အပိုင်း(16)

10.9K 943 298
                                    


သက်မွန်းတိမ် ဟက်ဆန်ချားလော့အား ကားရပ်ခိုင်းလိုက်၏။

"ရပ်...ရပ်"

ဟက်ဆန်ချားလော့က စကားနားထောင်စွာ လုံးဝမရပ်ဘဲ သူ့ကိုတချက်ကြည့်ပြီး ဆက်မောင်းလိုက်သည်။

"ဘာလို့ရပ်ရမှာလဲ"

သက်မွန်းတိမ် သူ့အားအဲလောက်ထိ ဂရုစိုက်သော ဟက်ဆန်ကြောင့် ဆွံ့အသွားရ၏။

"ဒီမှာပဲ ရပ်တော့လေ...ကျောင်းရှေ့ထိ မသွားချင်ဘူး"

"ဘာလို့လဲ"

"မင်းကားကို လူတိုင်းသိတယ်လေ...မင်းကားပေါ်က ငါဆင်းလာရင် ထူးဆန်းနေမှာပေါ့"

"အဲတော့ဘာဖြစ်လို့လဲ"

ဂရုမစိုက်သလို ပြောနေသော ဟက်ဆန်ချားလော့ ကြောင့် သက်မွန်းတိမ် ဘာပြောရမှန်းမသိတော့။ တဖြည်းဖြည်းနှင့် ကားက ကျောင်းဝင်းထဲသို့ပင် ရောက်လာချေပြီ။

ဟက်ဆန်ချားလော့က ကျောင်းသားများအသွားအလာမပျက်သော နေရာတစ်ခုတွင်ပင် ကားရပ်လိုက်သည်။ ကျောင်းသားများက ကားထဲသို့မမြင်ရသော်လည်း ဟက်ဆန်ချားလော့ကားမှန်းသိရှိစွာ ကားထဲမှထွက်လာမည့် ဟက်ဆန်ချားလော့အား စောင့်မျှော်ကြည့်ရှုနေကြ၏။

နှစ်လတစ်ခါလောက်မှ ကျောင်းလာတတ်သော ဟက်ဆန်ချားလော့ကို အရမ်းရှုစားလိုဟန်ပေါ်နေကြသည်။ သက်မွန်းတိမ် ကားပေါ်မှဆင်းရမှာပင် လန့်လာမိ၏။

ဟက်ဆန်ချားလော့က သူ့အားကြည့်လာသည်။

"ဘာလုပ်နေတာလဲ၊ ဆင်းလေ" ဟူသော ပုံစံမျိုးဖြင့်။

သက်မွန်းတိမ် မဆင်းချင်၍ မျက်နှာမဲ့ကာ မျက်ဝန်းများက သနားစဖွယ်ကောင်းစွာဖြင့် တောင်းဆိုလိုက်သည်။

"ခင်ဗျား ကျောင်းမတက်တော့ဘူးလား"

သူ၏နည်းလမ်းက ဟက်ဆန်အတွက် အသုံးဝင်ပုံ မရချေ။

"မင်းအရင်ဆင်း"

သက်မွန်းတိမ် ဟက်ဆန်ချားလော့အား အရင်ဆင်းရန်တောင်းဆိုလိုက်၏။

ဒါဆို ဟက်ဆန့်အား စောင့်မျှော်နေသူများ နည်းနည်းလောက်တော့ ကျေနပ်သွားကောင်းပါရဲ့။

Royal Trillionaire(Complete)Where stories live. Discover now