အပိုင်း၆

42 4 0
                                    

မနက်ခင်းရောက်တော အိမ်ရှေ့မှာ ဦးစွာမြင်နေရသောသူဟာ ကျွန်တော့်၏ ချစ်ရပါသောမောင်။ မောင့်ကိုချစ်မိသည် မြတ်နိုးမိသည် လွန်ခဲ့သော၃နှစ်လောက်ကတည်းက စပြီးချစ်ခဲ့မိခဲ့သည်။ မောင်သည်ကား ကျွန်တော့်အပေါ်တွင် နားလည်အပေးနိုင်ဆုံးလူဖြစ်သည်။

မောင့်ရောက်လာသည်ဟူသော အသိကြောင့် မျက်နှာတောင် ထမသစ်မိဘဲ၊ အိမ်ရှေ့ကိုဦးစွာထွက်မိသည်။ ပြည့်မြတ်ကျော်စွာ၏ ဆံပင်တို့သည် အိပ်ယာမှ ထထား၍ ရှုတ်ပွနေသည်။ မျက်နှာတွင်လည်း မျက်ချေးတို့ကအပြည့်၊ သွားလည်းမတိုက်ရသေး။ ဖိနပ်တောင် မစီးနိုင်ဘဲ မောင့်နားကိုဦးစွာ ရောက်အောင်သွားမိသည်။

မောင့်အနားရောက်တော့ မောင်က လှမ်း၍ဖက်လိုက်သည်။ မနက်ခင်း၏ အလင်းရောင်အောက်တွင် အရမ်းချစ်ကြသော ချစ်သူနှစ်ဦး တစ်ဦးကိုယ်တစ်ဦးလှမ်း၍ဖက်ကာ အလွမ်းတည်နေကြသည်။ မောင့်၏လက်ထဲမှ အထုတ်ကလေးတစ်ထုတ်ကိုတွေ့လိုက်ရ၏။ ထိုအထုတ်ထဲတွင် မုန့်ဟင်းခါးများနှင့် မုန့်ဖတ်များကိုတွေ့လိုက်ရသည်။ မောင်၏ရင်ခွင်ထဲဝင်ရောက်နေရာကနေ တွန်းထုတ်လိုက်တယ်။

"ကဲပြောပါအုံး အမောင် ထက်လင်းဦး။"

ပြည့်မြတ်ကျော်စွာ သူ၏မောင့်ကို နာမည်တပ်ကာခေါ်ဆိုလိုက်သည်။ ထက်လင်းဦးကလည်း ဘာလဲဟ ဟူသောအကြည့်မျိုးဖြင့် ကြည့်ကာလာသည်။

"အိမ်မှာ ထမင်းချမ်းမရှိဘူးမောင်ရဲ့၊ ဘာလို့အဲလောက်အများကြီးဝယ်လာရတာလဲ။"

"ဟာ!!!! ဘယ်က ထမင်းချမ်းနဲ့စားရမှာတုန်း၊ ဒီတိုင်းစားဖို့ အများကြီးဝယ်လာတဲ့ဟာကို။"

ပြည့်မြတ်ကျော်စွာ သူ၏မောင်ကို တစ်ချက်မျှနားမလည်နိုင်သလိုကြည့်လိုက်သည်။ ပြီးတော့မှ လက်ကိုမြောက်ကာ မနိုင်ဘူးဟူသောသဘောမျိုးဖြင့် လုပ်ပြပြီးမှ စကားဆိုလာသည်။

"မုန့်ဟင်းခါး ဆိုတာထမင်းချမ်းနဲ့စားမှ အရာသာရှိတာကို"

"တကယ့်တာဇံ"

"ဘာ!!"

"ဟုတ်တယ်လေ ချစ်ကလည်း မောင်ကဒီတိုင်းစားဖို့ဝယ်လာတဲ့ဟာကို၊ ပဲကြော်တောင်မှာထားသေးတယ်၊ အီကြာကွေးနဲ့ ရောပြီးစားမလား မောင်ဝယ်လာပေးမယ်လေ"

ဟင်္သာ ဒိုင်ယာရီ (ပထမအတွဲ) (Complete)Où les histoires vivent. Découvrez maintenant