"အပိုင်း၃" "အပိုင်း၄"

82 4 0
                                    

မန္တလေးတွင် ကျွန်တော့်လိုလူမျိုးအတွက်နေစရာမရှိပါပေ။ ထိုကြောင့် သူတို့ပြောပြောသည့် အငှားနေရာမှာသာအိပ်ရသည်။ ပိုက်ဆံတို့ဟာလည်း အိပ်ကတ်ထဲ အပြည့်ရှိသည်။ ကျွန်တော့်အတွက်ပိုက်ဆံဆိုတာ မကုန်ပါပေ။ ယခုကျနော်သည် မန္တလေး၏ စျေးအကြီးဆုံးဟော်တယ်တွင်တည်းနေသည်။ မှော်အစွမ်းတစ်ခုကိုသုံးကာ ကျနော့်၏ ဒေဝီကိုအာရုံခံလိုက်သည်။ ဒေဝီနေတဲ့နေရာက တော်တော်ဆင်းရဲတဲ့နေရာဘဲ။ ဒီလိုနေရာမှာဒေဝီဘယ်လိုလုပ် လူလာဖြစ်ရတာလဲ။ ဒေဝီဒေဝီ မင်းကို ကျုပ်ချစ်အောင်လုပ်ပြီးမှ ကျုပ်တိုင်းပြည်ကိုခေါ်ချင်တယ်။ မင်းမချစ်ဘူးဆိုလည်း ကျုပ်က အတင်းအကျပ်လုပ်ယူရမှာပါဘဲ။ ဘာလို့ဆို မင်းပေးတဲ့သစ္စာတည်ရမယ်။ မင်းလိုထက်မျက်တဲ့လူတစ်ယောက်က ကျုပ်ဆီမှာခစားရမယ်။ မနက်ရောက်ရင် မင်းကိုအာရုံခံပြီး မင်းရှိတဲ့နားကိုကျုပ်လာခဲ့မယ်။ ကျုပ်အတွက်မအိပ်လည်းရတယ်ဆိုပေမယ့် နေရာအသစ်ဖြစ်နေတော့ အသားမကျဘူး အိပ်စက်မှရမယ်။ ကျုပ်လိုလူမှာတောင် အားနည်းချက်ရှိတယ် အဲတာ မင်းဘဲ ဒေဝီ။

*****

"အမေ့ရေ ထတော့နော် ပန်းရောင်းရမယ်လေ..."

"ငါသိပါတယ်...နင်ဆိုသည်မှာလေ အိမ်ကဘွားတော်လိုဘဲ ပတွတ်ပတွတ်နဲ့ နားကိုငြီးတယ်..."

အမေ့အပြောကြောင့်ရယ်မိသွားသည်။ အိမ်ကဘွားတော်ကြီးတဲ့ ဘွားတော်ကြီးကဘယ်သူပါလိမ့် အိမ်ပိုင်ရှင်လား။ အမေဟာ ဒီစကားတွေဘယ်လိုတတ်လာလဲမသိပါဘူး။ မသင်ပေးထားမိပါဘူး။

ပြည့်မြတ်ကျော်စွာလည်း မျက်နှာသစ်၊သွားတိုက်ပြီး ပြန်ဝင်လာခဲ့သည်။ အိမ်ထဲပြန်ဝင်လာတော့ အိပ်နေဆဲပါဘဲ။ အမေအိမ်ရေးပျက်ထားသည် အမေနှင့်ကျွန်တော်နောက်ကျမှအိပ်ခဲ့ကြသည်။ အမေနားကိုဦးတည်၍လမ်းလျောက်သွားတယ်။ ခေါင်းမြီးခြုံထားတာကိုလှန်လိုက်တယ်။

"အမေ... ထတော့...!!!"

"ဘာဖြစ်နေတာလဲ ငါအိပ်နေတယ်လေ..."

အမေကမျက်စိမဖွင့်ဘဲ ပါးစပ်ကနေသာပြောနေတယ်။

"ထပါအမေရဲ့ စောစောထတဲ့ငှက်က အစာပိုရတယ်လေ..."

ဟင်္သာ ဒိုင်ယာရီ (ပထမအတွဲ) (Complete)Where stories live. Discover now