Unicode
အပိုင်း(26)
ဟေရှင်းနွယ် မျက်မှောင်ကြုံ့ကာ သက်မွန်းတိမ်အား စိုက်ကြည့်လိုက်သည်။
သက်မွန်းတိမ်က ဟေရှင်းနွယ်အကြည့်များကြောင့် စိတ်တိုဟန်ဖြင့် ဟေရှင်းနွယ်အား ဆူငေါက်လိုက်၏။
"ငါက မင်းရဲ့ဆရာ....မင်းက ငါ့ကျောင်းသား...မင်းငါ့ကိုလေးလေးစားစားဆက်ဆံဖို့လိုတယ်...မင်းအကြည့်တွေချက်ချင်း အောက်ချလိုက်စမ်း"
မတ်(စ်)ချားလော့က သက်မွန်းတိမ်အား အားရစွာကြည့်လိုက်မည်။
ဟက်ဆန်ချားလော့က သက်မွန်းတိမ်အား ထူးဆန်းဟန်အကြည့်စူးစူးများဖြင့် ပြန်ကြည့်နေမည်။
ဟေရှင်းနွယ်က ဟက်ဆန်ချားလော့လက်အားဖက်တွယ်လိုက်ကာ ကပ်ချွဲ၍ ပြောလိုက်မည်။
"မောင် ချစ်ကို ဆူနေတယ်"
မတ်(စ်)ချားလော့နှင့် သူငယ်ချင်းတစ်စုတို့ ဟေရှင်းနွယ်အား စိတ်ကုန်ဟန်အကြည့်များဖြင့် ကြည့်လိုက်ကြ၏။
ဟက်ဆန်ချားလော့က ဟေရှင်းနွယ်ကို ပြုံးပြလိုက်ကာ
"ကိုယ်သေချာမမှတ်မိလို့...ကိုယ့်ကို ပြောပြပေး...ကိုယ်ကဒီကျောင်းက ဆရာတွေကိုကြောက်ဖို့လိုလား"
ဟေရှင်းနွယ်က ဂုဏ်ယူဟန်ဖြင့် ပြန်ဖြေလိုက်မည်။
"မလိုဘူး...မောင်က အခွင့်ထူးခံကျောင်းသား"
"သြော်"
ဟက်ဆန်ချားလော့က လှောင်ပြုံးပြုံးလိုက်ကာ သက်မွန်းတိမ်အား ထီမထင်ဟန်ပြန်ကြည့်လိုက်မည်။
"ဒါဆို ကိုယ်မင်းကို ကြောက်ဖို့မလိုဘူးပေါ့"
သက်မွန်းတိမ်က ဟက်ဆန်ချားလော့အမေးအား ပြန်မဖြေနိုင်ဟန်ဖြစ်သွားမည်။
ဟက်ဆန်ချားလော့ဆီမှ အကြည့်လွှဲဖယ်လိုက်ပြီး ဟေရှင်းနွယ်အားကြည့်၍ ထပ်ပြောလိုက်မည်။
"မင်းငါ့အတန်းလာတက်ဖို့မလိုဘူး"
ဟေရှင်းနွယ်က ဒေါသထွက်ဟန်ဖြင့်
"ကျွန်မက ဘာလို့လဲ"
"ဆရာတစ်ယောက်ကို မလေးစားဘဲ အတန်းလာတက်ချင်သေးတာ...မင်းအတွက် ဘာပညာမှမရနိုင်ဘူး...တန်ဖိုးမထားတတ်တဲ့ မင်းကိုငါ့ဘက်ကလည်း ဘာပညာမှမပေးနိုင်ဘူး...ငါ့အတန်းကို မင်းလာစရာမလိုဘူး"
CZYTASZ
Royal Trillionaire(Complete)
Romansညီဖြစ်သူ မတ်(စ်)ချားလော့အား ဆွဲဆောင်သွားသူ ဦးဇီဝိန်သက်ပိုင်၏တူဖြစ်သော သက်မွန်းတိမ်အား ဓားစာခံထားကာ ဟန်ဆောင်တွဲရာမှ သက်မွန်းတိမ်သည် ငယ်စဉ်က ဗုံးပေါက်ကွဲမှုတခုမှာ သူ ကယ်တင်ပေးခဲ့ရသည့် အစ်ကိုတစ်ယောက်မှန်း ဟက်ဆန်ချားလော့သိရှိသွားသောအခါ.... သူတို့လေးယောက...