"ကိုဖြိုးဟန်သူအောင်မလား "
"ဗျာ"
"အား..ဟုတ်တယ် ကိုဖြိုးဟန်သူအောင်ပဲ "
Maskလေးတစ်ခါချွတ်ပြီးအပြင်ထွက်မိပါတယ်..ကောင်မလေးတစ်သိုက်ကြောင့်လူသွားလူလာရှင်းနေခဲ့တဲ့လမ်းလေးဟာတစ်ဆထက်တစ်ဆကျိတ်ကျိတ်တိုးလာနေခဲ့၏
"အကို့ကိုအရမ်းကြိုက်တာ လက်မှတ်လေးထိုးပေးပါအကို နော်"
"အကိုအကို..အကို့ရုပ်ရှင်တွေအရမ်းကြိုက်တာ ညီမကိုလည်းလက်မှတ်လေးထိုးပေးပါ ပြီးရင် ဓတ်ပုံလေးပါရိုက်ပေးနော်"
လူအုပ်ကြားထဲသူ့မှာချွေးသီးချွေးပေါက်တွေကျလာရပြီးအန္တရာယ်အခြေအနေတောင်ရောက်လုဆဲဆဲပင်..
"ခဏ..ခဏဖယ်ပေးကြပါ အဟွတ်..ကျွန်တော်အသက်ရှူမရတော့ဘူး..အဟွတ်"
"ဟေ့..အကိုလေးကိုဆွဲထုတ်သွားကြ"
တော်ပါသေးရဲ့..အိမ်ကလွှတ်ထားတဲ့ကိုယ်ရံတော်တွေရောက်လာခဲ့လို့ပေါ့..မဟုတ်ရင်သူတော့လူပိသေတယ်ဆိုပြီးရုပ်ပျက်ဆင်းပျက်သေရအုံးမယ်..
"အကိုလေး ဘယ်ကိုမောင်းပေးရမလဲ"
"ဆေးရုံကိုမောင်း ရာဇာ့ဆီ"
"ဟုတ်ကဲ့ ကောင်းပါပြီ"
မသွားခင်ရုတ်ရုတ်သည်းသည်းဖြစ်ကျန်ခဲ့တဲ့နေရာလေးကိုသူလက်လှမ်းပြခဲ့သေးသည်။ပြီးတာနဲ့ဖုန်းထဲကနေရာဇာ့ဆီကိုစာတစ်ကြောင်းပို့ထားလိုက်တယ်။
'ငါအခုလာနေပြီ အားဆေးသွင်းရမယ်ထင်တယ် မင်းဆီကနေ..ဟဟ'
ကိုယ်ရေးတဲ့စာကိုယ်ပြန်ဖတ်ရင်းနဲ့မှသဘောတကျပြုံးမိပြန်၏။အခုချိန်လောက်ဆိုစာဖတ်ပြီးရာဇာလည်းပြုံးနေမှာသေချာတယ်။ဂျူတီကုတ်အဖြူလေးနဲ့ချစ်ရသူကိုထွေးဖက်လိုက်ဖို့သူမစောင့်နိုင်တော့ဘူး..
"ရောက်ပါပြီအကိုလေး.."
"အင်း ဒီမှာပဲနေခဲ့ကြ"
"အကိုလေးလုံခြုံရေး..."
"မလိုဘူး"
ခပ်သုတ်သုတ်ပဲသူဆေးရုံဝန်းထဲပြေးဝင်လာလိုက်တယ်။ရောက်ရောက်ချင်းဆောက်နဲ့ထွင်းဆိုသလိုပဲရာဇာ့ကိုမိန်းမတစ်ယောက်နဲ့အတူမြင်လိုက်ရပြီးထိုမိန်းမကဖက်တောင်ဖက်ထားခဲ့သေးသည်။
YOU ARE READING
~မေတ္တာလုံ၍နွေးစေချင်~(On going)
Romance~မေတ္တာတွေဟာမခြုံခင်ကတည်းက လုံနေခဲ့ပြီးသား...~ 23.2.2023