Part-31(Uni+Zg)

85 6 2
                                    

"သက္က"

"အင်း မင်းခန့်သက်သာလား"

"သက်သာတယ် စကားတွေတော့တစ်ချက်တစ်ချက်ထထပြောနေတာပဲ "

"အင်း"

ဝရုန်းသုန်းကားဝင်လာတဲ့သူ့ဆီမင်းခန့်ကပြုံးလို့ကြည့်နေရှာသည်။နှုတ်မှလည်းအကြောင်းအရာတစ်ချို့ပြောချင်သည်ထင်ပါ့..

"ဘာဖြစ်လို့လဲ တစ်ခုခုပြောချင်တာလား"

"အင်း မင်းရော လဲ့နိုင်ကိုရော... ပြောချင်တာ"

"ငါလည်းနားထောင်ရမှာလား"

"ဟုတ်တယ်"

လဲ့နိုင်တစ်ယောက်မျက်လုံးအပြူးသားလေးနှင့်ကြည့်နေပြီးမှ

"ဘာကိစ္စလဲ"

"ဟန်သူ့ကိုလေ ခွင့်လွှတ်ပေးလိုက်ပါနော် "

"မင်းပြောမှာငါသိတယ် ဆက်မပြောနဲ့တော့"

"နားထောင်ပါသက္က ငါ..ငါတောင်းဆိုတာပါ"

"ဘယ်လိုပဲဖြစ်ဖြစ်အမှားလုပ်ခဲ့တဲ့အတွက်တော့အချိန်အတိုင်းအတာတစ်ခုအထိလျစ်လျူရှုထားရမှာပဲမင်းခန့် အဲ့ဒါတွေပြီးရင်တော့ငါတို့စိတ်ပြန်ပြေချင်ပြေမှာပါ မင်းတွေးစရာမလိုဘူး"

"ဒါပေမယ့်.."

"အဲ့ဒီ့လောက်ထိတွေးပေးမနေနဲ့ နင့်ကိုသူကသူငယ်ချင်းဆိုတာလေးတောင်မထောက်ပဲထင်ရာလုပ်ပစ်ခဲ့တာ ဒီလောက်တော့သူနာကျင်ရပါစေ ထားလိုက်"

"နင်ဘာသိလို့လဲ"

လဲ့နိုင်မျက်ဝန်းလေးတွေပြူးကျယ်သွားခဲ့ရတယ်။ပတ်တီးအဖွေးသားနဲ့ကုတင်ပေါ်လဲနေတဲ့လူကသူမကိုထဟောက်သည်တဲ့လေ..သက္ကကိုယ်တိုင်တောင်အနည်းငယ်လန့်မိသွားသလိုပါပဲ..

"ချစ်မင်းခန့် ဘာလို့အားကုန်အောင်လုပ်နေလဲ ပင်ပန်းတယ်"

"မင်းတို့မသိတာတွေဟန်သူ့မှာအများကြီး သူခံစားနေရတယ် နာကျင်နေရတယ် အဲ့ဒါကိုငါကသိနေတယ် ဒီလိုပတ်တီးတွေနဲ့မှဒဏ်ရာလို့သတ်မှတ်နိုင်တယ်ဆိုလည်းမင်းတို့အတွေးတွေကိုပြောင်းလဲပစ်ပြီးဟန်သူ့ရင်ထဲကိုဝင်ကြည့်ပေးကြ..."

"သူကဘာကိုနာကျင်ရတာလဲပြော အရာရာပြည့်စုံနေခဲ့ပြီးသားကိုမင်းကိုဘာ့ကြောင့်အခုလိုအနိုင်ကျင့်ရတာလဲ "

~မေတ္တာလုံ၍နွေးစေချင်~(On going)Where stories live. Discover now