အပိုင်း(15)

10.7K 892 150
                                    

Unicode

အပိုင်း(15)

ဦးဇီဝိန်သက်ပိုင် ကြက်ကြော်အား အားရပါးရစားနေသော မတ်(စ်)ချားလော့အား ကြည့်ကာ ခေါင်းရမ်းလိုက်မိ၏။

ပန်းသီးအား အခွံနွှာပေးနေရင်း မတ်(စ်)ချားလော့အား မေးလိုက်သည်။

"စားချင်တာစားရတော့ ကျေနပ်သွားပြီလား"

"ဘီယာရော ပါရင် ရှယ်ပဲ"

"မရဘူး"

ဘီယာမော့သည့်ပုံစံ လက်အမူအရာလုပ်ပြနေသော မတ်(စ်)ချားလော့၏လက်များက လေထဲတွင် ရပ်တန့်သွားသည်။ မတ်(စ်)ချားလော့ နှုတ်ခမ်းဆူလိုက်မိ၏။

"နောက်မှ ကိုယ့်ဘာသာ သွားသောက်မယ်"

ဦးဇီဝိန်သက်ပိုင် အခုထိ အလျှော့မပေးလုပ်နေသေးသော ကလေးအား ဆူရန်ပြင်လိုက်စဥ် တစ်အိမ်လုံး မီးအမှောင်ကျသွားလေသည်။

အမှောင်ကြောက်တတ်သော မတ်(စ်)ချားလော့ အကြောင်းသိရှိစွာ မတ်(စ်)ချားလော့ဘေး အမြန်သွား၍ လက်များအား ဆုပ်ကိုင်ပေးလိုက်၏။

"ကောင်းကောင်း အဆင်ပြေရဲ့လား"

မတ်(စ်)ချားလော့၏ လက်များက အေးစက်ကာ တုန်ယင်နေသည်။

"မီး...မီးက...ဘက်ထရီနဲ့ အော်တိုချိတ်ထားတာ...မီး...မီးတွေ ပြန်လင်းမလာသေးဘူး...တစ်ခု...ခုတော့ ဖြစ်နေပြီ"

မတ်(စ်)ချားလော့၏ အသံများက တုန်ရီကာ လှိုက်မောနေကြ၏။ မတ်(စ်)ချားလော့သည် အမှောင်ထုအား လွန်စွာကြောက်ရွံ့လေသည်။

ဦးဇီဝိန်သက်ပိုင် တုန်ရီနေသော မတ်(စ်)ချားလော့ကိုယ်အား ပွေ့ဖက်လိုက်၏။

"မကြောက်နဲ့...ဦး ရှိတယ်"

မတ်(စ်)ချားလော့ကမူ ဦးဇီဝိန်သက်ပိုင် ရင်ခွင်ထဲ တုန်ယင်နေဆဲဖြစ်သည်။

"ခွမ်းးး"

သူတို့အနားရှိ ပြတင်းပေါက်မှန်အား ခဲတစ်လုံးက လာမှန်ခြင်းဖြစ်၏။ အရှိန်ပြင်းစွာ ထိမှန်ခြင်းဖြစ်သောကြောင့် မှန်ကွဲစများက သူတို့ရှိရာဘက်လွင့်စင်လာသည်။

ဦးဇီဝိန်သက်ပိုင် ချက်ချင်း မတ်(စ်)ချားလော့အား မထိမှန်အောင် ကာကွယ်ပေးလိုက်၏။ မှန်ကွဲစများက သူ၏ကျောပြင်အား လာရောက်ထိမှန်ကုန်သည်။

Royal Trillionaire(Complete)Tempat cerita menjadi hidup. Temukan sekarang