"ချ သားကြီးတို့"
ထန်းရည်အိုးကိုစားပွဲအလယ်ချရင်းဖြိုးခန့်ကဆိုသည်။အမြည်းလေးတမြုံ့မြုံ့ဝါးရင်းကပြူးကြည့်နေသူမှာဟင်္သာ..
"ငယ်ငယ်ကဒီကိုပြေးလွှားဆော့ရုံလောက်ပဲလာခဲ့တာ အခုတော့ ကိုယ်တိုင်ထိုင်သောက်နေရပြီ"
ရယ်သွမ်းရင်းရွှေချိုးကထန်းရည်တစ်ငုံကောက်မေ့ချလိုက်ကာ..
"အားးးကောင်းလိုက်တဲ့အရသာ"
"အဟဲ..သောက်သောက်..ကုန်ရင်ငါထပ်ဝယ်တိုက်မယ် ဟင်္သာရော..သောက်လေငါ့ကောင်ရ"
"ငါမသောက်ရဲဘူး ဦးဇော်သိရင်ဖြေရှင်းလို့လုံးဝမရမှာ မင်းတို့လည်းသိတယ်"
"မင်းကတော့လုပ်ပြီ.."
မဲ့ရွဲ့ကာပြောလာသည့်ဖြိုးခန့်အားရွှေချိုးကထောက်ခံတယ်ဟူသည့်အကြည့်များနှင့်
"ဟုတ်ပရွှေဟင်္သာရယ် တစ်ခါတစ်လေလေးသောက်တာမင်းဘဝကြီးပျက်မသွားပါဘူး..နောက်ပြီး ဦးဇော်သိလည်းငါပြောကူပေးမှာပေါ့ သောက်မှသာသောက်စမ်းပါ"
"ငါတစ်ကယ်ကြောက်ရတယ်ငမွှေထိုးရဲ့ မင်းသောက်တာကိုသက္ကသိလည်း စိတ်ဆိုးစိတ်ကောက်ရုံကလွဲရင်ပိုမလာဘူး ဦးဇော်ကငါ့ကိုအသေရိုက်သတ်မှာ အဲ့ဒါမင်းတို့သိလား"
တစ်ကယ်လည်းအရိုက်ခံရဖူးတော့နန္ဒဇော်မကြိုက်တာလုပ်ရမှာကိုသူရှည်ရှည်ဝေးဝေးတွေတွေးပြီးကြောက်မိတယ်။
"ကဲပါကွာ..အများကြီးမဟုတ်ပါဘူး တစ်ငုံနှစ်ငုံလောက်တော့သောက်ပါ ငါတို့နေ့စဥ်ရက်ဆက်လည်းလာမယ့်လူတွေမှမဟုတ်တာ"
"ဟုတ်တယ်ဟင်္သာ နှစ်ငုံလောက်တော့ဝင်အောင်သောက်ပါ နော်..နော်..ငါထည့်ပေးမယ်"
"ဟာ..ဟေ့ကောင်တွေ.. ကျစ်..အများကြီးမထည့်နဲ့"
ဤသို့ဖြင့် ရွာအဝင်ထန်းတောလေးထဲသုံးယောက်သားပွက်လောရိုက်နေခဲ့၏။
"နာလားBaby"
"အင့်..နာတာပေါ့Daddyရ ဒါပေမယ့်..ဟူးးး ပျောက်တော့မှာပါ"
သားဖြစ်သူရဲ့ဒဏ်ရာတစ်ဝိုက်လှည့်ပတ်ကြည့်နေရင်းကနန္ဒဇော်ခေါင်းတစ်ငြိမ့်ငြိမ့်လုပ်နေမိတယ်။သူထိကိုင်လိုက်လို့သက္ကမျက်နှာမဲ့သွားရင်သိုက်ထွန်းဆိုတဲ့လူကိုတစ်စစီဆွဲဖြဲပစ်ချင်မိတာအမှန်ပဲ..
YOU ARE READING
~မေတ္တာလုံ၍နွေးစေချင်~(On going)
Romance~မေတ္တာတွေဟာမခြုံခင်ကတည်းက လုံနေခဲ့ပြီးသား...~ 23.2.2023