Unicode
လွန်ခဲ့သော(6)နှစ်...
မတ်(စ်)ချားလော့ ဘာမှလုပ်စရာမရှိသောကြောင့် ပျင်းရိစွာဖြင့် ခြံထဲဆင်းလာလိုက်သည်။
သူ တဖြည်းဖြည်း လမ်းဆက်လျှောက်လာရင်း ခြံအနောက်ဘက်ရှိ ကိုကို၏ သေနတ်ပစ်လေ့ကျင့်ရာ သေနတ်ပစ်ကွင်းဆီ ရောက်ရှိလာ၏။
ကိုကိုက နားရွက်များအား အကာဖြင့်အုပ်ထားကာ သေနတ်ပစ်မျက်မှန်တပ်၍ ပစ်မှတ်အား ချိန်နေစဥ် သူ့အား မြင်လိုက်ရပုံပေါ်သည်။
သေနတ်အား အရှေ့ဘက်စင်ပေါ်တင်၍ သူ့အား ကြည့်လာ၏။ ကိုကို့ဘေးရှိ ကိုကိုအချစ်ဆုံးခွေး ဟက်စကီးကလည်း ကိုကိုနှင့်အတူ သူ့အား လှည့်ကြည့်လာသည်။
ဟက်စကီးက တအားလိမ္မာကာ ကိုကို့စကားအား အရမ်းနားလည်သောကြောင့် ကိုကိုအချစ်ဆုံးခွေးကြီးပင်။ အဖြူရောင် အရောင်အဆင်းနှင့် သာမန်ခွေးများထက် အနည်းငယ် ကြီးမားသော ကိုယ်ထည်ရှိကာ ကိုကို တောထဲအမဲလိုက်သွားတိုင်း ကိုကိုနှင့်အတူ လိုက်ပါတတ်သည့် အလိမ္မာဆုံးခွေးကြီးလည်းဖြစ်၏။
ကိုကို့ညီဖြစ်သော သူ့အားလည်းသိရှိကာ သခင်ဖြစ်သော ကိုကို့နည်းတူ သူ့စကားအားလည်း နာခံတတ်လေသည်။
"ပေါင်ပေ့...ဒီကို ဘယ်လိုရောက်လာတာလဲ"
ကိုကိုက နားအုပ်အား ချွတ်ကာ တခါတလေမှသာ ခေါ်ဆိုတတ်သော ချစ်စနိုးအခေါ်အဝေါ်ဖြင့် သူ့အား ခေါ်ဆိုရင်း မေးမြန်းလာ၏။
"ပျင်းလို့ လမ်းဆင်းလျှောက်ရင်း ကိုကို့ဆီ ရောက်လာတာ"
ကိုကိုက မျက်မှောင်ကြုတ်၍ စင်ပေါ်တင်ထားသော နားကြပ်အပိုတစ်ခုအား ယူကာ သူ့အနီးချည်းကပ်လာရင်း နားအုပ်များအား တပ်ဆင်ပေးရန်ပြင်လာသည်။
ကိုကို သေနတ်ပစ်လေ့ကျင့်လျှင် သူ့နားများအူသွားမည်ကို စိုးရိမ်နေပုံပေါ်၏။
ကိုကို နားများ အုပ်ပေးမလာခင် သူကိုကို့အား ဆိုလိုက်သည်။
"ကိုကို ကောင်းကောင်းကို သေနတ်ပစ်သင်ပေးပါလား"
ကိုကိုကသူ့အား ကြည့်လာလေ၏။
VOUS LISEZ
Royal Trillionaire(Complete)
Roman d'amourညီဖြစ်သူ မတ်(စ်)ချားလော့အား ဆွဲဆောင်သွားသူ ဦးဇီဝိန်သက်ပိုင်၏တူဖြစ်သော သက်မွန်းတိမ်အား ဓားစာခံထားကာ ဟန်ဆောင်တွဲရာမှ သက်မွန်းတိမ်သည် ငယ်စဉ်က ဗုံးပေါက်ကွဲမှုတခုမှာ သူ ကယ်တင်ပေးခဲ့ရသည့် အစ်ကိုတစ်ယောက်မှန်း ဟက်ဆန်ချားလော့သိရှိသွားသောအခါ.... သူတို့လေးယောက...