ညနေခင်းတွင် ပြည့်မြတ်ကျော်စွာဆီသို့ ဖုန်းခေါ်လာခဲ့သည်။ ဖုန်းခေါ်သောသူ၏ဖုန်းနံပါတ်ကြောင့် ပြည့်မြတ်ကျော်စွာပြုံးလိုက်လေသည်။ ဤဖုန်းကိုမျော်နေတာ ကြာလှပြီ၊အခုမှဘဲဆက်တယ်ကွယ်ဟု ခပ်တိုးတိုးကလေးညီးညူမိလိုက်လေသည်။
"အခုမှဘဲဆက်တယ်ကွယ်...."ဟု ခပ်တိုးတိုးကလေးရေရွတ်လိုက်မိသည်။ ပြီးနောက်ဖုန်းဝင်နေသည့်နေရာမှ အစိမ်းရောင် လေးကိုအပေါ်သို့ဆွဲတင်လိုက်သည်။ ပြီးတော့ ကိုယ်ကအရင်ဦးစွာ ပြုံးပျော်စွာဖြင့်ပြောဆိုမိလိုက်သည်။
"ဟယ်လို..."
"ချစ် မောင်ပါ..."
ထိုအသံကြားရချိန်တွင် အသည်းနှလုံးတို့အေးချမ်း၍သွားခဲ့သည်။ ထိုအသံကို ထိုအသံကို မျော်နေရတာ ကြာရောပေါ့မောင်ရယ်။ မောင့်ကိုမျော်နေခဲ့တာ ကြာလှပြီ။
"အင်းပြောလေမောင်..."
ပြည့်မြတ်ကျော်စွာ၏အသံသည်အေးစက်စက်ပင်ဖြစ်နေခဲ့သည်။ မိမိကိုပစ်သွားသောချစ်သူကို ဒီလို အေးတိအေးစက်တော့ လုပ်သင့်တယ်မလား။ မလုပ်သင့်ဘူးထင်ရင်လည်းလုပ်မည်။
"မောင် မြန်မာပြည်ပြန်ရောက်ပြီ...၊ ဒီတစ်ခေါက်သင်္ဘောတက်တာ တော်တော်ကြာသွားတယ်...၊မောင့်ကိုလွမ်းနေတယ်မလား..."
"မလွမ်းပါဘူးနော်..."
တစ်ဖက်ကလွမ်းနေသော်လည်း ပြည့်မြတ်ကျော်စွာသည် မလွမ်းဘူးဟူသော စကားသံကိုပြောဆိုလိုက်သည်။ ဖုန်းထဲကနေ ရယ်သံကလေးတွေထွက်ပေါ်ကာလာသည်။ ထိုရယ်သံ သူလွမ်းနေခဲ့ရတဲ့ထိုရယ်သံလေး။ ရင်ထဲကိုအေးချမ်းသွားလို့နေသည်။
"ချစ်လွမ်းနေတာ မောင်သိသားဘဲ..၊ ချစ်ကလေ လိမ်လည်းမလိမ်တတ်ဘဲနဲ့။"
"အောင်မာ တကယ်မလွမ်းပါဘူးဆိုတာကို။"
"ဟုတ်ပါပြီ မောင့်ကိုအခုလာကြိုလေ... လေဆိပ်မှာ။"
"ဟုတ်မောင်၊ဒါဆိုဒါဘဲနော်၊အမေနဲ့အတူလာခဲ့မယ်..."
စကားကိုအဆုံးသတ်ပစ်ချလိုက်ကာ ခုန်ပေါက်ကာခုန်နေမိသည်။ အမေကလည်း ဘုမသိဘမသိလိုက်ခုန်သေးသည်။ ညနေခင်း၏နေရောင်ကြောင့် အမေနဲ့ ပြည့်မြတ်ကျော်စွာ၏ ခုန်နေသော မြင်ကွင်းသည် အတော်လှသည်ဟုခံစားမိသွားသည်။ အမေ့ကို အဝတ်အစားသေချာကလေးလဲပြီးမှ လေဆိပ် သို့သွားရန်ပြင်လေတော့သည်။
JE LEEST
ဟင်္သာ ဒိုင်ယာရီ (ပထမအတွဲ) (Complete)
Horror။ကိုယ်ချစ်ရတဲ့သူဆီက "မင်းကိုချစ်တယ်"လို့ ပြောသံကြားခဲ့ရင် ဒီကမ္ဘာမှာ အသက်ရှိလျက် နိဗ္ဗာန်ကို ဦးစွာရောက်တဲ့သူဟာ ငါပဲဖြစ်လေတော့မယ်။ S2 မျှော်