အပိုင်း(22)

11.4K 944 237
                                    

Unicode

အပိုင်း(22)

သက်မွန်းတိမ် ခမ်းနားထည်ဝါသော စံအိမ်ကြီးကဲ့သို့ ရွှေရောင်အဆင်တန်ဆာများစွာဖြင့်အလှဆင်ထားသည့် အိမ်ကြီးအား မယုံကြည်နိုင်စွာ ကြည့်လိုက်သည်။

တောအုပ်အလယ်တွင် တည်ဆောက်ထားခြင်းဖြစ်ပြီး အိမ်အကူများနှင့် လက်နက်ကိုင်အစောင့်ကြပ်များစွာဖြင့် အိမ်ကြီးက အမှန်တကယ်တွင် သူ့အတွက် လှောင်အိမ်တစ်ခုမှန်း သိရှိလေ၏။

သက်မွန်းတိမ် သနားစရာကောင်းစွာဖြင့် ဟက်ဆန်ချားလော့အား ကြည့်ကာတောင်းဆိုလိုက်သည်။

“ဟက်ဆန် ငါ့ကို ပြန်ပို့ပေးမယ်မလား”

ဟက်ဆန်က သက်မွန်းတိမ်စကားအား မကြားဟန်ဆောင်လိုက်သည်။ထို့နောက် လက်နက်ကိုင်ထားသော အစောင့်အကြပ်ခေါင်းဆောင်ဖြစ်ဟန်တူသူနှင့် စကားများပြောနေ၏။

“အစောင့်အကြပ်တွေ နှစ်ဆထပ်တိုးလိုက်…ငါ ဒီရက်ပိုင်း ဒီမှာနေမယ်”

သက်မွန်းတိမ် ဒေါသထွက်သွားရသည်။

"ဟက်ဆန်ချားလော့...မင်းငါ့ကို ပြန်ပေးဆွဲလာတာ...ငါပြောတာလည်း ပြန်နားထောင်ဦး"

ဟက်ဆန်ချားလော့က အစောင့်အကြပ်ခေါင်းေဆာင်အား လက်ရမ်းပြကာ ထွက်သွားခိုင်းလိုက်ပြီး  သက်မွန်းတိမ်အား လှည့်ကြည့်လာ၏။

"သက်မွန်းတိမ်...ကျုပ် ခင်ဗျားကို ချစ်တယ်"

သက်မွန်းတိမ် ဆွံ့အမိသွားသည်။ လောကကြီးပင် ချာချာလည်သွားသလို။ သူ နားကြားမှားသည်လား။

"ဟက်ဆန်...မင်းဘာပြောလိုက်တာလဲ"

ဟက်ဆန်ချားလော့က တိကျပြတ်သားစွာဖြင့် ထပ်ပြောလာ၏။

"ခင်ဗျားကို ချစ်တယ်...အဲဒါကြောင့် ကျုပ်နဲ့အတူနေပေး"

သက်မွန်းတိမ် ထိုစကားတစ်ခွန်းဖြင့်ပင် သူတကယ်ကြီး အတူနေပေးချင်စိတ်များပေါ်လာသည်။ သို့သော် စိတ်တင်းကာ ခေါင်းရမ်းပြလိုက်သည်။

"ငါ ဒီမှာ မနေချင်ဘူး...ငါ့ဦးလေးစိတ်ပူနေမယ်"

"ခင်ဗျား မနေချင်လည်း နေရမှာပဲ"

Royal Trillionaire(Complete)Donde viven las historias. Descúbrelo ahora