Part-7(Uni+Zg)

150 8 1
                                    

ညအမှောင်တွင်လည်းရန်ကုန်မြို့ကြီးကဆူညံနေဆဲ..ဝရံတာဘက်ထွက်ကြည့်တဲ့အခါကားတွေချောင်းပေါက်မတက်မောင်းလို့နေတဲ့လမ်းမကျယ်ကြီးတွေကိုတွေ့ရတယ်။အမှောင်တွေကိုကြောက်တဲ့သူ့အဖို့ဤရန်ကုန်မြို့ပြဟာကျေနပ်စရာကောင်းနေခဲ့သည်။

"မအိပ်သေးဘူးလား ကိုယ်ကအိပ်သွားပြီတောင်ထင်တာ"

"လန့်သွားတာပဲကိုသက္ကရယ် မအိပ်သေးဘူးဗျ ကျုပ်ရန်ကုန်မြို့ကြီးကိုကြည့်နေတာ "

"သဘောကျလား"

"အင်း အဲ့ဒီ့လိုမီးရောင်စုံတွေတောက်နေတာကိုသဘောကျတယ် ကျုပ်ကအမှောင်ကြောက်တတ်တော့မီးရောင်ရှိတဲ့နေရာကနိဗ္ဗာန်ပဲ"

"မပူပါနဲ့ ရွှေချိုးကြောက်ရင်ကိုယ်ဖက်ထားပေးမှာပေါ့"

"ဗျာ.."

ပေါ်တင်ကြီးလား ရွှေချိုးပါးတွေရဲတက်သွားခဲ့ပြီးရင်တွေမတရားခုန်လာရ၏။

"ကိုယ့်စကားကတစ်မျိုးဖြစ်သွားလို့စိတ်ဆိုးတာလား"

"မဟုတ်ပါဘူး ကျုပ်..ကျုပ်တစ်မျိုးကြီးဖြစ်သွားလို့"

ရွာမှာလေးခွကိုင်ခဲ့တဲ့လက်တွေကအေးစက်နေကာသက္ကသူ့ကိုစိုက်ကြည့်နေတာသတိထားမိတော့နားထင်မွှေးတွေပါထောင်လာတော့တယ်။

"ဆံပင်အရောင်လေးကမင်းနဲ့လိုက်တယ်"

"အဲ့ဒါလား ရွာကအပျိုတစ်သိုက်သင်္ကြန်တုန်းကအတင်းချုပ်ဆိုးပေးလိုက်တာ ဟင်္သာရောပဲလေ "

"အင်း..အမှန်အတိုင်းပြောရရင် ကိုယ်ဟင်္သာကိုမနာလိုဖြစ်မိတယ်"

"ဘာဖြစ်လို့လဲ ကိုသက္ကကအရာရာမှာသာနေတာပဲကို"

"မသာပါဘူး... ရွှေချိုးနဲ့ပတ်သက်ရင်ကိုယ်ကသူ့ထက်ခြေတစ်လှမ်းနောက်ကျနေသလိုခံစားရတယ်"

ရွှေချိုးရင်ထဲမှာဒိန်းခနဲဆောင့်တက်သွားရပြီးမျက်မှောင်လည်းကျုံ့ချလိုက်မိသည်။ဒီအခြေအနေကလွတ်အောင်သူဘယ်လိုများဖန်တီးရပါ့မလဲ..သက္ကအကြည့်တွေကခပ်းစူးစူးပင်..တော်တော်ကြာသူ့ကိုမဟုတ်တရုတ်တွေလုပ်နေမှဖြင့်..

~မေတ္တာလုံ၍နွေးစေချင်~(On going)Where stories live. Discover now