အပိုင်း၂၇

33 2 0
                                    

အမေဆုံးတာ ယခုဆိုလျှင် တစ်ပတ်ပြည့်ပြီ။ အမေ့အားအမှန်တကယ်ပင် သတိရမိသည်။လွမ်းမိသည်။လွမ်းဖြစ်တိုင်းလည်း အမှတ်ရမိသည်။ ထိုနည်းတူစွာ မောင်။ မောင်ကိုရောပင်။ မောင့်၏ အလောင်း၊ မောင့်၏ အကြောင်း တစ်ခုကိုမှမသိရပါပေ။ မောင်သေဆုံးသွားသည်ကို အခုထိမယုံနိုင်သေး။အမေနှင့်မောင်ဟာ သေရမည်တဲ့လား။ မဖြစ်နိုင်ပါ လုံးဝမဖြစ်နိုင်ပါ။

ပြည့်မြတ်ကျော်စွာ ငိုချင်သည်။ ငိုချလိုက်ချင်သည်။ ဇီးကွက်ရှိနေ၍ မငိုနိုင်ပါပေ။ အမြဲ တိတ်ဆိတ်ကာ ငိုရသည်။ ဇီးကွက်လေးရှေ့မှာ ငိုမိတဲ့အခါမျိုးမှာ ဇီးကွက်လေးက နှစ်သိမ့်ပေးရှာပါသည်။ ထိုအခါမျိုးတွင်တော့ ပြည့်မြတ်ကျော်စွာမှာ ခွန်အားဖြစ်ရသည်။

အိမ်ငှားဖြစ်သော စိုင်းဆိုင်အေဖနှင့်ပိုင်လေးကလည်း အခုတစ်လော အိမ်တွင်မကပ်ပါပေ။ စိုင်းဆိုင်အေဖ၏ ပြောကြားချက်အရ ပိုင်လေး၏ အတိတ်မှချစ်သူ ပြန်ဆက်သွယ်လာသည်ဟုပြောသည်။ ထိုကြောင့် စိုင်းဆိုင်းအေဖလည်း စိတ်ပျက်စွာ ပန်းခြံ၌ သွားထိုင်နေတတ်သည်။ စိုင်းဆိုင်အေဖ၏ ပြောကြားချက်အရ ပါချန်မြစ်ကြီးက စိမ်းစိုသည်ဟု ပြောသည်။

ဟင်္သာကတော့ အဖေနဲ့ တစ်ပူးပူး တစ်တွဲတွဲပါပင်။ ပြည့်မြတ်ကျော်စွာ ပြတင်းပေါက်၌ ထိုင်ကာတွေးနေစဥ် အနောက်ကို လက်လာပုတ်သူက ဟင်္သာ။ ဟင်္သာကို အနည်းငယ်မျှ လှည့်ကြည့်ကာ ထိုအတိုင်းသာ ပြန်နေလိုက်သည်။ ဟင်္သာကတော့ မျက်နှာတစ်ချက်ပျက်သွား၏။

"ကျော်စွာ၊ ကျုပ်တို့ ပန်းခြံသွားရအောင်"

"မသွားချင်ဘူး ဟင်္သာ၊ စိတ်ပင်ပန်းတယ်"

"စိတ်ပင်ပန်းလို့၊ စိတ်ပြေပျောက်အောင်ခေါ်တာပေါ့ ကျော်စွာရယ်၊ သိပ်ကိုလှတာနော် လိုက်ခဲ့ပါ"

ပြည့်မြတ်ကျော်စွာ ခေါင်းခါမိသည်။ မလိုက်ချင်ဘူး တကယ်ကိုမလိုက်ချင်တာပါ။ လောကမှာ ဘာမှမရှိတော့လောက်အောင်ထိ လွမ်းချင်တယ်။ မောင့်ကိုရော အမေ့ကိုရော ပေါ့။ နှစ်ဦးစလုံးဆုံးရှုံးရသည့် ကျွန်တော့်အဖို့ သိပ်ကိုကြောက်စရာကောင်းသည်။

ဟင်္သာ ဒိုင်ယာရီ (ပထမအတွဲ) (Complete)Where stories live. Discover now