Unicode
အပိုင်း(၃၀)
သက်မွန်းတိမ် ကျောင်းရှေ့တွင် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေမိသည်။ စာသင်ဖို့ သွားရမည်ဖြစ်သော်လည်း ကျောင်းတွင် ဟက်ဆန်ချားလော့နှင့် ဆုံမှာကို စိုးရိမ်နေခြင်းဖြစ်သည်။
ချီတုံချတုံဖြစ်နေပြီးနောက် သူအိမ်ပြန်ဖို့သာ ဆုံးဖြတ်ချက်ချလိုက်တော့သည်။ နောက်ပြန်လှည့်လိုက်ချိန် သူ့ဘေးသို့ ကားတစ်စီးရုတ်တရက် ထိုးရပ်လာခဲ့သည်။
သက်မွန်းတိမ် လန့်သွားကာ မသိစိတ်၏ လှုံ့ဆော်မှုအရ ချက်ချင်းပြန်လှည့်ပြေးရန် ပြင်လိုက်သည်။ သို့သော် ကားပေါ်မှ လူတစ်ယောက်ဆင်းလာပြီး သက်မွန်းတိမ်အား ပုခုံးပေါ်ထမ်းတင်လိုက်၏။
သက်မွန်းတိမ် မည်သူမှန်းသိရှိစွာ ဒေါသများဖြင့် အော်ဟစ်လိုက်သည်။
“ဟက်ဆန်ချားလော့ ငါ့ကိုချပေး”
ဟက်ဆန်ချားလော့ သက်မွန်းတိမ်အား ကားပေါ်တင်ကာ ကားတံခါးဆောင့်ပိတ်လိုက်သည်။
ထို့နောက် မောင်းသူနေရာတွင် တက်ထိုင်လိုက်၏။ သက်မွန်းတိမ် ကားတံခါးအတင်းတွန်းဖွင့်သော်လည်း ဖွင့်မရတော့။
ဟက်ဆန်ချားလော့က ဂရုမစိုက်ဘဲ ကားမောင်းထွက်လာခဲ့သည်။
“ဟက်ဆန်ချားလော့ မင်းငါ့ကိုဘယ်ခေါ်သွားမလို့လဲ…ငါ့ကိုလွှတ်ပေး”
“ငြိမ်ငြိမ်ထိုင်နေ သက်မွန်းတိမ်…ကျုပ် ဘရိတ်မထိန်းနိုင်ရင် ခင်ဗျားရော ကျုပ်ပါ တခါတည်း တန်းသေသွားမယ်”
ကားအရှိန်မှာ ပိုမိုမြန်ဆန်လာသောကြောင့် သက်မွန်းတိမ် ကားတံခါးအား အတင်းမတွန်းတော့ဘဲ ငြိမ်သက်လိုက်သည်။
ရုတ်တရက် ဘရိတ်ဆောင့်အုံ့လိုက်မှုကြောင့် သက်မွန်းတိမ် အရှိန်မထိန်းနိုင်ကာ လဲမလိုဖြစ်သွားရသည်။
ဟက်ဆန်ချားလော့က သူ့ပုခုံးအား ဆုပ်ကိုင်ကာထိန်းပေးလာ၏။
သက်မွန်းတိမ် တခဏ ကြောင်အသလိုဖြစ်သွားချိန် ဟက်ဆန်ချားလော့က သူ့ခန္ဓာကိုယ်အား ဆွေ့ခနဲ ပွေ့ချီကာ ပေါင်ပေါ်တင်လိုက်သည်။
CZYTASZ
Royal Trillionaire(Complete)
Romansညီဖြစ်သူ မတ်(စ်)ချားလော့အား ဆွဲဆောင်သွားသူ ဦးဇီဝိန်သက်ပိုင်၏တူဖြစ်သော သက်မွန်းတိမ်အား ဓားစာခံထားကာ ဟန်ဆောင်တွဲရာမှ သက်မွန်းတိမ်သည် ငယ်စဉ်က ဗုံးပေါက်ကွဲမှုတခုမှာ သူ ကယ်တင်ပေးခဲ့ရသည့် အစ်ကိုတစ်ယောက်မှန်း ဟက်ဆန်ချားလော့သိရှိသွားသောအခါ.... သူတို့လေးယောက...