Chapter (12)

2.3K 208 13
                                    

အမြဲတစေယုံကြည်ခဲ့သော၊ အမှန်တရားဟုယူဆထားသော အရာတစ်ခုကို ကိုယ်တိုင်ကိုယ်ကျလက်လွှတ်လိုက်ရခြင်းသည် ဝမ်းနည်းစရာကောင်းလွန်းသောဖြစ်ရပ်တစ်ခုပင်။

တမ်းတမိတိုင်း ထိုသူ၏ တခြားတစ်ယောက်ပေါ် ပေးအပ်နေသောအပြုံးများကိုပါ တစ်ပါတည်း ပြန်မြင်ရချိန်တိုင်းမှာ သည်လူဟာသူနှင့်မသက်ဆိုင်တော့ကြောင်း တွေးမိသည်။

"ကိုယ့်ကို သိုက်လို့ပဲခေါ်တော့လေ" ဟု ရည်းစားဖြစ်စဥ်က ပြောခဲ့သောစကားနှင့် ထိုစဥ်ကတစ်ကမ္ဘာလုံးကိုအပိုင်စားရပါသလို ကြည်နူးစွာပြုံးနေခဲ့သည့် ဓနသိုက်၏ပုံရိပ်သည် လွန်ခဲ့သောနေ့က ဖုန်းဆိုင်တွင်တွေ့ခဲ့သောပုံရိပ်နှင့်တစ်ထပ်တည်းဖြစ်နေ၏။ ထိုအခြင်းအရာထက် အံ့သြစရာကောင်းသည့်အရာ ရှိဦးမလား။

လွမ်းဆွေးတမ်းတနေခဲ့သည့် သူက အရူးအနှမ်းသာသာပဲ။ စိတ်ပျက်စရာကောင်းလိုက်တာ ဆိုသောစကားကလွဲပြီး မပြောနိုင်။ စိတ်ပျက်သည်။ သူ့ကိုယ်သူစိတ်ပျက်သည်။ သည်လူ့အပေါ် ချစ်ခဲ့သမျှ ပျော်ခဲ့သမျှ အချိန်တွေကိုပင် စိတ်ပျက်လာ၏။ အကြောင်းမတိုက်ဆိုင်၍ လမ်းခွဲကြရင်တောင် သူ့တွင်သိမ်းဆည်းထုတ်ပိုးစရာ တစ်ချိန်ချိန်မှာ ပြန်လည်တမ်းတလွမ်းဆွတ်စရာ အမှတ်တရများ ကျန်ရစ်ပေအုံးမည်။ ယခုမူ သူ့ထံတွင်စိတ်ပျက်ခြင်းတွေသာ ကျန်ခဲ့သည်။

နွေမှာ ဟစ်ကြွေးနေသည့် ဥသြငှက်သည်ပင် သူ့ကိုလှောင်ပြောင်နေသလို ခံစားရသည်။


ပူပြင်းလှသော နွေနေပူကျဲကျဲအောက်၌ သူသည်ပူလောင်လှသော သက်ပြင်းငွေ့များကို ဆက်တိုက်ထုတ်လွှတ်မိနေ၏။
သူသည် မကွေးကိုအလုပ်ကိစ္စဖြင့် ရောက်နေခြင်းဖြစ်သည်။ ဘိုးဘွားပိုင်မြေနေရာတစ်ခုကို သုံးထပ်တိုက်ကောင်းကောင်းဆောက်ချင်တယ်ဟု သူတို့ရုံးကိုအလုပ်အပ်သည်ကို သူတို့သည်လက်ခံခဲ့သည်။ အလုပ်အပ်တဲ့ client ကိုဘုန်းဝေမြင့်က ကိုလင်းမာန်၏မိတ်ဆွေဖြစ်သည်။

ကားအရှေ့ခန်းက ကိုဘုန်းဝေမြင့်သည် "အတော်ပူတယ်ဗျနော်"ဟု ဆိုကာ သူ့အားရေခဲငွေ့များသီးနေသော ကျွဲရိုင်းအချိုရည်ဘူးကို လှမ်းပေးလာ၏။ နွေဦးကို နွေကြောင့် ပူလောင်နေသည်ဟု ထင်နေပုံရသည်။ သူသည် ကိုယ့်ကိုယ်ကိုယ်ပြန်ထိန်းလိုက်ကာ ကိုဘုန်းဝေမြင့်ကို ကျေးဇူးတင်စကားဆို၍ ကျွဲရိုင်းဘူးကို လှမ်းယူထားလိုက်သည်။

နွေဦးသည် နောက်တစ်ဖန်Where stories live. Discover now