အခန်းထဲကနေပတ်ဝန်းကျင်ကိုဝေ့ဝိုက်ကြည့်လိုက်တယ်။လူနဲ့တူတဲ့အရာဘာကိုမှမတွေ့တော့လေပူတွေမှုတ်ထုတ်လိုက်ပြီးခြံထဲကဒန်းပေါ်ဆင်းထိုင်လိုက်သည်။
"အကိုလေး.."
"အော်..ဘကြီးမောင်"
"တစ်ယောက်တည်းပျင်းနေပြီလား"
"ပျင်းတာပေါ့ဗျာ ဒီအချိန်ရွာမှာဆိုကျွန်တော်တို့အပေါင်းအသင်းတွေနဲ့ဘောလုံးကန်နေကျ.."
"ဒါနဲ့များ သခင်လေးတို့နဲ့လိုက်သွားရောပေါ့ "
ဟင်္သာနှာခေါင်းရှုံ့ပြလိုက်ပြီး..
"မလိုက်ချင်ပါဘူး ပြီးရင်သူတို့ကကျွန်တော့်ကိုဖယ်ပြီးတစ်တွတ်တွတ်လုပ်နေမှာ အဲ့ဒါကြောင့်နေခဲ့တာ"
"အကိုလေးစိတ်ချမ်းသာသလိုနေပါ သခင်ကြီးကတော့မေးသွားပါသေးတယ် "
"ဗျာ..ဦးဇော်ကလား"
"ဟုတ်တယ် အကိုလေးတစ်ယောက်တည်းအိမ်မှာပျင်းနေတယ်ဆိုရင်ဟော်တယ်ကိုခေါ်ချင်ခေါ်လာခဲ့တဲ့"
နန္ဒဇော်အကြောင်းပြောတာနဲ့ပဲသူ့ပါးတွေကနီရဲနေခဲ့ပြီ။အထာမသိတဲ့အိမ်ထိန်းကြီးကစိုးရိမ်နေဟန်ရှိတာကြောင့်ပြုံးပြလိုက်ရင်း..
"ရပါတယ် ကျွန်တော်မပျင်းပါဘူး "
"ဟုတ်ပါပြီ အကိုလေးဟော်တယ်သွားကြည့်ချင်ရင်ပြောနော် အချိန်မရွေးလိုက်ပို့ပေး..."
"ဟင့်အင်း ကျွန်တော်ဒီမှာပဲနေချင်ပါတယ်ဗျ"
"အာ..ကောင်းပါပြီအကိုလေး"
အကြောက်အကန်ကိုငြင်းနေတာကြောင့်ဦးမောင်ဘက်ကလည်းလက်လျှော့သွားခဲ့ပြီး ခြံအနောက်ဘက်ဝင်ရောက်သွားခဲ့သည်။ဒီတော့မှအဆက်မပျက်ခုန်နေတဲ့နှလုံးသားကိုခပ်ဖွဖွထုလိုက်ပြီး..
"ဦးဇော် လူယုတ်မာကြီး"
ဒီစကားကိုရှေ့တင်မှာတော့ပြောရဲဖို့မပြောနဲ့တွေးတောင်မတွေးဝံ့ပါပေ..
"ဟင့်..ရွှေချိုးတစ်ကောင်ကလည်းပြန်မလာသေးဘူး "
တော်တော်နဲ့ပြန်မလာတဲ့ညီငယ်ကြောင့်ပျင်းတိပျင်းတွဲဖြစ်နေတဲ့သူ့ကိုယ်သူနှစ်သိမ့်ဖို့တစ်အိမ်လုံးမှာနန္ဒဇော်နဲ့သူပဲဝင်လို့ရတဲ့စာကြည့်ခန်းထဲဝင်ချလာလိုက်တယ်။
သရေစာမုန့်တွေအကြောင်းရေးထားတဲ့စာအုပ်တွေနဲ့တိရိစ္ဆာန်တွေအကြောင်းရေးသားထားတဲ့စာအုပ်တွေကိုပိုက်လာခဲ့ကာစာကြည့်စားပွဲပေါ်ထပ်ထားလိုက်သည်။အပေါ်ဆုံးကမုန့်တွေအကြောင်းရေးထားတဲ့စာအုပ်လေးကိုအရင်လှန်လိုက်ပြီးမသိသေးတဲ့မုန့်တွေကိုကြိုးစားပမ်းစားလိုက်မှတ်နေရှာရဲ့..
YOU ARE READING
~မေတ္တာလုံ၍နွေးစေချင်~(On going)
Romance~မေတ္တာတွေဟာမခြုံခင်ကတည်းက လုံနေခဲ့ပြီးသား...~ 23.2.2023