အပိုင်း(28)

10.5K 730 134
                                    

Unicode

အပိုင်း(၂၈)

ဟေရှင်းနွယ် မျက်ဝန်းတို့အား ဖွင့်လိုက်သည်နှင့် ထိတ်လန့်ကြောက်ရွံ့ခြင်းကို ခံစားလိုက်ရ၏။

သူမ သေမလို ဖြစ်သွားခဲ့သည်မလား။ ယခုထိ လည်ပင်းညှစ်ခံရသည့် ခံစားချက်ကို မမေ့နိုင်သေးပေ။

"နိုးပြီလား"

ထွက်ပေါ်လာသော အသံကြောင့် ဟေရှင်းနွယ် ထိတ်လန့်ကာ အိပ်ရာမှ ထထိုင်လိုက်မိသည်။

သူမ မြင်လိုက်ရသည်က သူမကို စိုးရိမ်နေသည့် မျက်ဝန်းများဖြင့် ကြည့်နေသော ဟက်ဆန်ချားလော့ ကိုပင်။

"အဆင်ပြေရဲ့လား"

ဟက်ဆန်ချားလော့က သူမအား ရေတစ်ခွက်ကမ်းပေးရင်း စိုးရိမ်စွာ‌မေးလာသည်။

ဟေရှင်းနွယ် အထိတ်တလန့် ပြန်ဖြေလိုက်၏။

"မောင် ချစ် လည်ပင်းညှစ်ခံရတယ်...ချစ်ကို တစ်ယောက်ယောက် သတ်ချင်နေတာ.... ချစ် ကို သတ်ချင်တဲ့သူရှိတယ်"

ဟေရှင်းနွယ် စကားအား နားထောင်ပြီးနောက် ဟက်ဆန်ချားလော့က ဟေရှင်းနွယ်အား ထူးဆန်းဟန်မျက်ဝန်းများဖြင့် ကြည့်လာ၏။

"မင်း အိပ်မက်ယောင်နေတာဖြစ်မယ်"

ဟေရှင်းနွယ်က စိတ်တိုဟန်ဖြစ်သွားကာ ချက်ချင်းမှန်တင်ခုံရှေ့ ပြေး၍ သူမလည်ပင်းကို ကိုင်ကြည့်လိုက်သည်။

လည်ပင်းတစ်ခုလုံး နီရဲနေသည်က လည်ပင်းညှစ်ခံထားရမှန်း သက်သေပင်။

ဟေရှင်းနွယ် ဟက်ဆန်ချားလော့ဘက် လှည့်ကာ သက်သေကို မြင်အောင် ပြလိုက်၏။

"ဒီမှာ မောင်...ချစ် လည်ပင်းညှစ်ခံထားရတာ...ဒါက သက်သေပဲ"

ဟက်ဆန်ချားလော့က ဟေရှင်းနွယ်အား ဂရုဏာ သက်သည့်မျက်ဝန်းများဖြင့် ပြန်ကြည့်လိုက်ပြီးနောက်

"အဲဒါ မင်းဘာသာမင်း လည်ပင်း ညှစ်ထားတာ...မင်း အိပ်မက်ယောင်ပြီး ညှစ်တာဖြစ်မယ်...ကိုယ် မင်းဒဏ်ရာတွေ ဆေးလိမ်းပေးဖို့ လာတာ...မင်းက ကိုယ့်လည်ပင်းကို ပြန်ညှစ်နေတာနဲ့ ကိုယ် မင်းကို ချက်ချင်း တားလိုက်ရတယ်...တော်တော်ကြာတဲ့ထိ မင်းက လည်ပင်းညှစ်ထားတာကို မလွှတ်ဘူး...ဆွဲဖယ်တဲ့ ကိုယ့်လက်တွေကိုတောင် မင်းပြန်ကုတ်သေးတယ်"

Royal Trillionaire(Complete)Tempat cerita menjadi hidup. Temukan sekarang