနေသွေးနှင့်တွေ့ဆုံမိတ်ဆက်ခဲ့ပြီး ထို့နောက်တွင်ထပ်တွေ့စရာကိစ္စမရှိတော့ဘူးဟု ထင်ခဲ့သည်။ သို့ပေမဲ့ လွန်ခဲ့တဲ့နှစ်ပတ်ကပဲ Green Landက သူတို့မာန်ဆောက်လုပ်ရေးကို အလုပ်လာအပ်လေသည်။ နွေဦးသည်ကိုစောနေသွေးကို အလုပ်သဘောအရ ရင်းနှီးစွာဆက်ဆံရတော့သည်။ Green Landသည်မာန်ဆောက်လုပ်ရေးအတွက် VIP clientဖြစ်သည်။ ကိုလင်းမာန်တစ်ယောက် သည်ရက်ပိုင်းထဲပျော်မဆုံးဖြစ်နေသည်။ နွေဦးမှာ ထိုကိစ္စအတွက် မည်သို့မျှမခံစားရပေ။ ကိုစောနေသွေးကသူ့အတွက်တော့ သူအလုပ်လုပ်ပေးရမည့်clientတစ်ယောက်သာ ဖြစ်သည်။

နွေဦးသည် နောက်တစ်ဖန်Where stories live. Discover now