အပိုင်း(23)
ဟက်ဆန်ချားလော့၏ အိပ်ရာထက် ညင်သာမှုမရှိ သူ့အား တွန်းလှဲချလိုက်မှုကြောင့် သက်မွန်းတိမ် အတော်လေး စိုးရိမ်ထိတ်လန့်သွားသည်။
မွှေ့ရာများက နူးညံ့အိစက်နေသောကြောင့်သာ သူ မနာကျင်ဘဲ သက်သာခြင်းဖြစ်၏။ဟက်ဆန်ချားလော့ ဒေါသအရမ်းထွက်နေမှန်းသိသောကြောင့် တောင်းပန်ရန်ပြင်လိုက်သည်။
"ဟက်ဆန်...ငါ မွန်းကြပ်လို့ ခဏလောက်အပြင်ထွက်ချင်ရုံလေးပါ...ငါတကယ် မင်းကိုထားမသွားဘူး"
ဟက်ဆန်ချားလော့ သက်မွန်းတိမ်၏ မေးရိုးအား တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်ပြီး
"ခင်ဗျားကို မယုံတော့ဘူး"
ဟက်ဆန်ချားလော့ အလိမ်အညာစကားများပြောနေသော သက်မွန်းတိမ်နှုတ်ခမ်းအား အတင်းအကြပ်နမ်းရှိုက်ကာ သွားဖြင့်ကိုက်ချလိုက်၏။
ခံတွင်းထဲတွင် သွေးအရသာများ လွှမ်းခြုံသွားသည်။
သက်မွန်းတိမ် ထိတ်လန့်ကာ ခြေထောက်များတွန့်ကွေး၍ ရုန်းကန်သော်လည်း မလွတ်မြောက်နိုင်ပေ။
ဟက်ဆန်ချားလော့၏လက်များက လည်ပင်းကိုဆုပ်ကိုင်ကာ တင်းကြပ်လာသောကြောင့် သက်မွန်းတိမ် လွန်စွာစိုးရိမ်ထိတ်လန့်လာသည်။
အသက်ရှူကြပ်မှုနှင့် နာကျင်မှုတို့က သူ့အားခံစားရခက်စေ၏။
မွန်းကြပ်မှုကြောင့် ဟက်ဆန်ချားလော့လက်အား လက်သည်းများဖြင့် ကုတ်ခြစ်လိုက်မိသည်။ အားကုန်သုံးကာ ထိုးစိုက်လိုက်ခြင်းဖြစ်သော်လည်း ဟက်ဆန်ချားလော့ဘက်မှ နည်းနည်းမျှပင်တွန့်ဆုတ်မသွား။
သက်မွန်းတိမ် ဟက်ဆန်ချားလော့အား ကြောက်ရွံ့လာမိ၏။ သူသည်းမခံနိုင်ချိန်ရောက်မှ ဟက်ဆန်ချားလော့လက်များက လည်ပင်းမှဖယ်ရှားကာ ဆံစများထဲ လက်ချောင်းများထိုးထည့်၍ ဆုပ်ကိုင်လာသည်။ နာကျင်အောင် ဆွဲစုပ်ထားခြင်းမဟုတ်သောကြောင့် အနည်းငယ် စိတ်သက်ရာရသွားသည်။
ဟက်ဆန်ချားလော့၏ အနမ်းကြမ်းကြမ်းများ နှုတ်ခမ်းပါးထက်မှ ဖယ်ခွာသွားပြီးနောက် လက်များက သူ၏ အင်္ကျီဆီရောက်ရှိလာကာ အင်္ကျီအားဆွဲဖြဲလိုက်၏။ သက်မွန်းတိမ် ကြောက်ရွံ့ကာ ကုန်းထ၍ ထွက်ပြေးရန်ပြင်လိုက်သော်လည်း ဟက်ဆန်ချားလော့လက်များက သူ့ခန္ဓာကိုယ်အား ဖမ်းချုပ်ကာ အိပ်ရာထက် ပြန်ပစ်ချလိုက်သည်။ အိပ်ရာနှင့် ကျောထိကပ်သွားချိန် ဟက်ဆန်ချားလော့က အပေါ်မှအုပ်မိုးကာ သူ၏လည်တိုင်အားသွားရာများနစ်ဝင်အောင် ကိုက်ချလိုက်၏။
ESTÁS LEYENDO
Royal Trillionaire(Complete)
Romanceညီဖြစ်သူ မတ်(စ်)ချားလော့အား ဆွဲဆောင်သွားသူ ဦးဇီဝိန်သက်ပိုင်၏တူဖြစ်သော သက်မွန်းတိမ်အား ဓားစာခံထားကာ ဟန်ဆောင်တွဲရာမှ သက်မွန်းတိမ်သည် ငယ်စဉ်က ဗုံးပေါက်ကွဲမှုတခုမှာ သူ ကယ်တင်ပေးခဲ့ရသည့် အစ်ကိုတစ်ယောက်မှန်း ဟက်ဆန်ချားလော့သိရှိသွားသောအခါ.... သူတို့လေးယောက...