အပိုင်း(35)

4.6K 435 33
                                    

Warning(18+ adult only)

အပိုင်း(၃၅)

မတ်(စ်)ချားလော့၏ အတင်းဆွဲဆောင် တိုက်တွန်းမှုကြောင့် သက်မွန်းတိမ် အရက်အသောက်လွန်ကာ အတော်လေး မူးနေချေ၏။ အသိစိတ်ပင် သေချာမကပ်နိုင်တော့။

မတ်(စ်)ချားလော့လည်း အတော်အတန် မူးကာ ဘာမှ မသိတော့ချေ။ နှစ်ယောက်သား စိတ်လွတ်ကိုယ်လွတ် က. နေမိသည်မှာ သူတို့ဘေးနားတွင် ကျားမမရွေး လူအုံနေသည်ကိုပင် မသိရှိကြတော့။

သက်မွန်းတိမ် ခန္ဓာကိုယ်အား ယိမ်းထိုးလှုပ်ယမ်းကာ အချိန်တော်တော်ကြာအောင် စိတ်ကြိုက် ကနေမိ၏။

အသိစိတ်လည်း လုံးဝ ကပ်မနေတော့ဘဲ စားပွဲခုံပေါ်တက်ကာ ထကလိုက်မိသည်။
လူတချို့လည်း သူနှင့်အတူလိုက်၍ စားပွဲခုံပေါ်တက်ကာ လိုက်ကလာသည်။

လူတစ်ယောက်၏ ဆွဲလားရမ်းလားပုံစံ ခါးအား လာဖက်ခြင်းကို ခံစားလိုက်ရပြီး ရုန်းရန် ပြင်လိုက်စဉ် တစ်စုံတစ်ယောက်က သူ့အား လာဖက်သူကို တွန်းထုတ်၍ စားပွဲခုံပေါ်မှ ပွေ့ချီကာ အောက်ချလိုက်သည်ကို ခံစားလိုက်ရသည်။  သူ့အား ဆွဲချသူဆီ မှီတွယ်နေမိစဉ် ထိုသူ့ဆီမှ မကျေမနပ်အသံအား ကြားလိုက်ရ၏။

“သိပ်ပျော်နေတယ်ပေါ့ သက်မွန်းတိမ်”

သက်မွန်းတိမ် မျက်ဝန်းများ ကြိုးစားမှေးဖွင့်ကာ ကြည့်လိုက်တော့ ထင်သည့်အတိုင်း သူ၏ ဆိုင်သူ ဟက်ဆန်ချားလော့ပင်။

“ဘယ်လိုလုပ်ရောက်လာတာလဲ”

ဟက်ဆန်ချားလော့ မျက်မှောင်ကြုတ်လိုက်ကာ ဘာမှမပြောတော့ဘဲ ယိုင်ထိုးနေသော သက်မွန်းတိမ်အား ပွေ့ချီလိုက်သည်။

“ဟမ် ဘာလုပ်တာလဲ…ငါ က ဦးမှာ”

ဟက်ဆန်ချားလော့ ဒဏ်ရာတို့ အရှင်းမပျောက်သေးသော်လည်း နာကျင်မှုတို့အား သည်းခံကာ အံကြိတ်၍ ဆိုလိုက်၏။

“ကျုပ်အပိုင်ကို လာထိခွင့်မပေးနိုင်ဘူး”

ဟက်ဆန်ချားလော့ သက်မွန်းတိမ်အား ပွေ့ချီကာ club အပြင် ခေါ်ထုတ်လာ၏။
Club အပြင်ဘက်တွင် အတင်းရုန်းနေသော မတ်(စ်)ချားလော့လက်အား ဆုပ်ကိုင်ထားသည့် ဦးဇီဝိန်သက်ပိုင်တို့ကို တွေ့လိုက်ရ၏။ မတ်(စ်)ချားလော့သည်တော့ သူ့အား အတင်းဆွဲခေါ်ထုတ်လာသော ဦးဇီဝိန်သက်ပိုင်အား အော်ဟစ်နိုင်သည်အထိတော့ အနည်းငယ် အသိစိတ်ကပ်နေသေးသည်။

ဟက်ဆန်ချားလော့ club တက်သည့်အစီအစဉ်တွင် သူ့ညီက သေချာပေါက် ဦးဆောင်သူဖြစ်မှန်း သိနိုင်သည်။ ညီဖြစ်သူအား မကျေမနပ် ကြည့်လိုက်ပြီးနောက် ဦးဇီဝိန်သက်ပိုင်အား ပြောလိုက်၏။

“ကောင်းကောင်းကို ခင်ဗျားလက်ထဲ အပ်ခဲ့ပြီ”

ဦးဇီဝိန်သက်ပိုင် ခေါင်းညိတ်ပြလိုက်သည်။
ဟက်ဆန်ချားလော့ အနီရောင် Lamborghini ပေါ်သို့ သက်မွန်းတိမ်အား တင်လိုက်ပြီးနောက် ကားတံခါးပိတ်ကာ ကားမောင်းသူနေရာတွင်ထိုင်၍ ကားမောင်းထွက်သွားလိုက်သည်။

အရက်သောက်ကာ တခြားသူများနှင့် တွဲကသည်အထိ အမူးလွန်နေသောချစ်သူလေးအား သေချာပေါက်အပြစ်ပေးရန် လိုအပ်ချေသည်။
…………………………..

အိပ်ရာကုတင်ထက် ပစ်ချလိုက်သည်နှင့် ခြေပစ်လက်ပစ် လဲကျသွားသော သက်မွန်းတိမ်ပုံစံအား ကြည့်ကာ ဟက်ဆန်ချားလော့ သက်ပြင်းချလိုက်သည်။ ဘယ်လောက်တောင်Alcohol ပမာဏ များစွာ သောက်ထားမှန်း စဉ်းစား၍ပင် မရနိုင်။

ဟက်ဆန်ချားလော့ အိပ်ရာထက် လက်ထောက်ကာ သက်မွန်းတိမ်ပေါ် အုပ်မိုးလိုက်ပြီး လေသံမာမာဖြင့် သတိပေးစကားပြောလိုက်သည်။

“သက်မွန်းတိမ် ခင်ဗျား မအိပ်နဲ့ဦး…ကျုပ်သံပုရာရည် ဖျော်ပေးမယ်…သောက်ပြီးမှ အိပ်…ဒီပုံစံနဲ့ မနက်ဖြန်မှပဲ ခင်ဗျားနဲ့ ကျုပ် စာရင်းရှင်းကြတာပေါ့”

ဟက်ဆန်ချားလော့ စကားဆုံးသည်နှင့် လက်ထောက်ထားသည်အား ဖယ်လိုက်ကာ ထရန်ပြင်စဉ် သက်မွန်းတိမ်က သူ့အား နက်တိုင်မှနေ၍ ဆွဲချလိုက်သည်။ နှစ်ယောက်သား ထပ်ရပ်လဲကျသွားရာ သက်မွန်းတိမ် ထိခိုက်မည်စိုးစွာ ဟက်ဆန်ချားလော့ ပြန်မတ်ရန် ကြိုးစားလိုက်၏။

သို့သော် သက်မွန်းတိမ်က ဟက်ဆန်ချားလော့အား တင်းတင်းကြပ်ကြပ် ပွေ့ဖက်ထားကာ ဟက်ဆန်ချားလော့၏ နားရွက်ထဲသို့ လေမှုတ်လိုက်ပြီးနောက် တိုးညှင်းစွာကပ်ပြောလာသည်။

“နောက်နေ့ မလုပ်နဲ့…ဒီနေ့ ရှင်းရအောင်”

ထိုဩရှသော ဆွဲဆောင်မှုအသံအောက် ဟက်ဆန်ချားလော့ ထိုးတက်လာသော စိတ်ဆန္ဒများအား မနည်းထိန်းချုပ်လိုက်ရ၏။

“သက်မွန်းတိမ် ခင်ဗျား အရမ်းမူးနေပြီ…အိပ်လိုက်တော့”

သက်မွန်းတိမ် ဟက်ဆန်ချားလော့၏ ပေါင်အတွင်းသားများအား ထိကိုင်လိုက်ကာ လက်ဖြင့် ပွတ်ဆွဲလိုက်ပြီးနောက် ခပ်တိုးတိုး ကပ်၍ ပြောလိုက်သည်။

“ဟက်ဆန်ချားလော့ မင်းမလုပ်နိုင်ဘူးလား…ဘာလို့လဲ…ဒဏ်ရာရထားလို့လား”

ဟက်ဆန်ချားလော့၏ သွေးတို့ပွက်ပွက်ဆူသွားရ၏။

“သက်မွန်းတိမ်…အရင်စတာ ခင်ဗျားနော်…ပြီးမှ ကျုပ်အဆိုးမဆိုနဲ့”

သက်မွန်းတိမ် ဟက်ဆန်ချားလော့၏ ရင်ဘတ်အား လက်ညိုးဖြင့် တတောက်တောက် ထိုးကာ ရေရွတ်လိုက်သည်။

“မင်း ငါ့ကို ကောင်းအောင် လုပ်ပေးနိုင်လို့လား”
ဟက်ဆန်ချားလော့ နှုတ်ခမ်းစွန်းတို့ တွန့်ကွေးကာ ပြုံးလိုက်ပြီးနောက်

“စမ်းကြည့်လိုက်လေ”

ဟက်ဆန်ချားလော့ သက်မွန်းတိမ်၏ အဝတ်အစားများအား ဆွဲချွတ်ပစ်လိုက်သည်။

“အင်း ပူတယ်…ဒီအဝတ်တွေက ပူတယ်”

သက်မွန်းတိမ်ကလည်း အားတက်သရောပင် သူ့အဝတ်အစားများအား သူကိုယ်တိုင်ချွတ်ကာ ဟက်ဆန်ချားလော့အား ပူးပေါင်းပါဝင်ကူညီပေးလာသည်။

ဟက်ဆန်ချားလော့ သက်မွန်းတိမ်၏ ပွင့်လင်းလွန်းသော ပုံစံအား သဘောတကျကြည့်ကာ ရယ်မောလိုက်၏။

“ကိုယ့်ကို အင်္ကျီကူချွတ်ပေးမလား”

သက်မွန်းတိမ် ခေါင်းအား ဆက်တိုက် ထပ်ခါတလဲလဲ ညိတ်ကာ ဟက်ဆန်ချားလော့၏ အင်္ကျီကြယ်သီးတို့အား ဖြုတ်ပေးရန်ကြိုးစားလာသည်။

သို့သော်  တစ်ခုလေးပင် သေချာမဖြုတ်နိုင်၍ ဟက်ဆန်ချားလော့ စိတ်မရှည်တော့။ သက်မွန်းတိမ် လက်တို့အား ဆုပ်ကိုင်လိုက်ပြီးနောက်

“ဘေဘီ မလုပ်နဲ့တော့…အံဆွဲထဲက condom ယူပေး…ကိုယ့်ဘာသာ ချွတ်လိုက်တော့မယ်”

ဟက်ဆန်ချားလော့ အပေါ်ပိုင်း အဝတ်အစားများ ချွတ်နေချိန် သက်မွန်းတိမ် ယောင်တိယောင်ကမ်းဖြင့် အံဆွဲဖွင့်ကာ lubricant ဘူးအား ဆွဲထုတ်ပေးလာသည်။

“ရော့…မင်းအတွက်”

ဟက်ဆန်ချားလော့ မူးနေသည့်သူကို ခိုင်းမိသည့် ကိုယ့်ကိုကိုယ်သာ အပြစ်တင်မိတော့၏။
သို့သော် စနောက်ချင်လာသောကြောင့် သက်မွန်းတိမ် နားအနောက်နားဆီ ကပ်ကာ တိုးတိုးလေးပြောလိုက်သည်။

“ဘေဘီ အဲဒါကိုယ့်အတွက် မဟုတ်ဘူး…အဲဒါ မင်းအတွက်”

သက်မွန်းတိမ် lubricant ဘူးအား သေချာ ထောင်ကြည့်လိုက်ပြီး

“ငါ့အတွက်လား…လက်ဆောင်လား”

“အင်း ဘေဘီ့အတွက် လက်ဆောင်”

“ဘာလုပ်ရမှာလဲ”

ဟက်ဆန်ချားလော့ ရယ်မော၍ lubricant ဘူးအား ယူလိုက်ပြီးနောက်

“ပြီးရင် လုပ်ပြမယ်”

ဟက်ဆန်ချားလော့ အရက်မူးသည့်အခါ ပုံစံကွဲထွက်လာသည့် ချစ်စရာကောင်းသော ချစ်သူလေး ပုံစံအား သဘောကျစွာ ပါးအား နစ်ဝင်အောင်ထိ နမ်းရှိုက်လိုက်သည်။
သက်မွန်းတိမ်က ဟက်ဆန်ချားလော့အား အတင်းတွန်းထုတ်လာ၏။

“အင်း ပူတယ်”

ဟက်ဆန်ချားလော့ အသည်းယားစွာ သက်မွန်းတိမ် နားရွက်များအား ခပ်ဖွဖွကိုက်လိုက်မိသည်။

“အင့် ယားတယ်”

သက်မွန်းတိမ် မနေတတ်စွာ ရုန်းကန်နေမိ၏။
ဟက်ဆန်ချားလော့ သက်မွန်းတိမ်၏ အဝတ်ဗလာဖြစ်သွားသောကြောင့် သေချာမြင်တွေ့နေရသည့် ခါးသိမ်သိမ်လေးအား လက်တဖက်ဖြင့် မောင်ပိုင်စီးကာ တင်းတင်းကြပ်ကြပ် ပွေ့ဖက်လိုက်သည်။ ကျန်လက်များက သက်မွန်းတိမ်၏ သွယ်လျသော ပေါင်တံများတလျှောက် ပွတ်သပ်နေမိ၏။
အပူဒဏ်ကြောင့် သက်မွန်းတိမ်မှာ ရုန်းရန်ကြိုးစားသော်လည်း ဟက်ဆန်ချားလော့၏ ခွန်အားကို မတွန်းလှန်နိုင်။

ဟက်ဆန်ချားလော့ စိတ်ကျေနပ်အောင်ထိ ပေါင်သားတလျှောက် ထိတွေ့ကာ ပွတ်သပ်နေရင်း အသည်းယားစဖွယ်ဖြစ်နေသည့်  ချယ်ရီသီးများအား ရန်ရှာရန်တွေးတောလိုက်သည်။
ချယ်ရီသီးများအား ငုံ၍ စုပ်ခဲလိုက်၏။
ခံစားမှုကောင်းသောကြောင့် သက်မွန်းတိမ်၏ ကျောပြင် အထက်သို့ မြင့်တက်သွားရကာ တိုးလျသော ညည်းညူသံလေးများ ထွက်ပေါ်လာသည်။

“အင်း အာ့”

ဟက်ဆန်ချားလော့ သေးသွယ်သည့် ချယ်ရီသီးလေးများအား စုပ်ရသည်ကို အားမရစွာ သွားဖြင့် ခပ်တိတိဆွဲ၍ ကိုက်ခဲလိုက်သည်။

“အာ့…”

သက်မွန်းတိမ်၏ ခံစားချက်တို့ ပို၍ မြင့်တက်လာရ၏။

“ဟက်…ဟက်ဆန်…အာ့…My Boy”

ဟက်ဆန်ချားလော့ ကိုက်ခဲနေသည်အား ရပ်လိုက်ကာ သက်မွန်းတိမ်အား ပြန်မေးလိုက်သည်။

“ဘေဘီ ကိုယ့်ကို ဘယ်လိုခေါ်လိုက်တာလဲ”

“My boy”

“ထပ်ခေါ်”

“ကောင်လေး…ငါ့ကောင်လေး”

ဟက်ဆန်ချားလော့ သက်မွန်းတိမ်၏ နှုတ်ခမ်းတို့အား အတင်းဖိကပ်ကာ ခပ်ပြင်းပြင်းနမ်းရှိုက်လိုက်သည်။ စက္ကန်ပိုင်းမျှပင် အသက်ရှုခွင့်မပေးချေ။

သက်မွန်းတိမ် အသက်ရှုရန် လေမလုံလောက်၍ အတင်းရုန်းကန်လာသောအခါမှ လွှတ်ပေးလာသည်။

ဟက်ဆန်ချားလော့ သက်မွန်းတိမ်အပေါ် အုပ်မိုးထားရာမှ ရင်ခွင်ပေါ် ခေါင်းအပ်လိုက်ကာ ချွဲ၍ ပြောလိုက်၏။

“ကျွန်တော်က ခင်ဗျားအပိုင်…အဲဒါကြောင့် ကျွန်တော့်ကို ပစ်မသွားနဲ့…ခင်ဗျားဆီက စွန့်ပစ်မခံချင်ဘူး”

သက်မွန်းတိမ် ဟက်ဆန်ချားလော့၏ ဆံပင်များထဲ လက်ချောင်းများထိုးသွင်းကာ ဖွပေးလိုက်ရင်း

“ကလေး…ကိုယ်ထားမသွားဘူး…ကိုယ်မင်းကို ပစ်မသွားဘူး”

ဟက်ဆန်ချားလော့ သက်မွန်းတိမ် ရင်ခွင်ထဲ ခေါင်းအပ်ကာ ချွဲ့နွဲ့နေရာမှ အံ့အားသင့်ဟန် ခေါင်းထောင်၍ပြောလိုက်သည်။

“ဘေဘီ ထပ်ခေါ်ပေး…တခေါက်လောက် ထပ်ခေါ်ပေး”

“ကလေး…ငါ့ကလေးလေး”

ဟက်ဆန်ချားလော့ ပျော်ရွှင်မှုတို့ မျက်ဝန်းထဲ ပြည့်လျှံသွားရသည်။

သက်မွန်းတိမ်၏ နူးညံသော အသားအရည်တစ်လျှောက် သူ့အပိုင်  အဖြစ်မှတ်ယူနိုင်သော အမှတ်အသားရာများစွာ ချန်ရစ်လိုက်သည်။
သွယ်လျသော လည်တံရိုးအား စိတ်မထိန်းနိုင်စွာ ကိုက်ချလိုက်သည်နှင့် သက်မွန်းတိမ်ဆီမှ နာကျင်မှုကြောင့် ညည်းသံတိုးသဲ့သဲ့ ထွက်ပေါ်လာသည်။
လည်ပင်းသားတွင် marking ရာများ ပေးလိုက်ပြီးနောက် ပုခုံးအောက်နားအား သွားဖြင့် ခပ်နက်နက်လေး ကိုက်ချလိုက်၏။

“အာ့”

သက်မွန်းတိမ် ဟက်ဆန်ချားလော့၏ သူ့အား ဆွနေမှုအား သည်းမခံနိုင်တော့စွာ  တောင်းဆိုလိုက်သည်။

“ဟက်ဆန်…ငါ…ငါလိုချင်နေပြီ”

ဟက်ဆန်ချားလော့ ပြုံးလိုက်ကာ သက်မွန်းတိမ်၏ စိတ်ခံစားချက်ကြောင့် ထောင်မတ်လာသည့် အောက်ပိုင်းရှိ အရာအား လက်ဖြင့် ထိကိုင်လိုက်၏။

“အခုမှ အစပဲရှိသေးတာ…မလောပါနဲ့…ကျွန်တော်ပိုကောင်းအောင် လုပ်ပေးမယ်”

ဟက်ဆန်ချားလော့ သက်မွန်းတိမ်၏ အထိမခံနိုင်သည့် ထိုအရာအား လက်ဖြင့် ပွတ်ဆွဲလိုက်ရာ သက်မွန်းတိမ် ကျောများကော့တက်သွားရသည်။

“ဟက်ဆန်…အာ့…မလုပ်နဲ့”

“ကျွန်တော် ဒီထပ်ကောင်းအောင် လုပ်ပေးမယ်”

ဟက်ဆန်ချားလော့ နှုတ်ခမ်းစွန်းတို့ တွန့်ကွေးကာ ပြုံးလိုက်ပြီးနောက် သက်မွန်းတိမ်ခံစားချက်ကောင်းအောင် သူ၏ ပါးစပ်အား သုံးရန်ပြင်လိုက်စဉ် စားပွဲပေါ်ပစ်တင်ထားသော ဖုန်းမှ ringtone သံထွက်ပေါ်လာသည်။

ဟက်ဆန်ချားလော့ စိတ်ရှုပ်သွားကာ ဖုန်းအသံပိတ်၍ ဆက်လုပ်ဖို့ရာ ပြင်လိုက်သော်လည်း ရုတ်တရက် အကြံတစ်ခုဖြစ်ပေါ်လာ၏။
ပုံမှန်အရက်မမူးလျှင် ရှက်တတ်သော ပုံစံနှင့် ခြားနားနေသည့် သက်မွန်းတိမ်အား စနောက်ချင်လာမိသည်။

ဖုန်းအား ယူလိုက်ကာ ဖုန်းခေါ်သူအား ကြည့်လိုက်တော့ ပါးပါး ဖြစ်နေသည်ကိုတွေ့လိုက်ရ၏။
ဟက်ဆန်ချားလော့ အကြံအစည်များဖြင့် ပြုံးလိုက်ပြီးနောက် သက်မွန်းတိမ်လက်ထဲ ဖုန်းထည့်ပေးလိုက်သည်။

“သက်မွန်းတိမ် ဖုန်းဖြေလိုက်”

သက်မွန်းတိမ် ကြောင်အစွာဖြင့် ဖုန်းကိုင်ကာ ဟက်ဆန်ချားလော့အား ပြန်ကြည့်နေမိသည်။

“ဖုန်းဖြေရင် ဘေဘီလုပ်စေချင်တာ လုပ်ပေးမယ်”

သက်မွန်းတိမ် ချက်ချင်း ဖုန်းကိုင်လိုက်၏။
ဟက်ဆန်ချားလော့ ရယ်ချင်စိတ်အား ထိန်းချုပ်လိုက်ပြီး ခေါင်းငုံ့ကာ သက်မွန်းတိမ် ပစ္စည်းအား သူ့ပါးစပ်တွင်းသို့ သွင်းလိုက်သည်။

“ဟယ်…..လို”

သက်မွန်းတိမ် ဖုန်းပြန်ဖြေရင်း အသံများ အဖျားခတ် တုန်ရင်သွား၏။
မထီရာ ထူးဆန်းသည်ဟု ထင်လိုက်သော်လည်း မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

“သား သက်မွန်းတိမ်လား…ဟက်ဆန်က သားနဲ့အတူရှိနေတာလား…သူ မအားဘူးလား…ဘာလို့ ဖုန်းမကိုင်တာလဲ”

သက်မွန်းတိမ် မထီရာ မေးသည်များကို သေချာမကြားတော့။ ဟက်ဆန်ချားလော့၏ အပြုစုကောင်းမှုအောက် သူမိန်းမောသာယာသွားမိသည်။

“အာ့….အင်း…ကောင်းတယ်….အင်း”

မထီရာ အသံများအား နားထောင်ကာ အနည်းငယ် ရိပ်မိသယောင်ရှိလာသည်။

သို့သော် မဖြစ်နိုင်ပါဘူးဟုတွေးလိုက်ကာ

“ဟယ်လို သား….အဆင်ပြေရဲ့လား…နေမကောင်းဘူးလား”

“အင့် အား….အား….ကောင်းတယ်…နက်နက်လေး…အား….အား”

မထီရာ အသံများအား သေချာ confirm ပြီးချိန် လက်ထဲကိုင်ထားသော ဖုန်း ကြမ်းပြင်ပေါ် လွတ်ကျသွားသည်။

ကော်ဇောများခံထားသောကြောင့် ကံကောင်းစွာ ဖုန်းမှန်ကွဲမသွားပေ။

မလှမ်းမကမ်းတွင် mac book ဖြင့် အလုပ်လုပ်နေသော နိုဘယ်ချားလော့က စိုးရိမ်စွာ မထီရာဘေး ချက်ချင်းရောက်ချလာသည်။

“ကိုကို ဘာလို့လဲ”

မထီရာ အောက်ကျနေသော ဖုန်းအား လက်ညှိုးထိုးပြကာ ဘာပြောရမှန်းမသိဟန်ဖြင့် ဆွံ့အနေမိသည်။

“ဟို…ဟို”

နိုဘယ်ချားလော့ မျက်မှောင်ကြုတ်ကာ ဖုန်းအား ကောက်ယူ၍ နားထောင်ကြည့်လိုက်သည်။

“ဟက်….ဟက်ဆန်…အား….ရပ်…ရပ်တော့….အာ့…ငါ…ငါ မရတော့ဘူး….အာ့”

နိုဘယ်ချားလော့ မထီရာ၏ ရဲတွတ်နေသောနားနှင့် နီရဲနေသော မျက်နှာထားကို နားလည်သဘောပေါက်သွားရသည်။

နိုဘယ်ချားလော့ သက်ပြင်းချလိုက်ကာ

“အချိန်ကောင်းရောက်နေတာပဲ”

မထီရာလည်း သားဖြစ်သူတို့၏ ပွင့်လင်းမြင်သာသော အခြေအနေအား ထိုကဲ့သို့ ကြားလိုက်ရမည်ဟု မထင်မှတ်ထားပေ။ မျက်နှာများပင် ပူလာရသည်။

နိုဘယ်ချားလော့၏ အင်္ကျီလက်စအား ရှက်ရွံဟန်ဖြင့် ခပ်ဖွဖွဆွဲလိုက်ပြီးနောက် ပြောလိုက်၏။

“စပီကာချဲ့လိုက်”

နိုဘယ်ချားလော့မျက်ခုံးများ အပေါ်သို့ မြင့်တက်သွားရသည်။

“ကိုကို ဘာလုပ်ဖို့လဲ”

“မဟုတ်ဘူးလေ…သက်…သက်မွန်းတိမ်က စကားမပြောနိုင်တော့ သားကြီးကို မှာမလို့”

နိုဘယ်ချားလော့ ရှက်နေသည့်ဇနီးလေးအား ကြည့်လိုက်ပြီး

“ကိုကိုကလည်း…ဒီကိစ္စ ကျွန်တော်တို့ကြားလည်း ခဏခဏပဲလေ…ဘာလို့ ခုထိရှက်နေသေးတာလဲ”

“ပေါင်းပေါင်း မင်းလျှာမရှည်နဲ့….ငါတို့ကငါတို့…အခုက ငါတို့သားလေ”

“အင်း ဘာဖြစ်လို့လဲ…ကျွန်တော်တို့လည်း ကြိုးစားကြည့်မလား”

“ငါမင်းနဲ့စကားမပြောတော့ဘူး”

“ဒါဆို စပီကာ မဖွင့်ရတော့ဘူးလား”

“ဖွင့်လိုက်”

နိုဘယ်ချားလော့ ပြုံးကာ စပီကာ ဖွင့်လိုက်သည်နှင့် အသံများက ဖုန်းထဲမှ ဆူညံစွာထွက်ပေါ်လာကြသည်။

နိုဘယ်ချားလော့ မျက်မှောင်ကြုတ်လိုက်ပြီးနောက် မထီရာအား မေးလိုက်သည်။

“ကိုကို ဘာပြောမှာလဲ”

“ငါ…ငါ မပြောတော့ဘူး….မင်းသားကို မင်းပဲမှာလိုက်တော့”

နိုဘယ်ချားလော့ ရှက်ရွံ့နေသော မထီရာ့ပုံစံအားကြည့်ကာ အရင်က မထီရာ့ ဒယ်ဒီဆီဖုန်းဆက်တုန်း သူတို့ လုပ်ခဲ့ချိန်ကို ပြန်တွေးမိသွားကာ  ပြုံးမိသွားသည်။ ထို့နောက် မျက်နှာပြန်တည်လိုက်ကာ ဖုန်းထဲသို့ ပြောလိုက်သည်။

“သက်မွန်းတိမ်…ဟက်ဆန်ချားလော့ဆီ ဖုန်းပြန်ပေးပေးမလား”

“အင်း…အွန်း….ဟုတ်”

သက်မွန်းတိမ် ဟက်ဆန်ချားလော့ဆီ ဖုန်းပြန်ပေးလိုက်ရာ ဟက်ဆန်ချားလော့လည်း လုပ်လက်စအလုပ်အား ခဏရပ်၍ ပြောလိုက်သည်။

“စပီကာ ဖွင့်လိုက်”

သက်မွန်းတိမ် ခေါင်းညိတ်ပြကာ စပီကာ ဖွင့်လိုက်၏။

ဟက်ဆန်ချားလော့လည်း ဆက်၍ အလုပ်ဆက်လုပ်လိုက်သည်။

ဖုန်းထဲမှ နိုဘယ်ချားလော့ အသံထွက်ပေါ်လာ၏။

“ဟက်ဆန်ချားလော့ မင်းခန္ဓာကိုယ်က အရမ်းကောင်းသေးတာ မဟုတ်ဘူး….သေချာဂရုစိုက်ဖို့ မမေ့နဲ့…အလုပ်လွန်ပြီး သေသွားရင် လူအိုက လူငယ်ကို ပြန်လိုက်ပို့နေရမယ်”

ထို့နောက် မထီရာ့ဆီမှ အသံလည်း ဆက်၍ ထွက်ပေါ်လာသည်။

“သားကြီး အဟမ်း…ကိုယ့်ဘာသာကိုယ်ထိန်း…မဟုတ်ရင် နောက်မှပြန်ချော့နေရမယ်”

ဟက်ဆန်ချားလော့ ခပ်ဟဟရယ်မောလိုက်ကာ ဖုန်းယူ၍ ပိတ်လိုက်ပြီးနောက် ဖုန်းအား စားပွဲခုံပေါ်ပစ်တင်လိုက်သည်။

သက်မွန်းတိမ် မူးနေသည့်အရှိန်ဖြင့် ရီဝေဝေ ပြောလာသည်။

“ငါ့ဖုန်း….ငါ့ဖုန်း”

ဟက်ဆန်ချားလော့ မူးနေသည့် သက်မွန်းတိမ်အား ထပ်၍ စနောက်ချင်လာရာ သက်မွန်းတိမ် ချွတ်ထားသော အဝတ်များ၏ အိတ်ထောင်ထဲမှသက်မွန်းတိမ် ဖုန်းအား ယူပေးလိုက်သည်။

“ရော့ ဒီမှာ ကိုကို့ဖုန်း”

သက်မွန်းတိမ်က သူ့ ဖုန်းအား ယူကြည့်လာသည်။
ဟက်ဆန်ချားလော့ စနောက်ချင်ဟန်ဖြင့်

“ဘေဘီ ကိုယ့်ကို ချစ်လား”

သက်မွန်းတိမ် မူးဝေဝေဖြင့်

“အင်း ချစ်တယ်”

“သေချာလား”

“သေချာတယ်”

“ဘယ်လောက်ထိချစ်လဲ”

သက်မွန်းတိမ် လက်ဖြင့် ပုံသဏ္ဍန်လုပ်ပြကာ

“အများကြီး…အများကြီး”

“ကိုယ့်ချစ်သူ ဖြစ်ပေးနိုင်မလား”

“အင်း”

“ဒါဆို ကိုယ်တို့ အခု အတူတူရှိနေတာ တခြားသူတွေကိုအသိပေးချင်လား”

သက်မွန်းတိမ် ခေါင်းခါရမ်းပြသည်။

“ဟင့်အင်း”

“ဘာလို့လဲ”

“သူတို့က ငါ့ကို အပြစ်ပြောကြလိမ့်မယ်”

“မပြောပါဘူး…သူတို့ မပြောစေရဘူး…ကျွန်တော်ကာကွယ်ပေးမယ်”

“သေချာလား”

“အင်း သေချာတယ်”

“ဒါဆို ငါသူတို့ကိုပြောသင့်လား”

“ပြောသင့်တာပေါ့…ခင်ဗျားက ကျုပ်အပိုင်ဆိုတာ သူတို့ကို ကြေညာထားသင့်တယ်…ဒါမှ ခင်ဗျားနဲ့ ကျုပ်ကြား ဘယ်သူမှ လာမရှုပ်ရဲမှာ”

“အဲလိုလား”

“အင်း”

“ဒါဆို ငါဘယ်လိုပြောရမလဲ”

ဟက်ဆန်ချားလော့ သက်မွန်းတိမ်ဖုန်းအား လက်ညှိုးထိုးပြကာ

“ဖုန်းနဲ့ကြေညာလိုက်”

“အိုကေ”

သက်မွန်းတိမ် ယောင်တောင်တောင်ဖြင့် ဆရာများ အလုပ် gp ထဲ ဝင်ကာ vd call ခေါ်လိုက်သည်။
ဟက်ဆန်ချားလော့ မျက်ခုံးပင့်သွားရ၏။
တကယ်ကြီး vd call ထိခေါ်ချမည်ဟု မထင်ပေ။ စောင်တထည် အမြန်ယူလိုက်ကာ သက်မွန်းတိမ်အား စောင်ဖြင့် အမြန်ကောက်ပတ်ပေးလိုက်သည်။ သူသည်တော့ အပေါ်ပိုင်း အဝတ်ဗလာကျင်းနှင့်ပင်။ ကြွက်သားများအား လှစ်ဟဖော်ပြထားသလိုဖြစ်နေသည်။

Vd call အရင်လက်ခံကာ ရောက်လာသူမှာ ကျောင်းအုပ်ဆရာကြီးဖြစ်သည်။
ဟက်ဆန်ချားလော့၏ အပေါ်ပိုင်း အဝတ်ဗလာကျင်းပုံစံနှင့် သက်မွန်းတိမ်၏ အဖြူရောင်ဂွမ်းစောင်ဖြင့် ပတ်ခံထားရသော ပုံစံအား ကြည့်ကာ ကျောင်းအုပ်ဆရာကြီး မျက်လုံးပြူးသွားရသည်။

“ပါမောက္ခ သက်မွန်းတိမ်…မင်းဘယ်လိုလုပ်…”

သက်မွန်းတိမ် မျက်လုံးများ မဖွင့်ဘဲ ရယ်ပြလိုက်ကာ

“လူလည်းမစုံသေးဘူး…လူစုံမှ ရှင်းပြမယ်…ဟီးးး”

ဟက်ဆန်ချားလော့နှုတ်ခမ်းများ ကွေးညွှတ်ကာပြုံးလိုက်မိ၏။

သူချစ်ရသူလေးက မူးလျှင် အရမ်းချစ်ဖို့ကောင်းလွန်းနေသည်။ တကယ့်ကို အသည်းယားစဖွယ်လေးပင်။

ခဏချင်းပင် ဆရာများ တစ်ယောက်ပြီး တစ်ယောက် vd call အား join လာကြသည်။
Vd chatting room ထဲ ရောက်လာသူများ တစ်ယောက်ပြီးတစ်ယောက် မျက်လုံးများ ပြူးကျယ်ကုန်ကြသည်။

ဟက်ဆန်ချားလော့ လက်ပိုက်ကာ သက်မွန်းတိမ် ဘာဆက်လုပ်မလဲ စောင့်ကြည့်နေ၏။ ဆရာများလည်း ဟက်ဆန်ချားလော့၏ စိုက်ကြည့်နေသည့် ပုံစံကြောင့် ဘာပြောရမလဲမသိဖြစ်နေကြသည်။ အကုန်လုံး ဘာမှမပြောနိုင်ဘဲ ငြိမ်နေမိကြ၏။

Royal Trillionaire(Complete)Où les histoires vivent. Découvrez maintenant