Part-48(Uni+Zg)

150 3 0
                                    

"ရွှေချိုး"

"ဟေ"

"ဖြိုးခန့်တစ်ကောင်လည်းမတွေ့ပါလား ဟမ်"

"မတွေ့ဆို မင်းအကောင်ကဘယ်နေရာမူးပြီးအိပ်နေလည်းမှမသိတာ ပြန်လာမှာပေါ့ ထားလိုက်"

"ပြန်လာမှာတော့သိပါတယ် ဒါပေမယ့် ငါကစိတ်ပူလို့မေးတာ ဇင်ထက်နဲ့ကပြသနာဖြစ်ထားတော့ ဒီကောင်တစ်ခုခုလုပ်နေမှာစိုးလို့"

"မလုပ်ပါဘူး စိတ်ပူမနေနဲ့"

"ဟေ့"

ဟင်္သာစိတ်ပူနေဟန်ရှိတာကြောင့်ပြေရာပြေကြောင်းပြောနေရင်း အနားကိုသက္ကရောက်လာတာသတိထားမိသွားရသည်။

"ကိုသက္က ကျောင်းပေါ်မှာအေးဆေးမနေချင်ဘူး ဒီမှာတမင်းဟင်းချက်နေတာ မီးခိုးငွေ့တွေနဲ့ကို"

ပြောစကားပင်မဆုံးလိုက် သက္ကလက်တွေကရွှေချိုးလည်တိုင်ကိုသိုင်းဖက်လာခဲ့ပြီးပုခုံးပေါ်ခေါင်းလေးတင်လာခဲ့သည်။

"ဘာဖြစ်လို့လဲ နေမကောင်းဘူးလား"

"ကောင်းပါတယ် ကိုယ်မင်းနဲ့တစ်စက္ကန့်လေးတောင်မခွဲချင်လို့ ဒီအထိဆင်းလာတာ"

"ဟဲဟဲ ကိုသက္ကကတော့ဗျာ ကျုပ်ကိုချုပ်နေပြန်ပါပြီ "

"ချုပ်တာမဟုတ်ဘူး ချစ်တာ ကိုယ်ကမင်းကိုသိပ်ချစ်တာလေ"

"အာ...တော်ပါတော့ ဟင်္သာမျက်နှာကြီးအီးမှန်နေပြီ"

တစ်ကယ်ပဲဟင်္သာတစ်ယောက်ရှုံ့မဲ့လို့နေတယ်။သူ့ရှေ့တင်အမူပိုအကဲပိုပြနေတဲ့အတွဲကိုအမြင်ကတ်လွန်းလို့တည်လက်စထမင်းအိုးလေးကိုသာဟိုမွှေဒီမွှေလျှောက်မွှေနေရှာတယ်။

"ကိုယ်တို့ပြန်ကြမယ်လေ အိမ်ကိုပြန်ပြီး ကိုယ့်မိသားစုအသိုင်းအဝိုင်းရှေ့မှာမင်းကိုထုတ်ပြချင်နေပြီ"

"ဘာကိုပြောချင်တာလဲ ကျုပ်ကိုတည့်ပြောပါ"

"အင်း ကိုယ်မင်းနဲ့တရားဝင်လက်ထက်ချင်တယ်"

ရွှေချိုးလည်ပြန်ကြည့်လာတယ်။ခပ်ရေးရေးလေးပြုံးပြအပြီး ဟင်းဆီတွေပေရေနေတဲ့လက်အစုံကိုရေသေချာဆေးပြီးမှသက္ကမျက်နှာကိုထိတွေ့လာရင်း

~မေတ္တာလုံ၍နွေးစေချင်~(On going)Where stories live. Discover now