Part-20(Uni+Zg)

95 4 2
                                    

"အင့်..."

အရင်းနှီးဆုံးကိုယ်ငွေ့နွေးနွေးလေးအနားမှာရှိမနေခဲ့တာကိုအိပ်နေရင်းကနေသူသတိထားမိလိုက်တယ်..မျက်ခွံတွေပင့်တင်လိုက်တဲ့အချိန် လေကြောင့်လူးလွင့်နေတဲ့လိုက်ကာစလေးကိုပဲတွေ့လိုက်ရပြီး အိပ်ယာခင်းလေးဟာလည်းအေးစက်စက်ဖြင့်..

"ညကပြန်မလာဘူးလား"

"ရွှေချိုး"

"ဟုတ်"

ဇီဇဝါပန်းလေးရင်ဝယ်ထိုးလို့အလှတရားလေးကအခန်းထဲတစ်လှမ်းချင်းဝင်လာခဲ့ကာသူ့ပါးနှစ်ဖက်ဆီလည်းတရွှတ်ရွှတ်နှင့်နမ်းရှုံ့ပစ်သည်။

"အင့်..မျက်နှာမသစ်ရသေးဘူး"

"အိပ်ပုတ်လေး ကျောင်းနောက်ကျနေပြီဆိုတာသိရဲ့လား"

"သိတယ် အဲ့ဒီ့ထက်ပိုပြီးအရေးလုပ်ရမှာက ဟင်္သာဘယ်ရောက်နေတာလဲ"

"မသိဘူးလေ ရေချိုးခန်းဝင်နေတယ်မဟုတ်ဘူးလား"

"မဖြစ်နိုင်တာ သူရေချိုးခန်းဝင်နေရင်ကျုပ်ကိုနှိုးမှာပေါ့ကိုသက္ကရဲ့ ဦးဇော်ခေါ်သွားတာညကတည်းက အခုထိပြန်မရောက်လာတာ "

သက္ကတွေးဆဆလေးဖြစ်သွားရပြီးပြုံးလိုက်မိရင်း..

"ကဲပါ ကိုယ်လိုက်ရှာလိုက်မယ်လေ မင်းကရေချိုးအဝတ်အစားလဲပြီးကားပေါ်ကစောင့်နှင့် နော်"

"ဖြစ်လို့လား ကျုပ်စိတ်ပူလာပြီ ဦးဇော်ဆီရောက်နေတာကအကြောင်းမဟုတ်ပေမယ့် ဦးဇော်ဆူလို့ကြောက်လန့်ပြီးတစ်နေရာရာပြေးထွက်သွားရင်ကအကြောင်းဆိုးပြီ"

ခေါင်းတစ်ကုတ်ကုတ်နှင့်ကောင်လေးအားမျက်နှာလေးဆွဲမော့လိုက်ပြီးအကြည့်ချင်းဆုံစေကာ

"စိတ်မပူနဲ့ မင်းအကိုကို ကိုယ်ရအောင်ရှာပေးမယ် သွား...ရေသွားချိုးတော့"

"ဟင်း...ဒီကောင်ကအူကြောင်ကြောင်နဲ့မို့လို့ပြောနေရတာပါ "

"အင်း ကိုယ်နားလည်ပါတယ် "

ပြောလည်းပြော နှုတ်ခမ်းဆူဆူလေးကိုလည်းဖိကပ်နမ်းလိုက်မိ၏။

"အွန့်.."

"ဟားဟား မျက်လုံးလေးပြူးလာတာချစ်လိုက်တာဗျာ"

~မေတ္တာလုံ၍နွေးစေချင်~(On going)Where stories live. Discover now