အပိုင်း(1)

51.7K 1.9K 284
                                    

Unicode

Royal Trillionaire

မှိန်ဖျော့ဖျော့ နီယွန်မီးရောင် အလင်း ရှိသော ကျယ်ဝန်းသည့် အခန်းကျယ်ကြီးတွင် လူများစွာသည် ထူးဆန်းစွာ တိတ်ဆိတ်နေကြ၏။

အားလုံးသည် ဝတ်ကောင်းစားလှများ ဝတ်ဆင်ထားကြပြီး ကြည့်လိုက်ရုံဖြင့် အထက်တန်းလွှာ လူချမ်းသာများမှန်း သိသာထင်ရှားလေသည်။

သူတို့အားလုံးသည် အသက်ရှူရပ်မတတ် စားပွဲဝိုင်းတစ်ခုကိုသာ စိတ်လှုပ်ရှားစွာ ကြည့်ရှုနေကြလေ၏။

"ငါနိုင်ပြီ"

စွဲမက်ညှို့ငင်စရာကောင်းလှသော စကားသံတစ်သံထွက်ပေါ်လာသည်နှင့် စားပွဲဝိုင်းဘေးရှိပတ်ပတ်လည်မှ အုံခဲကာ ကြည့်ရှုနေကြသူများ ကိုယ်စီ သက်ပြင်းချသံတို့ ထွက်ပေါ်လာကြသည်။

သူတို့ ဒီရလဒ်ကို ခန့်မှန်းထားပြီးသားပင်။

ဘာကိုမျှော်လင့်ကာ သူတို့ ကြည့်ရှုမိခဲ့ကြသနည်း။

အပြုံးတစ်ခုအား ဆင်မြန်းထားကာ မျက်ဝန်းပြာများ ပိုင်ဆိုင်ထားသည့် ချောမောသော ကောင်လေးသည် စားပွဲပေါ်ရှိ Chip ပြားများအား အပိုင်သိမ်းလိုက်လေသည်။

သူ့ရှေ့တည့်တည့်တွင် တောင်လိုပုံနေသော chip ပြားများ ရောက်ရှိလာကြ၏။ တကယ်တော့ ထို chip ပြားများ၏ တန်ကြေးသည် သူနှင့် ယှဉ်ပြိုင်ခဲ့ကြသူများအတွက်တော့ သူတို့တစ်သက်တာ ရှာဖွေထားသမျှ အကုန်ဖြစ်ချေသည်။

ဒါကို ကောင်ချောလေးသိရှိသော်လည်း သူ့ပုံစံက ဂရုစိုက်ပုံမပေါ်။

"တမင် အရှုံးပေးကြလို့ ကျေးဇူးတင်ပါတယ်"

စကားတစ်ခွန်းဆိုလိုက်သည်နှင့် နစ်ဝင်သွားတတ်သော ပါးချိုင့်လေး။

နူးညံ့ကာ ကြေမွလွယ်သလို ကာကွယ်ပေးချင်စရာကောင်းသည့် သိမ်မွေ့သော ခန္ဓာကိုယ်။

တင်ပါးအောက်ခြေထိ ဝဲကျနေသော နက်ပြာရောင်ဆံနွယ်ရှည်များ။

မိန်းမဆန်ကာ ချောမောလွန်းလှသည့် မျက်နှာလှလှလေး။

သို့သော် ထိုအရာတို့က ဖုံးကွယ်ထားသည့် အပေါ်ယံသွင်ပြင် လက္ခဏာများသာ။

Royal Trillionaire(Complete)Where stories live. Discover now