Unicode
အပိုင်း(33)
ဂျိန်း၏ လူယုံတစ်ယောက် ဟက်ဆန်အနောက်သို့ရောက်လာကာ ဟက်ဆန်ချားလော့၏ နောက်စေ့အား သေနတ်ဒင်ဖြင့် ခပ်ပြင်းပြင်း ရိုက်ချလိုက်သည်။
“ခွပ်”
ခေါင်းမှနာကျင်မှုနှင့်အတူ ဟက်ဆန်ချားလော့ ကြမ်းပြင်ပေါ် ပြိုလဲကျသွားကာ ခေါင်းမှ သွေးများလည်း ယိုစီးလာသည်။
“ဟက်ဆန်”
သက်မွန်းတိမ် စိုးရိမ်တကြီး ကျယ်လောင်စွာ အော်ဟစ်လိုက်မိသည်။
ဟက်ဆန်ချားလော့ ကြမ်းပြင်ပေါ်မှ ပြန်၍မထနိုင်တော့ပေ။ဂျိန်း သွေးများထွေးထုတ်လိုက်ကာ အော်ဟစ်ဆဲလိုက်သည်။
“သန်လိုက်တဲ့ ခွေးမသား…မင်း သေဖို့သာပြင်ထား”
ကြမ်းပြင်ပေါ် လဲကျနေသော ဟက်ဆန်ချားလော့အား ခြေထောက်ဖြင့် ဆောင့်ကန်လိုက်သည်။
ခန္ဓာကိုယ်အနှံ့တရစပ် ကန်ကျောက်ကာ ဆဲရေးတိုင်းထွာလိုက်၏။“မအေ-ိုး…မင်းဒီနေ့ ငါ့လက်ချက်နဲ့ သေဖို့သာပြင်ထား”
ဟက်ဆန်ချားလော့၏ ပေါင်တဖက်အား စီးထားသော ဘွတ်ဖိနပ်ဖြင့် အရှိန် ခပ်ပြင်းပြင်းနင်းချေချလိုက်၏။
ချစ်ရသူ မနာကျင်စေရန် ရိုက်နှက်ခံရမှုများအား အသံမထွက်အောင် အောင့်အီးထားသော်လည်း ပြင်းထန်သောနာကျင်မှုအား ခံစားလိုက်ရချိန် ဟက်ဆန်ချားလော့ အသံထွက်အော်ဟစ်မိသွားသည်။
“အား”
သက်မွန်းတိမ် ကမ္ဘာ့ပျက်မတတ် တုန်လှုပ်သွားရသည်။
“မလုပ်ပါနဲ့….ငါတောင်းပန်ပါတယ်…ဂျိန်း….ငါ မင်းတောင်းဆိုတာ ဘာမဆိုလိုက်လျောပေးပါ့မယ်….ဟက်ဆန့်ကိုလွှတ်ပေးပါ”
သက်မွန်းတိမ် မျက်ဝန်းမှ မျက်ရည်များ တရစပ်စီးဆင်းလာသည်။
“အိုး ကိုယ့်ကလေးလေးက ဒီလိုကောင်အတွက် ငိုနေတာလား”
ဂျိန်း သက်မွန်းတိမ် နား လျှောက်သွားကာ သက်မွန်းတိမ် မျက်နှာကို ခပ်ကြမ်းကြမ်းကိုင်၍ မျက်ရည်များကို ဖိသုတ်ပစ်လိုက်သည်။
BINABASA MO ANG
Royal Trillionaire(Complete)
Romanceညီဖြစ်သူ မတ်(စ်)ချားလော့အား ဆွဲဆောင်သွားသူ ဦးဇီဝိန်သက်ပိုင်၏တူဖြစ်သော သက်မွန်းတိမ်အား ဓားစာခံထားကာ ဟန်ဆောင်တွဲရာမှ သက်မွန်းတိမ်သည် ငယ်စဉ်က ဗုံးပေါက်ကွဲမှုတခုမှာ သူ ကယ်တင်ပေးခဲ့ရသည့် အစ်ကိုတစ်ယောက်မှန်း ဟက်ဆန်ချားလော့သိရှိသွားသောအခါ.... သူတို့လေးယောက...