Chapter (28)

1.7K 187 4
                                    

အိမ်မက်တစ်ခု မက်ခဲ့သည်။
အိမ်မက်ထဲမှာ ကိုကို့ကိုထွက်ပြေးမသွားအောင် အတင်းဆွဲဖက်ထားသည့် သူကိုယ်သူမြင်ရသည်။

ကိုကို့ကိုနမ်းပြီး ပျော်ရွှင်စွာအိပ်ရာဝင်ခဲ့တာတောင် အိမ်မက်ထဲမှာသူကမပျော်ရွှင်ရပြန်ဘူး။

အိမ်မက်မကောင်းတာမို့ အိမ်မက်ကလက်တွေ့နှင့်ပြောင်းပြန်ဟု သူယူဆလိုက်သည်။


ဆယ်မင်းဆက်တို့ညက ဘယ်လောက်သောက်ခဲ့ပါစေ မနက်တော့အစောကြီးထရသည်။ ကျောင်းကိုရောက်တော့ ဘုရားဆွမ်းတော်ကပ်ကာ သံဃာတော်များကို အရုဏ်ဆွမ်းကပ်ရသည်။ ဘုန်းကြီးကျောင်း၏အဝင်ဝမှာ ပဒေသာပင်များကို တန်းစီထောင်ထားသည်။ မာမီ့ဆိုင်က ဝန်ထမ်းတွေ၊ ကိုကြီးရုံးကလူတွေနှင့် ဖိတ်ထားသည့်သူတွေစုံသလောက်ရှိတော့ ကထိန်တရားနာရသည်။

မတိုင်ခင် ကိုစောနေသွေးကိုမြင်လိုက်ရတာမို့ ဆယ်မင်းဆက်မှာအလှူလုပ်နေရင်း အကုသိုလ်စိတ်ဖြစ်မိသေးသည်။ အသားရောင် ရှပ်အင်္ကျီလက်ရှည်နှင့်ပုဆိုးကို ကျကျနနဝတ်ဆင်ထားသည့်ထိုသူက ထင်းလင်းထွက်နေအောင် တမင်ပြင်ဆင်လာတာ ဘယ်သူ့အတွက်လဲဆိုတာ အသိသာ။ သူတို့နှစ်ယောက်လုံး အကြည့်နှင့်စစ်ခင်းမိကြသေးသည်။


ကထိန်တရားနာပြီး ရေစက်ချမည့်အချိန်မှာ မာမီကဆယ်မင်းဆက်ကို အနောက်ဘက်ကိုသွားရန် မျက်စပစ်ပြသည်။

"သွား နွေဦးနဲ့အတူ ရေစက်ချလိုက်"

"တော်ပါပြီ"

နှစ်တိုင်းသားအမိနှစ်ယောက်အတူတူ ရေစက်အတူချခဲ့တာမို့ မာမီ့စကားကို သူငြင်းဆန်မိသည်။ သူကသေချာပေါက် ကိုကိုနှင့်အတူရှိချင်တာမှန်ပေမဲ့ မာမီ့ကိုတော့တစ်ယောက်တည်း မထားချင်။

"သွားပါဆယ်လေးရယ် မာမီပြောတာနားထောင်"

"မာမီ ကျွန်တော့်ကိုဘာလို့အဲလောက်အလိုလိုက်ရတာလဲ"

မာမီကပြုံးပဲနေသည်။ ရေစက်ချအမျှဝေဖို့ ဦးဇင်းကတရားစာတိုင်ပေးနေပြီမို့ သူစကားမပြောတော့ဘဲ အနောက်ဘက်ကိုပဲ ဖြည်းဖြည်းချင်းရွေ့သွားလိုက်သည်။

နွေဦးသည် နောက်တစ်ဖန်Where stories live. Discover now