အပိုင်း၂၄

10 0 0
                                    

၁၉.၄.၂၀၁၉ (ကော့သောင်းမြို့)

မနက်ခင်းတွင် စိုင်းဆိုင်အေဖတစ်ယောက် ခြံထဲ၌ ပန်းပင်များကို ရေလောင်းပေါင်းတင်နေချိန် ပြည့်မြတ်ကျော်စွာသည် အနီးအနားသို့ရောက်လာခဲ့၏။ ပြည့်မြတ်ကျော်စွာသည် ပန်းပင်ရေလောင်းနေသော စိုင်းဆိုင်းအေဖကို ခုံပေါ်မှထိုင်၍ အသေအချာကြည့်၍နေသည်။

မကြာလိုက်ပါပေ စိုင်းဆိုင်အေဖ၏ သူငယ်ချင်းဖြစ်သူ မင်းခန့်သည် ခြံထဲသို့ရုတ်တရက်ကြီးဝင်လာလေ၏။ စိုင်းဆိုင်အေဖ၏ သူငယ်ချင်းကို ပြည့်မြတ်ကျော်စွာ မြင်ဖူးသလိုလိုတော့ရှိနေ၏။ မည်သည်နေရာတွင် မြင်ဖူးသနည်းကို သူကိုယ်တိုင်မသိပါပေ။

"ဟျောင့်စိုင်းဆိုင်"

"ဟင်!"

စိုင်းဆိုင်အေဖသည် ပန်းပင်များကို ရေလောင်းနေလျက်ပင် သူ့၏သူငယ်ချင်းဖြစ်သူ မင်းခန့်ဆီသို့ ကြည့်လိုက်လေ၏။

"ငါ့တို့ ညနေကျ မုန့်သွားဝယ်စားကြမယ်"

"ဟင် ထူးထူးဆန်းဆန်း နှာခေါင်းချေးစေးတဲ့သူကဝယ်ကျွေးမယ်"////(ကပ်စီးနည်းက ဝယ်ကျွေးမယ်)

"ငါနှာခေါင်းချေးစေးတာက နည်းနည်း မင်းစေးတာက ပိုများတာ"

"မင်းဝယ်ကျွေးမယ်မလား?"

မင်းခန့်ခေါင်းညိတ်၏။ မင်းခန့်လို ကပ်စီးနည်းသော သူတစ်ယောက်သည် မုန့်ဝယ်ကျွေးမည်ဆိုတော့ စိုင်းဆိုင်အေဖ သိပ်တော့ယုံချင်စဖွယ်မရှိ။ မင်းခန့်သည် ကော့သောင်းသားပီပီ စကားကိုတော့ လိမ်မပြောတတ်ပါပေ။

"အေ အဲမှာထားအုံး၊ နေအေးနပ်ကြရာဆိုဝါ ဟိုဇာ စျေးကြီးမှာလေ အိုးပိန်သုတ်ဆိုင်မှာ လူတွေ ဖြဲဖြဲစင်နေဘိရယ်" ////(အဲဒါနဲ့လေ ညနေကျဆို စျေးကြီးမှာ အိုးပိန်အသုတ်ဆိုင်မှာ လူတွေအများကြီးပဲ)

"အယ်ပဲ့လား"////(တကယ်လား?)

"အယ်ပဲပေါ့ဟန့်"////(တကယ်ပေါ့ဟဲ့)

ထိုစဥ်စကားဝိုင်းထဲသို့ သူတို့ပြောတာနားမလည်သော ပြည့်မြတ်ကျော်စွာက ဝင်ရောက်လာခဲ့၏။
ပြည့်မြတ်ကျော်စွာသည် သူတို့ပြောသောစကားကို သိပ်တော့နားမလည်ပေ။ သို့သော် ထိုစကားသည် ချစ်ဖို့ကောင်းသည်ဟုထင်မိ၏။

ဟင်္သာ ဒိုင်ယာရီ (ပထမအတွဲ) (Complete)Donde viven las historias. Descúbrelo ahora