Chapter (37) ဇာတ်သိမ်းပိုင်း

3.4K 221 30
                                    

ဆယ်မင်းဆက်သည်၂၀၁၈ နှစ်စကနေ ဒီဇင်ဘာလအထိ အလုပ်သင်ဆရာဝန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ သူက နောက်ဆုံးနှစ်အပိုင်း(ခ) စာမေးပွဲကို တစ်နှစ်တည်းဖြင့် အောင်မြင်ခဲ့သည်။ LED boardပေါ်မှာတက်လာသည့် သူ့နာမည်နှင့်အောင်စာရင်း၊ ပြီးတော့သူ့သူငယ်ချင်းတွေ၏နာမည်အောင်စာရင်းတွေ။ သူတို့တွေ၏ ၆နှစ်တာစာသင်နှစ်ကာလပြီးဆုံးအောင်မြင်သွားခြင်း သက်သေပင်။ ဘဝအချိုးအကွေ့တစ်ခုကို အောင်မြင်စွာကျော်ဖြတ်နိုင်ခဲ့ပြီး သူတို့တွေကပိုပြီးသန်မာသည့် လူကြီးတွေဖြစ်လာကြပြီ။ သူတို့နာမည်ရှေ့မှာ Dr. ဟူ၍တရားဝင်ရေးခွင့်ရပြီဖြစ်သည်။

အလုပ်သင်တစ်နှစ်ဆင်းပြီးမှ ဘွဲ့နှင်းသဘင်ကျင်းပကာ ဆမလက်မှတ်နှင့်ဘွဲ့လက်မှတ်ကိုပေးအပ်ခြင်းပင်။ ဆယ်မင်းဆက်က သူ့ကိုယ်သူ ဒေါက်တာဆယ်မင်းဆက် ဖြစ်လာသည်အထိဖြတ်သန်းခဲ့သောအတိတ်များကိုကြည့်လျှင်လူငယ်သဘာဝအမှားများနှင့် မရင့်ကျက်ခြင်းများသာ တွေ့ရသည်။ ထို့နောက် ကိုကိုတစ်ယောက်သူ့ဘဝထဲဝင်ရောက်လာသည်။ အဲသည်အချိန်ကစပြီး သူ့ဘဝကလမ်းမှန်ပေါ် တဖြည်းဖြည်းချင်း တည့်မတ်သွားခဲ့တာ။

အောင်စာရင်းထွက်သည့်နေ့က မာမီငိုသည်။ သူကတော့ မာမီတစ်ယောက် သူဘွဲ့ယူတဲ့နေ့ရောက်မှငိုမှာလို့ အပိုင်တွက်ထားခဲ့တာ။ ဆယ်မင်းဆက်သည် မာမီကိုဘယ်တော့မှမစွန့်ပစ်ခဲ့ခြင်းအတွက် မာမီကသူ့ကိုဘယ်တော့မှအပြစ်မတင်ခဲ့ခြင်းအတွက် ထိုအခိုက်အတန့်မှာ ကျေးဇူးတင်မိတော့သည်။ သူကသူရဲဘောကြောင်ပြီး ဒီမိသားစုကနေထွက်သွားဖို့ တွေးခဲ့ဖူးသည်။ တစ်ယောက်တည်း တစ်ကောင်ကြွက်လိုမျိုးနေမှ ပျော်ရွှင်ရသည်ဟုထင်ခဲ့သည့် အချိန်တွေလည်းရှိသည်။ သူလမ်းမှားမရောက်ခဲ့တာအတွက် ကျေးဇူးတင်မိသည်။မိသားစုက သူ့အတွက်တန်ဖိုးဖြတ်မရဘူးဆိုတာ အချိန်လွန်မှသိရတာမျိုးမဖြစ်တာ လွန်စွာကံကောင်းသည်။

သူ့ကံကောင်းခြင်းတွေထဲမှာ ကိုကိုကထိပ်ဆုံးဖြစ်သည်။ ကိုကို့ကိုပိုင်ဆိုင်ခွင့်ရတာက သူ့ဘဝ၏အကြီးမားဆုံး ကံကောင်းခြင်းဖြစ်ပြီး သူဟာထိုအတွက် သူ့ကံကြမ္မာကို ထာဝရကျေးဇူးတင်နေတော့မှာ။




နွေဦးသည် နောက်တစ်ဖန်Hikayelerin yaşadığı yer. Şimdi keşfedin