"ကိုသက္က.."
လေသံတိုးဖျဖျလေးကနားထဲရောက်လာခဲ့တယ်။သက္ကမျက်ဝန်းတွေဖျက်ခနဲဖွင့်ကြည့်လိုက်မိတော့ ရွှေချိုးကနှစ်နှစ်ခြိုက်ခြိုက်ပြုံးပြလာခဲ့ကာ
"ကျုပ်ယောက်ျားအိပ်ယာထတဲ့ပုံလေးကချစ်ဖို့ကောင်းချက်ပဲဗျာ"
သူ့အပြစ်သူမေ့လျော့နေတဲ့ကောင်လေးကခပ်အေးအေးပင်ပြောလာသည်။တော်သင့်လေပြီ ဒီတစ်ကြိမ်တော့အလျှော့ပေးလို့ကလုံးလုံးမဖြစ်...သက္ကမျက်နှာကိုတည်နိုင်သမျှတည်ထားလိုက်ရင်း
"အပိုတွေပြောမနေပဲ အခုမတ်တပ်ရပ်လက်ပိုက်ထား"
"အယ်.."
သူ့စကားကြောင့်ရွှေချိုးကဆက်ခနဲကောက်ထိုင်လာတယ်။
"ဘာဖြစ်လို့လဲ ဘာလို့ကျုပ်ကိုအဲ့ဒီ့လိုကြီးကြည့်နေတာလဲဟင်"
"စကားတွေရှည်မနေနဲ့ အခုပြောသလိုလုပ် မတ်တပ်ရပ်..လက်ပိုက်ပြီးဟိုဘက်လှည့်နေ"
အတည်ပေါက်ကြီးဟောက်နေတာကြောင့်ရွှေချိုးဘူမသိကိုးမသိနဲ့ပဲပြောသလိုနေပေးလိုက်ရတယ်
!ဖြန်း..ဖြန်း..!
"အားးးအ့..ရှီးးးကိုသက္က.."
အရိုက်ခံလိုက်ရတဲ့တင်ပါးလေးကိုပွတ်သပ်ရင်းလှည့်ကြည့်လာတဲ့မျက်ဝန်းလေးတွေ...တည်တင်းနေတဲ့မျက်နှာအနေအထားကြီးကြောင့်ရွှေချိုးငိုမဲ့မဲ့လေးဖြစ်လာရတယ်။သူဘာမှနားမလည်နိုင်သေးဘူး
"အဲ့ဒီ့ လူမသောက်တဲ့အရည်တွေကဘာများအကျိုးရှိလဲ.ဟမ်"
"ကျုပ်..ကျုပ်ထန်းရည်လေးသွားသောက်တာအဲ့ဒီ့လောက်ထိ အမှုကြီးသွားတာလား"
"ကြီးတာပေါ့ ကြီးတာမှကြီးကြီး ကြီးကြီးတောင်မြည်နေသေး.."
ရွှေချိုးလက်ကလေးပိုက်လို့သက္ကကိုပဲစိုက်ကြည့်ရင်းငြိမ်သက်နေရှာတယ်။
"ဒီမှာရွှေချိုး ကိုယ်ကလေ မင်းကောင်းဖို့အတွက်ပဲပြောနေခဲ့တာ မလုပ်နဲ့ဆိုမင်းကလုပ်ပြီးနေပြီ မသွားနဲ့ဆိုမင်းရောက်အောင်သွားတယ် ကိုယ်မကြိုက်ဘူးလို့ပြောနေတဲ့လုပ်ရပ်တွေကိုတောင်မင်းလုပ်ချင်လာတယ် မင်းပြော ကိုယ့်ကိုတစ်ကယ်မချစ်ဘူးလား "
YOU ARE READING
~မေတ္တာလုံ၍နွေးစေချင်~(On going)
Romance~မေတ္တာတွေဟာမခြုံခင်ကတည်းက လုံနေခဲ့ပြီးသား...~ 23.2.2023