အပိုင်း(32)

3.3K 366 51
                                    

Unicode

အပိုင်း(၃၂)

လျှံရှင်းဟန် ဟက်ဆန်ချားလော့အား မကျေမနပ်ကြည့်လိုက်သည်။

“မင်း”

ဟက်ဆန်ချားလော့က လျှံရှင်းဟန်အား မေးဆတ်ပြကာမေးလိုက်မည်။

“ဘာလဲ”

“သက်မွန်းတိမ်အပေါ် သေချာကောင်းပေးစမ်းပါ”

“အခု ဘာဖြစ်လို့လဲ…သက်မွန်းတိမ် တစ်ခုခုဖြစ်လို့လား”

“မဟုတ်ဘူး…သူ ကြုံခဲ့ရတာတွေက သူ့အတွက် စိတ်မလုံခြုံသလိုဖြစ်နေမှာ…မင်းသူ့ကို အရင်ထက် ပိုဂရုစိုက်ပေးမှဖြစ်မယ်…တခြားသူတွေကို ဂရုစိုက်ပေးတာလျှော့”

“ငါနားလည်ပါတယ်…ငါသူ့ကို အကောင်းဆုံး ဂရုစိုက်ပေးမှာပါ”

လျှံရှင်းဟန်နှင့် ဟက်ဆန်ချားလော့တို့ စကားပြောနေစဉ် လူနာခန်းတံခါးပွင့်သွားကာ အခန်းထဲသို့ ဦးဇီဝိန်သက်ပိုင် ရေးကြီးသုတ်ပျာဟန်ဖြင့် ဝင်လာသည်။

“မင်းတို့ ကောင်းကောင်းကို တွေ့မိသေးလား”

လျှံရှင်းဟန်နှင့် ဟက်ဆန်ချားလော့တို့ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်မိကြသည်။

“ကောင်းကောင်းက မင်းနဲ့အတူ ရှိနေတာမဟုတ်ဘူးလား”

ဟက်ဆန့်အမေးအား ဦးဇီဝိန်သက်ပိုင်က မျက်နှာပျက်စွာဖြင့် ခေါင်းခါရမ်းပြလိုက်သည်။

“ဒီနေ့ သူ့ကို ကျောင်းလိုက်ပို့တာ…ကျောင်းမတက်ဘဲ သူငယ်ချင်းတွေနဲ့‌ ကာစီနိုရောက်သွားတယ်…ပြီးတော့ သူ့သူငယ်ချင်းတွေနဲ့ လူချင်းကွဲသွားတာ…အခုထိ ရှာမတွေ့ဘူး”

ဟက်ဆန်ချားလော့ လျှံရှင်းဟန်တို့ ထိတ်လန့်သွားကြသည်။

ထိုစဉ် သူနာပြုလေးတစ်ယောက် လူနာခန်းထဲ ဝင်လာကာ စာတစ်စောင်ပေးလာသည်။

“လူတစ်ယောက်က လူနာ ဟက်ဆန်ချားလော့ကို ဒီစာ ပေးခိုင်းလိုက်ပါ”

ဟက်ဆန်ချားလော့ စာလက်ခံယူလိုက်သည်။

သူနာပြုမလေး ထွက်သွားပြီးနောက် စာကို ဖွင့်ဖတ်လိုက်သည်။

Royal Trillionaire(Complete)Where stories live. Discover now