"မင်းကိုယ်မင်းလည်လှပြီထင်နေတယ်ပေါ့"
". .."
"ရွှေချိုး ကိုယ်မေးနေတယ်"
"ကျုပ်ဖြေပြီးပြီပဲကိုသက္ကရယ် ပျင်းလို့အလုပ်ကလေးထွက်ရှာမိတာပါ"
"ကိုယ်တို့သားအဖနှစ်ယောက်ဖြည့်ဆည်းပေးတာတွေကမလုံလောက်လို့လား "
"မဟုတ်ဘူး တစ်နေ့တစ်နေ့အိမ်ကြီးထဲမှာထိုင်နေရတာပျင်းလို့လျှောက်လုပ်မိတာ ကျုပ်ကိုအပြစ်မတင်ပါနဲ့"
"အပြစ်တင်နေတာမဟုတ်ဘူး နောက်ဆင်ခြင်ရအောင်ပြောနေတာ အခုလုပ်ပုံကိုကြည့် လမ်းပျောက်ပြီးပြန်မလာတတ်ရင်ဘယ်လိုလုပ်မလဲ"
"ပါးစပ်ပါရွာရောက်ပါတယ်ဗျာ ကိုသက္ကကစိတ်ပူလွန်းအားကြီးနေတာ"
သက္ကအမျက်ထွက်သွားရတယ်။စိတ်ပူလွန်းအားကြီးတယ်တဲ့ ပျောက်သွားတဲ့ခဏလေးအတွင်းမှာသူဘယ်လောက်ထိခေါင်းမီးတောက်ခဲ့ရလည်းထိုကောင်လေးမသိနိုင်ပေ..
"မင်းများသွားပြီရွှေချိုး မင်းကိုယ့်စေတနာတွေကိုဆော်ကားတယ် "
"ကိုသက္က.."
"ရတယ် ကိုယ်မင်းကိုစိတ်မပူတော့ဘူး မင်းကိစ္စကိုလည်းဝင်မစွတ်ဖက်တော့ဘူး "
ရင်ဘတ်ထဲကအတော်လေးကိုက်ခဲနေခဲ့ပြီးသူလှည့်ထွက်ဖို့ပြင်လေရာ ခါးဆီသို့ဖက်တွယ်လာသောခန္တာကိုယ်လေးကြောင့်ခြေလှမ်းတွေဟာတုန့်ခနဲရပ်တန့်သွားလျက်..
"ကိုယ့်ကိုမလိုဘူးမလား လွှတ်"
"ကျုပ်မှားသွားပါတယ်ဗျာ ကိုသက္ကကိုစိတ်ဆိုးအောင်လုပ်မိတယ် နောက်တစ်ခါမဖြစ်စေရပါဘူး နော် "
"ကတိဆိုတာလွယ်လွယ်မပေးရဘူး"
"အတည်ပြောတာပါ ကိုသက္ကမကြိုက်ရင်ကျုပ်ဘာမှမလုပ်တော့ဘူးဗျာ နော်..နော်ကိုသက္က"
လက်ဖဝါးနှစ်ဖက်ပွတ်တိုက်ရင်းတောင်းပန်လာသည်ကြောင့်သက္ကစိတ်လျှော့ချလိုက်ပြီးဝရံတာဘက်ထွက်လာခဲ့လိုက်သည်။
"မင်းတို့အိမ်မှာမရှိတာသိရတော့ကိုယ်တို့သားအဖဘယ်လောက်ထိခေါင်းပူသွားလဲသိရဲ့လား"
YOU ARE READING
~မေတ္တာလုံ၍နွေးစေချင်~(On going)
Romance~မေတ္တာတွေဟာမခြုံခင်ကတည်းက လုံနေခဲ့ပြီးသား...~ 23.2.2023