Chapter (6)

2.4K 239 10
                                    

ပရောဂျက်နှင့်အလုပ်များပြီးသွားသည့်နောက်တစ်‌ရက်ဟာ နွေဦးအတွက်တော့ပိတ်ရက်ဖြစ်သည်။

အလုပ်ထဲခေါင်းစိုက်နေခဲ့သည့်အချိန်တွင် သူအတွေးတွေကအလုပ်အပေါ်မှာပဲ အာရုံစိုက်နေမိပြီး အထိုင်များသည့်ခန္ဓာကိုယ် ညောင်းညာပင်ပန်းနေသည့်မျက်လုံးတို့ကြောင့်သူသည်တခြားမည်သည့်အရာကိုမျှ မစဥ်းစားနိုင်တော့ချေ။

မနေ့ညကအရက်မသောက်ခဲ့တာကြောင့် နံနက်ခင်းအိပ်ရာထလာချိန်တွင် သူ့စိတ်သည် လန်းဆန်းလို့နေသည်။ ရှားရှားပါးပါး စိတ်ရောကိုယ်ပါအေးမြနေသော နေ့ရက်လေးဖြစ်နေသည်။

မျက်နှာသစ်ပြီးတာနှင့် သူသည်ကော်ဖီတစ်ခွက်ဖျော်လိုက်သည်။ လတ်တလောနံနက်စာမစားဖြစ်သော သူ့အကျင့်ကြောင့် နေ့လယ်စာနှင့်ပေါင်းစားလိုက်မည်ဟုသာ ဆုံးဖြတ်လိုက်သည်။ ပြတင်းပေါက်အကုန်လုံးကိုလိုက်ဖွင့်လိုက်သည်။ မနက်ခင်းသာဖြစ်ပေမဲ့ အရှိန်ညီးညီးတောက်ပနေသော နေ့အလင်းရောင်ကိုကော်ဖီသောက်ရင်း ထိုင်ငေးနေမိသည်။ ရင်ဘတ်ထဲအတင်းချိုနှိမ်မျိုသိပ်ထားရပါသော တစ်စုံတစ်ရာကိုအစဆွဲထုတ်မိမည်ဖြစ်တိုင်း နောက်ထပ်အကြောင်းအရာအသစ်ကိုပြောင်းတွေးပစ်သည်။ သူ့အလုပ်အကြောင်း ဗိသုကာလက်ရာ‌များအကြောင်း၊ တက္ကသိုလ်တတိယနှစ်တုန်းက သူတို့ကျောင်းသား၊ကျောင်းသူများသည် ပုဂံကိုmeasure drawingအတွက်သွားခဲ့ကြသည်များကို ပြန်စဥ်းစားမိသည်။ အဆုံး၌ နှစ်ရှည်လများစွာ သူ့ဘေးမှာအတူရှိခဲ့သည့် ဓနသိုက်ကိုဖယ်ထုတ်လို့မရခဲ့။ နွေဦးသည် အရာအားလုံးကို သေချာရှင်းလင်းစွာမှတ်မိနေတုန်း ဖြစ်သည်။ သူတို့နှစ်ယောက်၏ ပထမဆုံးအနမ်းကိုတောင် သေသေချာချာမှတ်မိနေတုန်းပင်။

သူကဒီအတွေးတွေကို ဘယ်လိုရှောင်ရှားနိုင်ပါ့မလဲ။

သို့သော်ငြား မဖြစ်နိုင်ဘူးဆိုတာမရှိ။ ထားရစ်ခံရသည့်သူက သူ့အပေါ်တစ်စက်ကလေးမှ မတွေးပေးခဲ့သည့်လူ၏လုပ်ရပ်ကို တသသပြန်လွမ်းဆွတ်နေရဦးမတဲ့လား။ ဓနသိုက်ကငြီးငွေ့သည်ဆို သူကမေ့ပစ်လို့ရသည်။

သူ့အမှတ်တရတွေထဲက ဓနသိုက်ဆိုတာအခုမရှိတော့ဘူး။ ပြောင်းလဲသွားခဲ့ပြီ။
သူကဒါကို ဘာလို့လက်သင့်မခံနိုင်ရမှာလဲ။

နွေဦးသည် နောက်တစ်ဖန်Where stories live. Discover now