Ep - 35 (စာမြည်း)(ရေဘေးအလှူအသိပေးစာလေးနဲ့ ဇာတ်လမ်းအကြောင်းလေးတွေလည်းပါဝင်လို့ အဆုံးထိဖတ်ပေးပါဦးနော်)
"ဘေဘီ ကိုယ့်ကို ဘယ်လိုခေါ်လိုက်တာလဲ"
"My boy"
"ထပ်ခေါ်"
"ကောင်လေး...ငါ့ကောင်လေး"
ဟက်ဆန်ချားလော့ သက်မွန်းတိမ်၏ နှုတ်ခမ်းတို့အား အတင်းဖိကပ်ကာ ခပ်ပြင်းပြင်းနမ်းရှိုက်လိုက်သည်။ စက္ကန်ပိုင်းမျှပင် အသက်ရှုခွင့်မပေးချေ။
သက်မွန်းတိမ် အသက်ရှုရန် လေမလုံလောက်၍ အတင်းရုန်းကန်လာသောအခါမှ လွှတ်ပေးလာသည်။
ဟက်ဆန်ချားလော့ သက်မွန်းတိမ်အပေါ် အုပ်မိုးထားရာမှ ရင်ခွင်ပေါ် ခေါင်းအပ်လိုက်ကာ ချွဲ၍ ပြောလိုက်၏။
"ကျွန်တော်က ခင်ဗျားအပိုင်...အဲဒါကြောင့် ကျွန်တော့်ကို ပစ်မသွားနဲ့...ခင်ဗျားဆီက စွန့်ပစ်မခံချင်ဘူး"
သက်မွန်းတိမ် ဟက်ဆန်ချားလော့၏ ဆံပင်များထဲ လက်ချောင်းများထိုးသွင်းကာ ဖွပေးလိုက်ရင်း
"ကလေး...ကိုယ်ထားမသွားဘူး...ကိုယ်မင်းကို ပစ်မသွားဘူး"
ဟက်ဆန်ချားလော့ သက်မွန်းတိမ် ရင်ခွင်ထဲ ခေါင်းအပ်ကာ ချွဲ့နွဲ့နေရာမှ အံ့အားသင့်ဟန် ခေါင်းထောင်၍ပြောလိုက်သည်။
"ဘေဘီ ထပ်ခေါ်ပေး...တခေါက်လောက် ထပ်ခေါ်ပေး"
"ကလေး...ငါ့ကလေးလေး"
ဟက်ဆန်ချားလော့ ပျော်ရွှင်မှုတို့ မျက်ဝန်းထဲ ပြည့်လျှံသွားရသည်။
သက်မွန်းတိမ်၏ နူးညံသော အသားအရည်တစ်လျှောက် သူ့အပိုင် အဖြစ်မှတ်ယူနိုင်သော အမှတ်အသားရာများစွာ ချန်ရစ်လိုက်သည်။
ရေဘေးအလှူအသိပေးစာ
ရေဘေးအတွက်အလှူငွေကောက်ခံခဲ့တာ စုစုပေါင်းအလှူငွေ - ၂၀၅၀၀၀ လှူခဲ့ပါတယ်။ ခိုင်နှင်းဝေ ပရဟိတ ဖောင်ဒေးရှင်းကို လှူဒါန်းခဲ့တာပါ။
Ria ဒီမှာ ငွေလွှဲ ss လေးတွေ ပြဖို့ upload လုပ်ကြည့်ပေမယ့် ဘယ်လိုမှရဘူးဖြစ်နေလို့။ ဘာပုံမှမပေါ်လာဘူး။ wp က ပုံ upload ခွင့်မပေးတော့တာလားဟင်?
YOU ARE READING
Royal Trillionaire(Complete)
Romanceညီဖြစ်သူ မတ်(စ်)ချားလော့အား ဆွဲဆောင်သွားသူ ဦးဇီဝိန်သက်ပိုင်၏တူဖြစ်သော သက်မွန်းတိမ်အား ဓားစာခံထားကာ ဟန်ဆောင်တွဲရာမှ သက်မွန်းတိမ်သည် ငယ်စဉ်က ဗုံးပေါက်ကွဲမှုတခုမှာ သူ ကယ်တင်ပေးခဲ့ရသည့် အစ်ကိုတစ်ယောက်မှန်း ဟက်ဆန်ချားလော့သိရှိသွားသောအခါ.... သူတို့လေးယောက...