Part-40(Uni+Zg)

83 3 0
                                    

!ဂျီးး.ဂျီးးး!

အင်းဆက်ကောင်လေးတွေရဲ့တဂျီဂျီအော်သံလေးတွေကလက်ပံကုန်းရွာကလေးကိုဖုံးလွှမ်းထားတယ်။ပိုးကောင်မွှားကောင်လေးတွေရဲ့အသံတွေကပဲအိပ်မောကျစေနိုင်သည်ထင် ရွာသူရွာသားများမှာအိမ်အိုလေးများအတွင်းအမှောင်ချကာအိပ်စက်ခြင်းသို့ရောက်ရှိပေ၏။

"ရွှေချိုး..."

အသံခပ်သဲ့သဲ့ပြုသော်ငြား နံဘေးတွင်ခွေခွေကလေးလှဲနေသောကောင်လေးမှာနိုးမလာခဲ့..
ဘုန်းကြီးကျောင်းဖြစ်လို့မီးအိမ်လေးထွန်းထားခဲ့ပေမယ့် ညဥ့်နက်ပြီဖြစ်လို့အားကုန်တော့မည်လေ...
ခေါင်းရင်းပေါက်ပြတင်းတံခါးကနေမော့ကြည့်မိတော့ဝိုင်းစက်နေတဲ့လမင်းကြီးကရွှေရောင်ဖိတ်ဖိတ်တောက်လို့..

"ဟက်..."

အကြောင်းမဲ့သပ်သပ်ပဲသက္ကရီလိုက်မိတယ်..နံဘေးမှာလှဲအိပ်နေရှာတဲ့ကောင်လေးရဲ့မျက်နှာ တစ်ချက်တစ်ချက်ရှုံ့မဲ့သွားတာတွေ့ရတော့အိပ်မက်ဆိုးများမက်နေခဲ့သည်လား....

"ရွှေချိုး.."

နှိုးလည်းမနှိုးရက်ပါပေ...ရုတ်တရပ်သတိထားမိလိုက်သည်ကခေါင်းအောက်ခုအိပ်ထားသည့်အရာ...ဆက်ခနဲခေါင်းကြွပြီးစမ်းမိတော့

"ဟင်...လက်"

ဟုတ်ပါရဲ့ ညနေကသူအကဲပိုအချွဲလွန်ပြီးရွှေချိုးရင်ခွင်ထဲအိပ်ပျော်သွားခဲ့တာ..ကောင်လေးကလက်မောင်းပေါ်ခေါင်းတင်သိပ်ခဲ့သည်ထင်ပါ၏။

"လက်ကလေးနာနေတော့မှာပဲကွာ"

ပူထူနေတဲ့လက်မောင်းလေးကိုဖယ်ပေးလိုက်ရင်းအနားကခေါင်းအုံးပေါ်သူအုံးလိုက်တယ်။

"ဟင့်..."

"အေးအေး ကိုယ်ရှိတယ်.."

သေချာပေါက်လက်မောင်းလေးညောင်းညာနေမှာပဲလေ..ဒဏ်ရာကြီးရှိနေလျက်ကပဲရွှေချိုးကိုယ်လေးကိုသူဆွဲဖက်ထားလိုက်ပါရဲ့..

!တောင်..တောင်..တောင်..!

"ဘာသံလဲဟ"

!ရွာထဲကိုကျားဝင်လာတယ်..လိုက်ကြဟေ့...မှီအောင်လိုက်ကြ!

"ဟင်..ကျား..ကျားတဲ့လား"

လျပ်တစ်ပြတ်ဆိုတော့သက္ကထူပူသွားရတယ်။လက်ဖျားခြေဖျေားတွေအေးကုန်ပြီးဘာလုပ်လို့ဘာကိုင်ရမှန်းပင်မသိနိုင်..ကျားဆိုတဲ့သတ္တဝါကိုအခုလိုဒဏ်ရာကြီးနဲ့မပြောသေးနဲ့အုံး လူကောင်းပကတိဆိုလျင်တောင်သူမခုခံဝံ့ပေ..သူ့မှာဒီလောက်အထိသတ္တိတွေမရှိတာအမှန်ပါ..

~မေတ္တာလုံ၍နွေးစေချင်~(On going)Where stories live. Discover now